Posts

Showing posts with the label Who is Real Myanmar ? မြန်​မာ အစစ်က ဘယ်သူ

Who is Real Myanmar ? မြန်​မာ အစစ်က ဘယ်သူ

Image
(( Who is Real Myanmar? )) မြန်​မာ အစစ်က ဘယ်သူလဲ့ °°°°°°°°°°°°°°°°°°°°° “မည်သည့်အရပ်ကမြန်မာတို့ကို ညွှန်းဆိုသနည်း”၊ “မည်သူတို့သည် မိမိတို့ကိုမိမိတို့ မြန်မာဟုသတ်မှတ် ခဲ့ကြသနည်း” ဟူသောမေးခွန်းနှစ်ခုဖြစ်သည်။ မည့်အရပ်ကမြန်မာတို့ကို ညွှန်းဆိုသနည်းဆိုသော် မြန်မာနိုင်ငံအနောက်ဘက်ဒေသ၊ ရှေးအခေါ် ရက္ခပူ ရတိုင်း(ယခု ရခိုင်ပြည်နယ်)ရှိ မင်းနှင့်ပြည်သူတို့ကို ရည်ညွှန်းပြောဆိုပါသည်။ ထိုဒေသ ထိုနေရာသို့ ယခင် ရှေးနှစ်ပေါင်းများစွာက မြန်မာတို့အခြေချနေထိုင်ခဲ့ သည်ကတော့ အမှန်။အမှန်ဖြစ်ကြောင်းကိုလည်း ပထမဆုံး ရခိုင်ရာဇ၀င်မှတ်တမ်းများတွင်ဖော်ပြထား ခဲ့သည်။ ထိုစဉ်က ရက္ခပူရတိုင်းမင်းနှင့် ပြည်သူတို့သည် မိမိကိုယ်မိမိ “မြန်မာ”ဟု ရည်ညွှန်းခေါ်ဆိုကြောင်းကို သက်၊ ပျူ၊ တလိုင်း၊ ဒိုင်းနက် စသည့်လူမျိုးအမည်များ ကွဲပြားစွာမှတ်တမ်းတင်ခဲ့သည့် *ဒွါရာဝတီမြို့သာသနာ ပြုဆရာတော်ဘုရား ၀ိသာရာဘိသီရိပ၀ရ အဂ္ဂမဟာ ဓမ္မရာဇာဓိ ရာဇဂုရု* ရေးသားစီရင်အပ်သော *ဓည၀တီ အရေးတော်ပုံကျမ်း*တွင် ဖော်ပြမှတ်တမ်းတင်ခဲ့သည်။ *အေဒီ (၁၂၄၆-၁၂၅၀)ခု၊ ငနုလုံမင်းလက်ထက်တွင် ကုလားနှင့်သက်တို့ပေါင်းဖက်ဆိုးသွမ်း၍ ပြည်စိုးကြီး ဓမ္မဇေယျနှင့် ရဲမက်ငါးသောင်း စေ...