ရခိုင်ဆရာတော် အသျှင်သာရမေဓာ မထေရ်မြတ်

ရခိုင်ဆရာတော် အသျှင်သာရမေဓာ မထေရ်မြတ် =========================== ******************************************* အသျှင် သာရမေဓာ ဆရာတော်ကြီးသည် တိုင်းပြည်သုံးခုမှ မင်းသုံးပါးတို့၏ ဘွဲ့တော်များ ဆက်ကပ်ခံရသော အသျှင်သူမြတ်တစ်ပါးဖြစ်သည်။ ဘွဲ့တော်ဆက်ကပ်သောမင်းသုံးမင်းများ နှင့် ဆက် ကပ်ခံရသော ဘွဲ့တံတော်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ အင်္ဂလိပ်အစိုးရမင်း ဆက်ကပ်သော (သာရမေဓာလင်္ကာရာဘိတိသာသနာ့ဓရ မဟာဓမ္မ ရာဇာဓိရာဇာဂုရု) ဘွဲ့တံဆိပ်တော် --------------- ဗြိတိသျှအစိုးရမင်းသည် ကောဇာသက္ကရာဇ် (၁၂၀၈)ခု၊ ( 1846 A D) ခုနှစ်တွင် သာရမေဓာမထေရ်မြတ်အား သီလ၊သမာဓိ၊ ပညာနှင့် ပြည့်စုံပြီး၊ မြတ်ဗုဒ္ဓသာသနာတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်ရာ၌ သူမတူအောင် ဇွဲ၊လုံလ ၊ဝိရိယ တို့ဖြင့် ကြိုးပမ်းဆောင်ရွက်တော်မူနိုင်သည့်အတွက် ( သာရမေဓာလင်္ကာရာဘိတိသာသနာ့ဓရ မဟာဓမ္မရာဇာဓိရာဇာဂုရု) ဟူသော ဘွဲ့တံဆိပ်တော်ကို သက်တော် (၄၅) ၊ ဝါတော်(၂၅) ဝါမြောက်တွင် ပထမအကြိမ် ဆက်ကပ်ခြင်း ခံရသည်။( ပုံ-၁) ...