Posts

Showing posts with the label နောက်ဆုံးဘုရင် မဟာသမ္မတရာဇာ (မြောက်ဦး နိဂုံး )

နောက်ဆုံးဘုရင် မဟာသမ္မတရာဇာ (မြောက်ဦး နိဂုံး )

Image
ဆောင်းဒီဇင်္ဘာကို ရောက်ပြန်ပြီ လလည်းကွယ်  ပြည်လဲဆုံး  သမိုင်းတကွေ့၏   အကျည်းအတန် မြို့မြောက်ဦး၏ နိဂုံး    နောက်ဆုံးဘုရင် မဟာသမ္မတရာဇာ (မြောက်ဦး နိဂုံး ) ဓမ္မရဇ်ရာဇာမင်းလွန်လျှင် ထိုမင်၏ တူမတော်လင်ဖြစ်သော လက်ဝဲမြန်သတိုးအောင်ကို ပြည်သူအပေါင်းနှင့် မှူးမတ်တို့ ညီညွတ်ကာ နန်းအပ်ကြလေသည်။ မိဖုရားစောမယ်ပုံနှင့် ဘိသိက်ခံ၍ (၁၇၈၂) ခု (၁၄၄၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်)တွင် ရွှေနန်းတက်၏။ မဟာသမ္မတဘွဲ့ကို ခံယူ၍ တံဆိပ်ကို မဟာ သမ္မတ မင်းတရားဟု ခတ်နှိပ်သည်။ လက်ဝဲမြန်ကုလားဖြူ၊ လက်ယာမြန်မောင်ထွေးနှင့် မှူးမတ်တို့အား အဆောင်အယောင် ထီးစလွယ် သင်း ကျပ်တို့ကို ပေးသနား၏။ ငါးဇင်ရိုင်းချောင်းတွင် ငသံတွေသည် သောင်းကျန်းလာပြန်၍ မဟာသမ္မတရာဇာ ချီတက်လေလျှင် ထွက်းပြေးရလေသည်။ နောက်တွင် သစ္စာ၀င်ခံလာ၍ ငသံတွေအား ကုလားတန်စား ပေး အပ်၏။ တစ်ဖန် ကုလားတန်မှရသော ဘဏ္ဍာတို့ကို သိမ်းယူပြီး ဘုရင်အား ထောင်ထား၏။ ဓါးပိုင်ကြီး ငသံတွေဟု နာမည်ကြီးလေသည်။ ဓမ္မရဇ်ရာဇာ၏သားတော် လက်ဝဲမြန်ကုလားဖြူသည် သမ္မတရာဇာမင်းတရားကို မခစားလိုသောကြောင့် မြို့တော်မှထွက်သွားပြီး ပိန်းနဲချောင်းမှ ပုန်ကန်နေသော ကောင်းညွန့်ရန်တိုင်...