Posts

Showing posts with the label အမျိုးသမီး စာဆိုရှင် ရှင်နှောင်း၏ ရခိုင်နန်းတော်ကို ဖွဲ့ဆို ရေးသားထားခဲ့သော ရတု( ၃ )ပိုဒ်

အမျိုးသမီး စာဆိုရှင် ရှင်နှောင်း၏ ရခိုင်နန်းတော်ကို ဖွဲ့ဆို ရေးသားထားခဲ့သော ရတု( ၃ )ပိုဒ်

Image
ရခိုင်နန်းတော်ကို ရောက်ရှိခဲ့သော ပဲခူးသူ ဟံသာဝတီနန်တော်မှ အမျိုးသမီး စာဆိုရှင် ရှင်နှောင်း၏ ရခိုင်နန်းတော်ကို ဖွဲ့ဆို ရေးသားထားခဲ့သော ရတု( ၃ )ပိုဒ် ~~~~~~~~~~~~~~~~~~~ ရခိုင်သက္ကရာဇ် ၉၅၅-ခုနှစ် ဝါဆိုလဆန်း( ၆ )ရက် တနင်္ဂနွေနေ့တွင် မင်းရာဇာကြီး၏ ခမည်တော် မင်းဖလောင်း နတ်ရွာစံ၍ သားတော်မင်းရာဇာကြီး နန်းတက်တော်မူပြီးလျှင် ရခိုင်သက္ကရာဇ် ၉၆၁-ခုနှစ်တွင် မြောက်ဦးရွှေနန်းတော်သို့ ရောက်ရှိလာခဲ့သည် ပဲခူးသူ  ဟံသာဝတီ ပဲခူးဘုရင် သို့မ ဟုတ် ငါးမည်ရ နန္ဒဘုရင်၏ သမီးတော် ရှင်နှောင်း သို့မ ဟုတ် ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဘဂိုးဖြူမိဖုရား သို့မဟုတ် တန်ဆောင်မိဖုရား ဖွဲ့ဆိုရေးသားထားသော မြောက်ဦးရွှေနန်းတော်၏ ရတု( ၃ )ပိုဒ် ဖြစ်သည်၊ ရှင်နှောင်းသည် ရခိုင်ထီးဟန် နန်းဟန်ကို သဘောပေါက်နားလည်လာ၍ မြောက်ဦးရွှေနန်းတော်၏ တည်ရှိနေပုံကို မိမိ၏ခံစားချက်ဖြင့် တွေ့မြင်ရသော နှလုံးသားမှ ပုံရိပ်လွှာဖြင့် ပိုဒ်စုံရတု( ၃ )ပိုဒ်ကို ဖန်တီး၍ ထူးခြားစွာ ရေးဖွဲ့နိုင်ခဲ့သည်၊ ရတု( ၃ )ပိုဒ်တွင် ပထမပိုဒ်သည် မြောက်ဦး ရွှေနန်းတော်၏ တည်ရှိနေပုံကို ရေးဖွဲ့ထားသည်၊ မြောက်ဦးရွှေနန်းသည် တောင်ကုန်းတစ်ခုကို အခြေ ခံ၍ တည်ဆောက်ထားသည်၊ ဗဟိုနန်းမသည် ခေ...