ပုဂံရောက် ရခိုင်စာ အရေးအသား

(ပုဂံရောက် ရခိုင်စာ အရေးအသား ) ပုဂံပြည်ရောက် လင်္ကျာမင်းနန်နှင့် နောက်လိုက်တို့မှာ ဗုဒ္ဓဝါဒနှင့် စာပေကို မပြတ် လေ့လာ ဆည်းပူး ကြမည်မှာ မလွဲပေ။ ရခိုင်တို့၏ စာပေ ယှဉ်ကျေးမှု အလေ့အထ ဗုဒ္ဓဘာသာ ကိုးကွယ်မှု တို့ကို ပုဂံသားတို့ မုချတွေ့မြင် ကြရမည် ဖြစ်သည်။ အနော်ရထာမင်းသည် သထုံမှ ရှင်အာရဟံ ပုဂံသို့ မရောက်မှီ ကတဲကိုက ရခိုင်သို့ စစ်ချီဖူးလေရာ ရခိုင်သားတို့ ကိုးကွယ်သော ဗုဒ္ဓဘာသာနှင့် မိမိတို့ ကိုးကွယ်သော ကာမကို အလျှူခံသော အရည်းကြီး ဗုဒ္ဓ သာသနာ တို့၏ ကွဲပြား ခြားနားမှုကို တွေ့ခဲ့ရမည်ဖြစ်သည်။ ပုဂံခေတ်တွင် ပုဂံနှင့် မဇ္စျိမဒေသ သည် ကူးလူး ဆက်ဆံမှု မရှိသည့် အတွက် စာပေရေးသားရာ၌ မြောက်ပိုင်း ဗြာဟ္မီ အက္ခရာ အစား ပျူစာကိုသာလျှင် အဓိက ရေးသားသုံးစွဲ ကြလေသည်။ ထို့ပြင် ပျူခေတ်နှင့် ပုဂံ ခေတ်တွင် ရေးထိုးထားသော ကျောက်စာများမှာ ရခိုင်ပြည်ရှိ ကျောက်စာများထက် နောက်ကျ ကြောင်း ပညာရှင်များ လက်ခံထားကြသည်။ ဤနေရာတွင် တခုသတိ ထားသင့် သည်မှာ မွန်ထက် ဗမာသည် ယှဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုမှာ စောနေခြင်းပင် ဖြစ်ပါသည်။ ပုဂံသားတို့သည် ယှဉ်ကျေးမှု မြင့်မားသော ရခိုင်တို့၏ စာပေ ယှဉ်ကျေးမှု အတတ် ပညာကို အတုယူ၍ စာပေရ...