Posts

Showing posts with the label ရခိုင်သား ဝေါဟာရကို နားမလည်သောကျစွာမင်း

ရခိုင်သား ဝေါဟာရ ကိုနားမလည်သောကျစွာမင်း

Image
ရခိုင်သားဝေါဟာရကိုနားမလည်သောကျစွာမင်း             ရခိုင်သားတို့သည် ရှေးပဝေသဏီ ကပင်လျှင် ဝေါဟာရ စကါးလုံး အသုံးအနှုံး အလွန် တော်တတ်သော ကြွယ်ဝသော လူမျိုးများ ဖြစ်လေသည်။ လူတယောက်၏ ကေါင်းမှု မကေါင်းမှု အပေါ် မူတည်၍ သေဆုံးသည်ကို ပြောဆိုရာတွင် အလွန်ထိရောက်လှသည်။ သေသူသည် မည်သည့် အတွက်ကြောင့် သေသည်ကို ရုပ်လုံးပေါ်အောင် ကွက်ကွက် ကွင်းကွင်း မြင်အောင် ပြောနိုင်ပေသည်။ ဥပမာ။ စန့်သည်၊ လစန့်ကြောင်သည်၊ ပြောသည်နှင့် လူဆိုး သူခိုး အယုတ် သေသည်ဟု လူအများ အလွယ်တကူ နားလည်ကြလေသည်။         ထို့ပြင် မသာဖြစ်သည်၊ လုပ်တိုင်းသွားသည်၊ အသုဘဖြစ်သည်၊ အနိစ္စဖြစ်သည်၊ သဂြို င်္ သည်၊ မြေမြုပ်သည်၊ ခတ်နှင့်ပစ်သည်၊ ၀ဲပစ်သည်၊ မြုတ်နင်းပစ်သည်၊ တွင်းမှာထည့်သည်၊ တွင်းလုသည်၊ တွင်းမှာနင်းသည်၊ တွင်းဆုံးကျသည်၊ သေနိစေ့သည်၊ ကံကုန်သည်၊ မပြန်ခရီး သွားသည်၊ အစိမ်းသေသည်၊ အသတ်ခံရသည်၊ နတ်ရွာစံသည်၊ ပျံလွန်သည်၊ စုတေ့သည် စသည်ဖြင့် သေသူ၏ လုပ်ကိုင်ခဲ့သော အလုပ်အကိုင် နှင့် သေပုံသေနည်း၏ ဘ၀အပေါ်တွင် မူတည်၍ သေဆုံးခြင်းကို ပြောဆိုလေ့ရှိသည်။     ...