မြန်မာကြီး - မြန်မာငယ် ပေစာသက်သေ
မြန်မာကြီး - မြန်မာငယ် ပေစာသက်သေ _____________________________ ခေတ်ဗမာသမိုင်းရှင်များသည် ဗမာဟူသည် ပျူကဆင်းသက် လာကြောင်း ၊ သာကီဝင်များဖြစ်ကြောင်း ၊ ဘုရားနှင့်လည်း အမျိုးတော် ကြောင်း စာရေးချက်တို့ တွေ့ရှိရသည်။ နောက်ပြီးသူတို့များသည် မြန်မာ လူမျိုးများဖြစ်သည်ဟုလည်း စာပေတွင် သုံးစွဲလာခဲ့ကြသည်။ အယင်ဆုံးမြန်မာ(၇)မျိုးကို သိထားသင့်ပေသည်။ အဆိုပါ မြန်မာ (၇)မျိုးဟူသည်ကား ´´ သက်နှင့်ရခိုင် ၊ နှိုင်းပြိုင်တောင်သူ ၊ ပျူ-ကမ်းယံ ယော ၊ ထားဝယ်နှောက ၊ သတ္တမြန်မာ ကျမ်းတွင်လာ၏ `` ဟု သမိုင်း စာပေများတွင် တွေ့ရှိရလေသည်။ ဤမြန်မာခုနှစ်မျိုးတွင် အဘယ်က မြန်မာကြီး အဘယ်ကမြန်မာဆိုသည် ကို သိထားသင့်ပေသည်။ ၁၂၄၉ - ခုနှစ်က ရေးကူးခဲ့သော ´´ ရွှေဆံတော်သမိုင်း ပေမူ `` တွင် ဤသို့ဖော်ပြထားပေသည်။ [ ဗေ - ကြော] ကြောင်းရေ (၄ - ၁၀) ´´(၄)ခမည်းတော်အဘိရာဇာမင်း နတ်ပြည်ပြော်တော်မူ၏။ ဝါ။ နတ် ရွာစံတော်မူ၏။ အိမ်ရှေဖြစ်သော ကံရာဇာ (၅)ကြီးသည် ဤသို့အကြံဖြစ်၏။ ငါ၏ခမည်းတော်လည်း နတ်ရွာစံတော်မူပြီ။ မယ်တော်လည်း နတ်ရွာစံပြီ။ ညီတော်အငယ်ကို။ ငါပြုပြင်မှ ဖြ...