သျှစ်သောင်းပုထိုးတော်မှ ဣသိသိင်္ဂ ရုပ်တု ဇာတ်ကြောင်း၊

သျှစ်သောင်းပုထိုးတော်မှ ဣသိသိင်္ဂ ရုပ်တု ဇာတ်ကြောင်း၊ ••••••••••••••••••••••••••••••• ၅၅၀ ဇာတ်တော်၊ ပဏ္ဏာသနိပါတ် နိလိနိကာဇာတ်လာ လူတို့၏အရေအတွက်အားဖြင့် တာဝတိံသာနတ်သက် သုံးကုဋေခြောက်သန်းပြည့်လုလုအချိန် နတ်တို့ထုံးစံ လက်ကတီးကြားမှ ချွေးယိုစီးခြင်း ၊နတ်ဝတ်တန်ဆာတို့ မှိန်ညှိုးခြင်းဖြင့် တန်ခိုးအင်အားနည်းလာချိန်...... ဟိမဝန္တာတောင်ခြေတစ်နေရာမှာ တရားကျင့်နေသော ရသေ့ကလေး ဣသိသိင်္ဂ၏ အကျင့်သည်ပြင်းထန်လွန်းလှပေသည် ။ ဤရသေ့ ကလေးသာမက သူ၏ဖခင် ကဿပရသေ့ကြီးရှိစဉ်ကပင် သူတို့၏သီလကြောင့် နတ်ကောင်းနတ်မြတ်များက တောရဲတိရိစ္ဆာန် အန္တရာယ်မျိုးစုံတို့မဆိုက်ရောက်စေရန် ကာကွယ်စောင့်ရှောက်ရပေသည် ။ ဖခင်ဖြစ်သူရသေ့ကြီးမှာလည်း လောကီကိုစွန့်ခွာပြီး ဤနေရာသို့တောထွက်ကာရသေ့ ရဟန်း ဝတ်လာခဲ့သူဖြစ်ပါတယ်။ သို့ရာတွင် ရသေ့ကြီး၏ ကျင်ငယ်ရည်အားသောက်မိသော သမင်မမှ မွေးဖွားလာရသည့် ဣသိသိင်္ဂရသေ့ငယ်ဟာ လူ့လောကီအငွေ့အသက်တို့မှလည်းကင်းစင်လှသည့်အပြင်လူသားဟူ၍ဖခင်ရသေ့ကြီးကလွဲပြီး မိန်းမသားဟူ၍ မြင်ဖူးသူမဟုတ်ပါ ။ သို့ဖြစ်၍ ပြင်းထန်ခြိုးခြံလွန်းသော အကျင့်ကြောင့် သိကြားမင်းရဲ့နေရာကိုလုယူမည့်သူဟု သိကြားမင်းက ထင်မြင်မိပေသည်။ (ထိုအချိန်က သောတာပန်...