ကျွန်းတွင်ဇမ္ဗူ ၊ လူတွင် မြန်မာ ဟု သမိုင်းမှား လင်္ကါမှား ရိုက်ခတ်ခြင်း။ (ကျွန်းတွင်ဇမ္ဗူ ၊ လူတွင် ရခိုင်ပဲ ရှိတယ်)

ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ ပြည်နယ်ဖြစ်စဉ်သမိုင်း ပထမတွဲ သမိုင်းကဏ္ဍစာအုပ် (ကန့်သတ်) အခန်း (၂) ပထမစာမျက်နှာ အောက်ဆုံးပိုဒ်တွင်- ...ဗုဒ္ဓဝင်အလင်္ကာ၌ ရခိုင်ကို "ကျွန်းတွင်ဇမ္ဗူ ၊ လူတွင်ရက္ခိုင်၊ ကြိုင်ဘိသတင်း၊ ကင်းသည့်အပြစ် ၊ ချစ်သည့်အမျိုး၊ ကြိုးသည်လုံးလ၊ မြတ်စာဂနှင့်၊ နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူရာ တောင်း ပြည့်အံ့တည်း" ဟုရေးသားဖော်ပြထားပြီးဖြစ်သည်။ မှုလရှိနှင့်ပြီးသော အလင်္ကာအား မြန်မာဘာသာပြန်ဆိုပြီးအောက်ပါအတိုင်း ရေးသားဖော်ပြထားသည်မှာ အကျဉ်းတန်လှပြီး၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုတစ်ရပ်အား လျစ်လျူပြုသည့်သဘောသက်ရောက်လျက်ရှိသည်။ ပြင်ဆင်ပြောင်းလဲဖော်ပြထားသော် ဗမာရာစုသစ် အလင်္ကာမှာ အောက်ပါအတိုင်းဖြစ်သည်။ " ကျွန်းတွင်ဇမ္ဗူ ၊ လူတွင်မြန်မာ၊ သာသည့်သတင်း၊ ကင်းသည့်အပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊ မြတ်စာဂ..." ဤအကြောင်းအရာသည်အမှန်ဖြစ်ခဲ့ပါမှု၊ "#ရခိုင်ပြည်နယ်ဆိုင်ရာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့" အနေဖြင့် အချက်အလက်များခိုင်လုံစွာစုဆောင်းကာ၊ အလင်္ကာ၏ မူလအဓိပ္ပါယ်ပျောက်အောက် တခြားအဓိပ္ပါယ်တစ်မျိုးပြောင်းလဲရေးသားဖော်ပြချက်အား အရေးတ...