Posts

Showing posts with the label အဖရခိုင်ပြည်လော အမိရခိုင်ပြည်လော "

အဖရခိုင်ပြည်လော အမိရခိုင်ပြည်လော

Image
" အဖရခိုင်ပြည်လော အမိရခိုင်ပြည်လော " မင်းပြား မင်းသိန်းဇံ  တစ်လောက သဇင်ပန်းခိုင်ဂျာနယ်တွင် ကလောင်ရှင်တစ်ဦးက ရခိုင်ပြည်ကို ခေါ်တွင်ရခြင်းနှင့်ပတ်သက်၍ (အမိရခိုင်ပြည်) ဟုခေါ်သင့်ကြောင်း သဘောထားအမြင်တစ်ရပ်ကို တင်ပြသွားခဲ့ပါသည်။  ထိုကလောင်ရှင်က လူတို့၌ မိဘနှစ်ပါးရှိကြရာတွင် ဖခင်ထက် မိခင်ကသာလျှင် အဓိကကျကြောင်း ကမ္ဘာ့နိုင်ငံအားလုံးလိုလိုတွင် မိခင်၏ဂုဏ်ကျေးဇူး၊ မိခင်၏ကြင်နာယုယမှု၊ ထွေးပိုက်မှု၊ သည်းခံခွင့်လွှတ်မှု၊ နို့ချိုတိုက်  ကျွေးမွေးပြုစုမှုနှင့် နှိုင်းယှဥ်ကာ (အမိမြေ) (အမိနိုင်ငံ) ဟုသာလျှင် သုံးနှုန်းသင့်ကြောင်း ဖခင်၏ဂုဏ်ကျေးဇူးနှင့် ထပ်တူပြုသောနိုင်ငံမှာ ကမ္ဘာပေါ်၌ (၃) နိုင်ငံ (၄) နိုင်ငံလောက်သာရှိကြောင်း ဆိုလေသည်။  ထိုကလောင်ရှင်၏ဆန္ဒမှာ ရခိုင်ပြည်ကို အဖရခိုင်ပြည်ဟု မခေါ်သင့်ပဲ အမိရခိုင်ပြည်ဟူ၍သာ ပြောင်းလဲခေါ်ဆိုသင့်ကြောင်း အဆိုတစ်ရပ်ကို တင်ပြခြင်းဖြစ်လေသည်။  လူမှုလောကနယ်ပယ်၌ ဖခင်ထက် မိခင်၏ကျေးဇူး တရားကြီးလှသည်ကို သိမြင်နိုင်ကြသော်လည်း ရခိုင်သမိုင်းဖြစ်စဥ်၌ ဤသို့မလာရှိသည်ကို အထူးသတိပြုသင့်ပါသည်။ ထိုကလောင်ရှင်မှာ ရခိုင်သမိုင်းကို အတွင်းကျကျ မသိမြင်၍ မှားမိမှားရာ...