Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဝေသာလီခေတ် သံတွဲနယ်သည် ရခိုင်ပိုင်ဖြစ်ကြောင်း နီတိစန္ဒြမင်း မိဖုရာခေါင်ကြီး သာဝီတာစန္ဒြဒေ၀ီ ကျောက်စာ ၂ ချပ် သက်သေ

ဝေသာလီခေတ် သံတွဲနယ်သည် ရခိုင်ပိုင်ဖြစ်ကြောင်း နီတိစန္ဒြမင်း မိဖုရာခေါင်ကြီး သာဝီတာစန္ဒြဒေ၀ီ ကျောက်စာ ၂ ချပ် သက်သေ 

***************************************

သာဝီတာစန္ဒြဒေ၀ီ ဆိုသည်မှာ ရခိုင်ဝေသာလီပြည်ကို (အေဒီ 440-495) တွင် စိုးစံအုပ်ချုပ် မင်းလုပ် ခဲ့သော နီတိစန္ဒြမင်း၏ မိဖုရားခေါင်ကြီးဖြစ် ပါသည်။ လက်ဝဲဘက်ကျောက်စာသည် သံတွဲမှ အံတော်စေတီမှ တံတိုင်းမှ ရရှိသော သာဝီတာစန္ဒြဒေ၀ီ ကျောက်စာဖြစ်ပြီး၊ လက်ယာဘက်ကျောက်စာမင်ကူးသည် ဝေသာလီမြို့ဟောင်းမှ ရသော ကျောက်စာဖြစ် သည်။  
အကျယ်ကိုသိလိုက ပုံများကိုထောက်၍ ဖတ်ပါ။
*
နီတိစန္ဒြမင်းသည် နိုင်ငံရေး လူမှုရေးကျွမ်း ကျင် သောမင်းတစ်ပါသည့်အားလျော်စွာ တိုင်းပြည်၏ပြဿနာများကိုလည်း ရာဇပရိယာယ်သုံးကာ ဥာဏ်ပညာဖြင့် ဖြေရှင်းနိုင်သောမင်းတစ်ပါးလည်း ဖြစ်ပါသည်။ အရည်အချင်းပြည်ဝသော ထိုနီတိစန္ဒြမင်းသည် မင်းကျင့်တရားနှင့် အညီ ဝေသာလီတိုင်းပြည်၌ (၅၅) နှစ်တိုင် နန်းသက်ရှည်စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့သော မင်းတစ်ပါးလည်း ဖြစ်ပေသည်။ ဤ နီတိစနြ မင်းအမည်ကို အာနန္ဒစန္ဒြမင်းေ ကျာက်စာ ကြောင်းရေ (၂၆) ဂါထာအမှတ်(၂၈)တွင် ရေးထိုးပါ ရှိသည်ကိုတွေ့နိုင်ပါသည်။ (ပုံ-2)
**
နီတိစန္ဒြမိဖုရားသာဝီတာစန္ဒြဒေ၀ီကျောက်စာ။
****************************************
နီတိစန္ဒြမင်းမိဖုရားဖြစ်သော သာဝီတာစန္ဒြဒေ၀ီ၏ ပထမ ကောင်းမှုပြုလုပ်ခဲ့သော ဝေသာလီမှ ရသောကျောက်စာကို ယခု မြောက်ဦးပြတိုက်တွင် ထိန်းသိမ်းပြသထားပါသည်။ဤကျောက်စာသည် အလျား(၁၈)လက်မ၊အနံ၁၀လက်မ၊ အထူ ၆လက်မ ရှိပြီး စာကြောင်းရေ (၅)ကြောင်းပါရှိပါသည်။ ပထမစာကြောင်းနှစ်ကြောင်းသည် ယေဓမ္မာဂါထာကို ရေးထိုးထားခြင်းဖြစ်ပြီး တတိယမှ ပဉ္စမထိ စာကြောင်းသည် ကုသိုလ်ကောင်းမှုပြုသော အလှူရှင်အမည်နှင့် သူ၏ကုသိုလ်ကို အများသူငါ တရားအသိရစေခြင်းငှါ ပြုလုပ်သည်ကိုရေးထိုးထားသော စာလုံးများဖြစ်ပါသည်။ ပါဠိဘာသာတွင် သက္ကတအနည်းငယ်ရောနှောပါရှိသည်။ ဤဝေသာလီမြို့ဟောင်း ဥဏှသတတောင်ကျောက်စာတွင် အလှူရှင်အမည်ကို ရေးထိုးဖေါ်ပြရာ၌ သာဝီတာစန္ဒြဒေ၀ီမိဖုရားသည် သူ၏လင်တော်မောင် ဘုရင်ကြီး နီတိစန္ဒြ၏အမည်ကို သူ၏အမည်ရှေ့က ( နီတိစန္ဒြသျစန္ဒြ၀တ္ပဆီနာသျဒေ၀ီသာဝီတာစန္ဒြ=နီတိစန္ဒြမင်း၏ မိဖုရား သာဝီတာစန္ဒြဒေ၀ီ ) ဟု ဂုဏ်ယူစွာရေးထိုးဖေါ်ပြထားရှိသည် ကိုတွေ့ရသည်။ ပုံ-၃ရှုပါ။
***
ကျောက်စာ (ပုံ ၄) သည်လည်း  နီတိစန္ဒြမင်း မိဖုရား သာဝီတာစန္ဒြဒေ၀ီ ၏ ကုသိုလ်ကောင်းမှု ကျောက်စာ နောက်တစ်ချပ်ဖြစ်ပါသည်။ ဤကျောက်စာကို (20.11.1994) သံတွဲမြို့ အံတော်စေတီတော်ရင်ပြင်ကို သန့်ရှင်းရေးပြုလုပ်စဉ် စေတီတော်တံတိုင်းအနီးမှ ထိုမြို့ခံသား ဦးအေးသန်း တွေ့ရှိသော ကျောက်စာဖြစ်ပါသည်။ ကျောက်စာမှာ အလျား ၁၆ လက်မ၊ အနံ ၁၀ လက်မ အထူ ၂လက်မရှိကာ စာကြောင်းရေ (၈) ကြောင်းရေးထိုးပါရှိသော ကျောက်စာဖြစ်ပါသည်။ 

