ဝေသာလီခေတ် သံတွဲနယ်သည် ရခိုင်ပိုင်ဖြစ်ကြောင်း နီတိစန္ဒြမင်း မိဖုရာခေါင်ကြီး သာဝီတာစန္ဒြဒေ၀ီ ကျောက်စာ ၂ ချပ် သက်သေ

ဝေသာလီခေတ် သံတွဲနယ်သည် ရခိုင်ပိုင်ဖြစ်ကြောင်း နီတိစန္ဒြမင်း မိဖုရာခေါင်ကြီး သာဝီတာစန္ဒြဒေ၀ီ ကျောက်စာ ၂ ချပ် သက်သေ *************************************** သာဝီတာစန္ဒြဒေ၀ီ ဆိုသည်မှာ ရခိုင်ဝေသာလီပြည်ကို (အေဒီ 440-495) တွင် စိုးစံအုပ်ချုပ် မင်းလုပ် ခဲ့သော နီတိစန္ဒြမင်း၏ မိဖုရားခေါင်ကြီးဖြစ် ပါသည်။ လက်ဝဲဘက်ကျောက်စာသည် သံတွဲမှ အံတော်စေတီမှ တံတိုင်းမှ ရရှိသော သာဝီတာစန္ဒြဒေ၀ီ ကျောက်စာဖြစ်ပြီး၊ လက်ယာဘက်ကျောက်စာမင်ကူးသည် ဝေသာလီမြို့ဟောင်းမှ ရသော ကျောက်စာဖြစ် သည်။ အကျယ်ကိုသိလိုက ပုံများကိုထောက်၍ ဖတ်ပါ။ * နီတိစန္ဒြမင်းသည် နိုင်ငံရေး လူမှုရေးကျွမ်း ကျင် သောမင်းတစ်ပါသည့်အားလျော်စွာ တိုင်းပြည်၏ပြဿနာများကိုလည်း ရာဇပရိယာယ်သုံးကာ ဥာဏ်ပညာဖြင့် ဖြေရှင်းနိုင်သောမင်းတစ်ပါးလည်း ဖြစ်ပါသည်။ အရည်အချင်းပြည်ဝသော ထိုနီတိစန္ဒြမင်းသည် မင်းကျင့်တရားနှင့် အညီ ဝေသာလီတိုင်းပြည်၌ (၅၅) နှစ်တိုင် နန်းသက်ရှည်စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့သော မင်းတစ်ပါးလည်း ဖြစ်ပေသည်။ ဤ နီတိစနြ မင်းအမည်ကို အာနန္ဒစန္ဒြမင်းေ ကျာက်စာ ကြောင်းရေ (၂၆) ဂါထာအမှတ်(၂၈)တွင် ရေးထိုးပါ ရှိသည်ကိုတွေ့နိုင်ပါသည်။ (ပုံ-2) ** နီတိစန္ဒြမိဖုရား...