" အောက်သား " စကားလုံး ရှင်းတမ်း။

" အောက်သား " စကားလုံး ရှင်းတမ်း။ *️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣ အောက်သား ဆိုတဲ့ စကားလုံးသည် အရပ်ဒေသကို ခေါ်ဆိုကြောင်း ဦးစွာ ပြောလိုပါသည်။ အခုနောက်ပိုင်း ဗမာသမိုင်း Post တင်သူများနှင့် လေ့လာသူတွေဟာ ပျူ နဲ့ ဗမာ အတူတူ လုပ်ချင်တာနဲ့ ရခိုင်သမိုင်းတွေမှာ ပျူအောက်သား ဆိုတဲ့ စကား အသုံးအနှုန်းကို ကိုင်ပြောလာကြတာတွေ တွေ့နေရပါတယ်။ ရခိုင်သမိုင်းစာအုပ်တွေမှာလဲ့ ပျူအောက်သား ဟုခေါ်ဆို့ပြီး လက်ရှိ ရခိုင်တွေကလည်း ဗမာတွေကို အောက်သား ဟု ခေါ်ဆိုကြောင်း ဒါဟာ ပျူနဲ့ ဗမာ အတူတူ ဖြစ်ကြောင်း ပြောနေတာပဲဟု စသဖြင့် ပြောဆိုလာတာတွေ ရှိလာကြပါတယ်။ တကယ်တော့ "အောက်သား" ဆိုတဲ့ စကားလုံးဟာ အရပ်ဒေသကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါကို ဗမာတွေလဲ့ သိပြီးသားပါ။ သီချင်းတွေလည်း ရှိပါသေးတယ်။ 🎶 အောက်ပြည်🎵 အောက်ရွာ ဆိုတာ🎶🎵 လူညာတွေ🎶 ပေါးပါသတဲ့။ 🎶🎵 စသဖြင့်ပေါ့။ ဗမာတွေကိုယ်တိုင်ကလည်း ဗမာအချင်းချင်းတောင် အောက်ပြည်က စသဖြင့် ပြောဆိုနေကြတာတွေလည်း ရှိနေကြပါသေးတယ်။ ဆိုလိုချင်တာက မြန်မာနိုင်ငံ အောက်ပိုင်းတို့ ပုဂံဒေသတို့ စသည့်အရပ်ဒေသက လူတွေကို အောက်သားဟု ခေါ်ဆိုတာပဲ။ တချိန်က ပျူ လူမျိုးလို့ခေါ်တဲ့ လူမျိုးတွေ အ...