ဤကျောက်စာ၌ ပထမစာကြောင်းမှ စတုတ္ထစာကြောင်းသည် ယေဓမ္မာဂါထာကို ပါဠိဘာသာဖြင့်ရေး ထိုးထားသည်။ စာတစ်လုံးနှစ်လုံးလောက်သာ သက္ကတ ရောနှောနေသည် ကိုတွေ့ရသည်။ စာကြောင်း ရေငါးမှ စာကြောင်းရေ ရှစ် အထိသည် အလှူကောင်းမှုပြုသည်ကိုရေးထိုးထားသော စာများဖြစ်ပါ သည်။ ဤကျောက်စာကို ထောက်ထားအားဖြင့် သံတွဲမြို့အံတော်စေတီသည် ရခိုင်ဝေသာလီခေတ်၏ နီတိစန္ဒြမင်းလက်ထက်ကတည်းက ရှိနေပြီးဖြစ်ကြောင်း သိသာနိုင်သည့်အပြင် သာဝီတာစန္ဒြ ဒေ၀ီ မိဖုရားသည်လည်း သတွဲမြို့ အံတော်စေတီ၏ မူလ အလှူရှင် ဖြစ်နိုင်သလို ထပ်မံ ပြုပြင် မွမ်းမံသူလည်း ဖြစ်နိုင်ပေသည်။ ထိုအပြင် ယင်းခေတ် ယင်းအချိန်က ဝေသာလီပြည်  နယ်နမိတ်အာဏာ စက်သည် တောင်ဘက်၌ သံတွဲနယ်ထိ အနည်းဆုံး ပိုင်နက် ကျယ်ဝန်းမှု ရှိကြောင်း မှတ်ယူနိုင်ပါသည်။
*****
ထူးခြားချက်မှာ ဤသံတွဲအံတော်စေတီကျောက်စာတွင် ရေးထိုး ပါရှိသော ( (ဒေ၀ီသာဝီတာစန္ဒြ = မိဖုရားသာဝီတာစန္ဒြ )ဟု ရေး ထိုးထားခြင်းပင် ဖြစ်ပေသည်။ ပထမ ဝေသာလီ ဥဏှသတ တောင်ထက် စေတီပျက်မှ ရရှိသော ကျောက်စာတွင် မိဖုရားသည် သူ၏လင်တော် ဘုရင် နီတိစန္ဒြမင်းအမည်ကို သူ၏အမည်ရှေ့က ကျောက်စာ၌ ဂုဏ်ယူစွာရေးထိုးခဲ့သော်လည်း ယခု သံတွဲအံတော်စေတီမှ ရရှိသော ကျောက်စာတွင် သူ၏ ဒေ၀ီသာဝီတာစန္ဒြ အမည်ေ ရှ့တွင် နီတိစန္ဒြမင်း အမည် အား ရေးထိုးပါရှိသည်ကို မတွေ့ရပေ။ 
ဤသံတွဲအံတော်စေတီ ကုသိုလ်ကောင်းမှုပြုလုပ်သည့်အချိန်၌ ဝေသာလီပြည့်ရှင် နီတိစန္ဒြမင်းကြီးသည် သက်တော်ထင်ရှားရှိ နေမည်ဆိုပါက မိဖုရားသည် ဘုရင်အမည်ကို မထည့်ဘဲ ရေးထိုးမည်ဆိုလျှင် နီတိစန္ဒြမင်းကြီးအား မလေးစားရာရောက်သလို ရာဇအန္တရယ် ဖြစ်နိုင်မည်ကိုလည်း သတိပြု စဉ်းစားမည်ဖြစ်ပေသည်။ 
ထိုကြောင့် သာဝီတာစန္ဒြဒေ၀ီမိဖုရားသည် နီတိစန္ဒြမင်းကြီး အမည်ကို သူ၏အမည်ရှေ့က မရေးထိုးခဲ့ခြင်းမှာ သံတွဲအံတော် စေတီကို ကုသိုလ်ကောင်းမှု ပြုလုပ်သည့်အချိန်၌ နီတိစန္ဒြမင်းသည် နတ်ရွာစံပြီးသည့်အချိန်လည်း ဖြစ်နိုင်သလို၊ မိဖုရား၏ ကိုယ်ပိုင်ငွေကြေးဖြင့် သီးသန့် ပြုလုပ်သော ကောင်းမှုကုသိုလ်တစ်ခုကြောင့်လည်း ဖြစ်နိုင်သည်ဟုလည်း ယူဆရပေသည်။

