Posts

Showing posts with the label သျှစ်သောင်း ပုထိုးတော်ကြီး

သျှစ်သောင်း ပုထိုးတော်ကြီး

Image
သျှစ်သောင်းပုထိုးတော်ကြီး === === === === === မြောက်ဦးမြို့နန်းရာကုန်းမှ မြောက်ဘက်မိုင်ဝက်မျှအကွာတွင်တည်ရှိပါသည်။ ဖိုးခေါင်တောင်၏အနောက်ဘက်ခြမ်းကို ခါးလယ်မှ မြေညှိထားသောကုန်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုကုန်းအမြင့်အမှာ မြေညီပြင်မှ ပေ (၄၀)မျှ မြင့်ပါသည်။  ပုထိုးတော်ကြီး၏ အကျယ်အဝန်းမှာ အလျား (၁၆၀)ပေ၊ အနံ (၁၂၄)ပေ၊ ဉာဏ်တော်မှာ (၈၆)ပေ မြင့်ပါသည်။ မြောက်မှတောင်သို့ ကာရံထားသော တံတိုင်းအရှည်မှာ (၁၈၀)ပေ မြင့်ပါသည်။ အရှေ့မှအနောက်သို့ (၂၂၀)ပေ ရှည်လျားသော တံတိုင်းဖြင့်ကာရံထားပါသည်။ တောင်နှင့်မြောက် ဝဲယာတစ်ဘက်တစ်ချက်စီ၌ စေတီငယ်များကို အကွာအဝေးတူညီစွာ တည်ထားပါသည်။ ထိုစေတီများကြား၌ အမြင့် (၃)ပေခွဲကျော် ဗြက် (၃)ပေ ခန့်ရှိ မျက်နှာနှစ်ဘက်တွင် ကျောက်ဆစ်ရုပ်ကြွများပါသော ကျောက်ချပ်များရှိသည်။တောင်​ဘက်​ပတ်​လမ်းရှိ အရံ​စေတီငယ်​များကြား အတွင်းဘက်​မှမြင်​ရ​သော လက်​ရာများမှာ  _နတ်​သကြား ဧရာဝဏ်​ဆင်​စီး​နေဟန်​ _မဟာပိန္နဲနတ်​ ကေသရာဇာခြ​င်္သေ့ကိုစီး​နေဟန်​ _မဟာပညာ​ကျော်​အမတ်​ _မင်္ဟိသကနတ်​ကျွဲ _​မျောက်​မင်း _အဠာဝကဘီလူး _အနုဿနှင့်​သီဟရာဇာ (မနုသီဟ) _ဘီလူးပုံ _ကဋိကာရ မဟာဗြဟ္မာ...