" အောက်သား " စကားလုံး ရှင်းတမ်း။

" အောက်သား " စကားလုံး ရှင်းတမ်း။ *️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣


အောက်သား ဆိုတဲ့ စကားလုံးသည် အရပ်ဒေသကို ခေါ်ဆိုကြောင်း ဦးစွာ ပြောလိုပါသည်။ 

အခုနောက်ပိုင်း ဗမာသမိုင်း Post တင်သူများနှင့် လေ့လာသူတွေဟာ
 ပျူ နဲ့ ဗမာ အတူတူ လုပ်ချင်တာနဲ့ ရခိုင်သမိုင်းတွေမှာ ပျူအောက်သား ဆိုတဲ့ စကား အသုံးအနှုန်းကို ကိုင်ပြောလာကြတာတွေ တွေ့နေရပါတယ်။ 
ရခိုင်သမိုင်းစာအုပ်တွေမှာလဲ့ ပျူအောက်သား ဟုခေါ်ဆို့ပြီး လက်ရှိ ရခိုင်တွေကလည်း ဗမာတွေကို အောက်သား ဟု ခေါ်ဆိုကြောင်း ဒါဟာ ပျူနဲ့ ဗမာ အတူတူ ဖြစ်ကြောင်း ပြောနေတာပဲဟု စသဖြင့် ပြောဆိုလာတာတွေ ရှိလာကြပါတယ်။ 

တကယ်တော့ "အောက်သား" ဆိုတဲ့ စကားလုံးဟာ အရပ်ဒေသကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါကို ဗမာတွေလဲ့ သိပြီးသားပါ။ သီချင်းတွေလည်း ရှိပါသေးတယ်။ 🎶 အောက်ပြည်🎵 အောက်ရွာ ဆိုတာ🎶🎵 လူညာတွေ🎶 ပေါးပါသတဲ့။ 🎶🎵 
စသဖြင့်ပေါ့။ ဗမာတွေကိုယ်တိုင်ကလည်း ဗမာအချင်းချင်းတောင် အောက်ပြည်က စသဖြင့် ​ပြောဆိုနေကြတာတွေလည်း ရှိနေကြပါသေးတယ်။ 
ဆိုလိုချင်တာက မြန်မာနိုင်ငံ အောက်ပိုင်းတို့ ပုဂံဒေသတို့ စသည့်အရပ်ဒေသက လူတွေကို အောက်သားဟု ခေါ်ဆိုတာပဲ။ တချိန်က ပျူ လူမျိုးလို့ခေါ်တဲ့ လူမျိုးတွေ အခြေချနေထိုင်ခဲ့ကြတော့ သူတို့ကို ပျူအောက်သား ဟု ခေါ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ 
ပြီးတော့ အဲ့ အရပ်ဒေသကို လက်ရှိ ဗမာ ဆိုတဲ့ လူမျိုးက အစားထိုးဝင်လာတော့ ဗမာအောက်သား ၊ တနည်း အတိုချုပ်အားဖြင့်  အောက်သား ဟု ခေါ်တာပါပဲ။
ဒါကို နားမလည်ပဲ ပျူ နဲ့ ဗမာ အတူတူလုပ်ချင်တာနဲ့ ရခိုင်တွေပြောတဲ့ အောက်သားဆိုတဲ့ စကားလုံးကို ​ရောကြိတ်ပြီး ​ပြောဆိုနေလို့ မရပါဘူး။ 
အောက်သား ခေါ်တာ ရခိုင်တစ်ခုတည်း မဟုတ်ပါဘူး။ ဗမာအချင်းချင်းလဲ့ ခေါ်တယ်။ ရှမ်းနီ ၊ ယော စသည်တွေလဲ့ ခေါ်တာပါပဲ။ ဒါဟာ ၎င်းနေရာ ဒေသမှာ နေထိုင်သော လူမျိုးဖြစ်လို့ အရပ်ဒေသ ကိုယ်စားပြု ခေါ်တာပါပဲ။
ပျူနဲ့ ဗမာ  သွေးရောသွားတာ အများဆုံးပဲ ဆိုတာလက်ခံပါတယ်။ ဒါကို အတူတူပဲ သွားလုပ်လို့မရပါဘူး။ အမျိုးအစား မတူလို့လဲ့ သွေးရောသွားတယ် ရောစပ်တယ် 
စသဖြင့် ​ပြောတာပေါ့။ အမျိုးအစား တူနေမှတော့ ရောသွားတယ်။ ရောစပ်တယ် ဆိုတာ ဘယ်ပြောမှာလဲ့ ဒါကို သတိထား ဆင်ခြင်ဖို့ လိုပါတယ်။ အခုဆို မြန်မာနိုင်ငံမှာ ​ဗမာ နဲ့ တရုတ် အိမ်ထောင်ပြုနေကြတာတွေ ဗမာအကုန်လုံးပဲလို့တောင် ပြောလို့ရတဲ့ အဆင့်ဖြစ်နေတာ။ ၎င်း တို့ဆီက မွေးလာတဲ့ ကလေးက ဗမာနဲ့ တရုတ် အတူတူပဲ ဆိုလို့ ရနိုင်သလား။ 
ဒီသဘောတရားတွေကို နားမလည်ပဲ။ ကိုယ့်မှာ မရှိတဲ့အတွက် ပျူ ပစ္စည်းကို ဗမာပစ္စည်း လုပ်ချင်တာနဲ့ ပျူ နဲ့ ဗမာ အတူတူပဲဆိုပြီး မလုပ်ကြပါနဲ့။ 
သမိုင်းမှန် ဆိုတာ လိမ်မရပါ။ 


✍✍✍✍✍
Zaw Zaw (ရက္ခပူရတိုင်း)

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

မြို့မောင်တော မှ မဟာကျန်ဘုရား