ထို့အပြင် နောက်ထူးခြားချက်တစ်ခုမှာ ကျောက်စာနှစ်ချပ်စလုံး တွင် နီတိစန္ဒြမင်းအမည်မှ အပ ကျန်စာသားများသည် ကျောက်စာတစ်ချပ်တည်းကို မိတ္တူကူးသကဲ့သို့ စာသားများ တူညီစွာ ရေးထိုးထားသည် ကိုတွေ့ရခြင်းပင်ဖြစ်ပါသည် ။ ရခိုင်ဝေသာလီမင်းနေပြည်မှ သံတွဲထိဆိုလျှင် ရေလမ်း ခရီးအားဖြင့့်် မိုင်ပေါင်း၃၀၀ လောက်ရှိမည်ဟုထင်ရပါသည်။ ဤမျှလောက်ဝေးကွာသော ရေလမ်းခရီးကို လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်အချိန်က မိဖုရားတစ်ပါးအနေဖြင့် သွားလာ ရန်မှာ ခက်ခဲ့သောရေလမ်းခရီးစဉ်တစ်ခု ဖြစ်ခဲ့မည်မှာမလွဲပေ။ သို့ပါသော်လည်း သာဝီတာစန္ဒြဒေ၀ီ မိဖုရားသည် သူ၏ကောင်းမှုကုသိုလ်ပြု လုပ်သော အကြောင်းအရာကို ဝေသာလီမင်းနေပြည်တော်တွင် ပြုလုပ်သော ကုသိုလ်ပြု ကျောက်စာနှင့် စာလုံးများကိုတူညီစွာ ရေးထိုးထားခြင်းက ထူးခြား ချက်တစ်ရပ်ပင်ဖြစ်ပေသည်။

သာဝီတာစန္ဒြဒေ၀ီမိဖုရားသည် ဝေသာလီပြည်တွင် သူ၏ ပထမကောင်းမှုပြုလုပ်ရာ၌ ကျောက်စာကို ရေးထိုးခိုင်းခဲ့သူအား သံတွဲကောင်းမှုကျောက်စာကိုလည်း ထိုသူအား ရေးထိုး ခိုင်းခြင်းဖြစ်မည် ဟု ယူဆရပါသည်။ ထိုကြောင့်သာ ကျောက်စာအောက်ပိုင်းစာလုံးများသည် နှစ်ချပ်စလုံး အတူတူ ဖြစ်နေပေသည်။

