Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစနြ္ဒ မင်း စတင်ခဲ့သော ခုနှစ်သက္ကရာဇ်ဖြစ်သည်။ တစ်နည်း အာနန္ဒစနြ္ဒမင်း နန်း တက် သည့် ခုနှစ် လည်းဖြစ်သည်။ ယင်းခေတ်တွင် အရှေ့ဘင်္ဂလားနယ်မြေဒေသသည် ရခိုင်ဝေသာလီ ပိုင်နက် နယ် မြေဖြစ်သည်။ ယင်းခေတ်ယင်းအချိန်က ဘင်္ဂလီများသည် ဘင်္ဂလားဒေသတွင် နိုင်ငံအဖြစ် အုပ်စိုးသော ဘင်္ဂလီမင်းတို့ မရှိပေ။ ထိုကြောင့် ယခုဘင်္ဂလားဒေသသုံး မာဂီစံ သက္ကရာဇ်သည်ဆိုမှာ ရခိုင်ဝေသာလီေ ခတ် သုံး သက္ကရာဇ်ဖြစ်သည်။ သို့မဟုတ် အာနန္ဒစနြ္ဒမင်း သက္ကရာဇ်ဖြစ်ေ ကြာင်း ပြောလိုပါသည်။ “မာဂီ စံ” သက္ကရာဇ်ဟူသည်မှာ ယနေ့အရှေ့ဘင်္ဂေါရှိဘင်္ဂလီများနှင့် အနောက်ဘင်္ဂေါး ဒေသရှိ လူမျိုးစုများသည် ရခိုင် လူမျိုးများကို Mog,Mogal, Marh မောဂ့်၊ မော်ဂဲလ်၊ မာဂ် ၊ ဟု ယနေ့တိုင်ခေါ်နေကြသည်ကိုတွေ့သည်။ ထိုကြောင့် မောဂ့်၊ မော်ဂဲလ်၊ မာဂ် ဟူ သော ဝေါဟာရသည် ရခိုင်လူမျိုးကို ခေါ်ဝေါ်သော အမ ည်ဖြ စ်ကာ "မာဂီစံ" ဟူသောဝေါဟာရစကားရပ် သည်လည်း ရခိုင် နှစ် (ဝါ) ရခိုင် သက္က ရာဇ်ကို ခေါ်ကြောင်း ပြောကြားလိုပါသည်။ “မာဂီစံ” ဟူသော ဝေါဟာရအနက်မှာ (မာဂီ=မော်ဂဲလ်၊ မာဂ်= ရခိုင်၊) စံ ဆိုသည်မှာ “သံ၀စ္ဆရာ=နှစ်” မှ အတိုကောက် (သံ) ကို ကုလားအသံဖြင့် ခေါ်ဆိုကြသောကြောင့် (စံ) ဖြစ်သွားခြင်းသာဖြစ်သည်။ အမှန်က "မာဂ်+သံ=ရခိုင်နှစ်=ရခိုင်သက္ကရာဇ်" စကားနှစ် လုံးကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ အနှစ်ချုပ်သော် “မာဂီစံ” ဟူသည်မှာ အထွေအထူးမဟုတ်ဘဲ ရ ခိုင်နှစ်၊ တစ်နည်း ရခိုင်ဝေသာလီခေတ်သုံးသက္ကရာဇ်ကို ခေါ်ဆိုပါကြောင်း၊ မြန်မာ-ဗမာကို အနောက်ဘင်္ဂလား နေ ဘင်္ဂလီကုလားများသည် “Barma=ဘရမား" ဟုသာခေါ်ကြပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ မာဂီစံ= ရခိုင်သက္ကရာဇ် အစ 638 ကို သိလိုပါက ဦးမောင်ဖြူ ရေးသားသော အာနန္ဒစနြ္ဒမင်းကျောက်စာ အောက်ဆုံးစာ ကြောင်း ရေ (၇၂-၇၃) ပါ နန်းစံနှစ်ကို ရေးသားထားသော ဆောင်းပါး အား ရှာဖွေဖတ်ရှုပါဟု ညွှန်းလိုပါသည်။ နောက်ဆုံးအနေဖြင့် ပြောလိုတာက လူမျိုးတစ်မျိုး၏ သမိုင်းအကြောင်းကို အခြားလူမျိုးတစ်ဦး ရေးမည်ဆိုပါက ထိုလူမျိုးများ၏ ဘာသာစကား ရိုးရာဓလေ့ စာပေယဉ်ကျေးမှုကို သေသေချာချာ ဂဃဏန မသိဘဲ ရေးလျှင် ယခုလို မှားတတ်သည့် သဘောရှိသည်ကို နားလည်ပေးလို့ရနိုင်ပေသည်။ ထိုကဲ့သို့မဟုတ်ဘဲ စာရေးသူသည် ထိုလူမျိုးကို စာပေဖြင့် နှိပ်ကွပ် ချိုးနှိမ် ချင်သောကြောင့် ရေးသားခြင်းသည် မလုပ်ကောင်းသော လုပ်ရပ်ဟု မေတ္တာဖြင့် အသိပေး ရေးသားတင်ပြလိုက်ရပါသည်။ အာနန္ဒစနြ္ဒ မင်းကျောက်စာ ဂါထာ(၂၆) ပါ (သမ်၀တ်သရာ- နှစ်)
•••••••••••
ဘင်္ဂလားဒေခ်ျ့ အမျိုးသားပြတိုက်မှ အိုး ======================= Chowdhury, Vasant, Harikela Coins; Some Wew Interpretation, India Museum Bulletin, Culcutta 1996 P 38-39 ကို ကိုးကားပြီးတော့ ဦးရွှေဇံ၏ ရခိုင်သမိုင်းခေတ်ကာလပိုင်းခြားမှု မြေကြီးသက်သေတည် စာအုပ် စာမျက်နှာ 35 တွင် ဒီအိုး၏ သက္ကရာဇ်ကို ဖေါ်ပြရာတွင် (ခရစ် 715 ) ရခိုင်သက္ကရာဇ် ၇၇ ဖြစ်နိုင်သည် ဆိုထားသည်။ အာနန္ဒစနြ္ဒမင်းကျောက်စာ အောက်ခြေမှာ ပါသော သက္ကရာဇ်ဟု ယူဆရသော ဧကဒဿမ=၁၁ ဂဏန်းကို ဆက်လက်သုံးစွဲလာသော သက္ကရာဇ်ဖြစ်နိုင်ကြောင်း သုံးသပ်မိသည်။
••••• မောင်ဖြူ(ကြွီတဲကျွန်း) 🌟━─━─━─━─━🌟━─━──━─━─━🌟 Zaw Zaw (ရက္ခပူရတိုင်း) Blogger.

Comments