ဤကျောက်စာသည် ရခိုင်ဝေသာလီပြည်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကို လွန် ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကပင် တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း သက်သေ ပြ နေသော ကျောက်စာတစ်ချပ်ဟု ပြောမည်ဆိုလျှင်လည်း လွန်မည်မထင်ပေ။
******
ကျောက်စာ(ပုံ-၅)တွင် ရခိုင်ဝေသာလီပြည်၌ (Generation Name) မျိုးရိုးအမည်ကို ဆက်ခံသော ဓလေ့ရှိကြောင်း နီတိစန္ဒြမင်း၏ မိဖုရားအမည် “သာဝီတာဒေ၀ီ”တွင် လင်၏မျိုးရိုးအမည် (စန္ဒြ)ကို မိဖုရား၏အမည်နောက်တွင် သုံးစွဲထားသည်ကို တွေ့ရပါသည့်အပြင် အာနန္ဒစန္ဒြကျောက်စာပါ ဒုတိယမင်းဆက်တစ်ခုလုံးတွင်လည်း မျိုးရိုးအမည်ကို ဆက်ခံသော စန္ဒြဘွဲခံမင်းများသာ အုပ်ချုပ်ခဲ့ သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ထိုကြောင့် ယနေ့ ခေတ်မှီသော စနစ်ကြီးသော စည်းကမ်းကြီး သည်ဆိုသော အနောက်နိုင်ငံများတွင်(Generation Name) မျိုးရိုးအမည်ဓလေ့ကို မည်သည့်အချိန်က သုံးစွဲခဲ့သည်ကို အတိအကျ မသိရသော်လည်း ရခိုင်ဝေသာလီပြည် တွင်လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် (440-495 A.D) ကပင် သုံးစွဲနေပြီးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မောင်ဖြူ(ကြွီတဲကျွန်း)
7.8.2019 / 9း15 PM

ကိုးကား
======
အာနန္ဒစန္ဒြမင်းကျောက်စာမင်ကူး၊ တိုင်းရင်းမြန်မာကျောက်စာများ စတုတ္တထုပ် ၊
နီတိစန္ဒြမင်းမိဖုရားကျောက်စာမင်ကူး(မြောက်ဦးပြတိုက်)
သာဝီတာစန္ဒြကျောက်စာ။ိဇယရာမကျောင်း၊အံတော်ကျေးရွာ၊သံတွဲမြို့..။



သာဝီတာစန္ဒြဒေ၀ီ ဆိုသည်မှာ ရခိုင်ဝေသာလီပြည်ကို (အေဒီ 440-495) တွင် စိုးစံအုပ်ချုပ် မင်းလုပ် ခဲ့သော နီတိစန္ဒြမင်း၏ မိဖုရားခေါင်ကြီးဖြစ် ပါသည်။ လက်ဝဲဘက်ကျောက်စာသည် သံတွဲမှ အံတော်စေတီမှ တံတိုင်းမှ ရရှိသော သာဝီတာစန္ဒြဒေ၀ီ ကျောက်စာဖြစ်ပြီး၊ လက်ယာဘက်ကျောက်စာမင်ကူးသည် ဝေသာလီမြို့ဟောင်းမှ ရသော ကျောက်စာဖြစ် သည်။  (ဘေးပုံ)


နီတိစန္ဒြမင်းသည် နိုင်ငံရေး လူမှုရေးကျွမ်း ကျင် သောမင်းတစ်ပါသည့်အားလျော်စွာ တိုင်းပြည်၏ပြဿနာများကိုလည်း ရာဇပရိယာယ်သုံးကာ ဥာဏ်ပညာဖြင့် ဖြေရှင်းနိုင်သောမင်းတစ်ပါးလည်း ဖြစ်ပါသည်။ အရည်အချင်းပြည်ဝသော ထိုနီတိစန္ဒြမင်းသည် မင်းကျင့်တရားနှင့် အညီ ဝေသာလီတိုင်းပြည်၌ (၅၅) နှစ်တိုင် နန်းသက်ရှည်စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့သော မင်းတစ်ပါးလည်း ဖြစ်ပေသည်။ ဤ နီတိစနြ မင်းအမည်ကို အာနန္ဒစန္ဒြမင်းေ ကျာက်စာ ကြောင်းရေ (၂၆) ဂါထာအမှတ်(၂၈)တွင် ရေးထိုးပါ ရှိသည်ကိုတွေ့နိုင်ပါသည်။ (ပုံ-၂)



နီတိစန္ဒြမိဖုရားသာဝီတာစန္ဒြဒေ၀ီကျောက်စာ။
****************************************
နီတိစန္ဒြမင်းမိဖုရားဖြစ်သော သာဝီတာစန္ဒြဒေ၀ီ၏ ပထမ ကောင်းမှုပြုလုပ်ခဲ့သော ဝေသာလီမှ ရသောကျောက်စာကို ယခု မြောက်ဦးပြတိုက်တွင် ထိန်းသိမ်းပြသထားပါသည်။ဤကျောက်စာသည် အလျား(၁၈)လက်မ၊အနံ၁၀လက်မ၊ အထူ ၆လက်မ ရှိပြီး စာကြောင်းရေ (၅)ကြောင်းပါရှိပါသည်။ ပထမစာကြောင်းနှစ်ကြောင်းသည် ယေဓမ္မာဂါထာကို ရေးထိုးထားခြင်းဖြစ်ပြီး တတိယမှ ပဉ္စမထိ စာကြောင်းသည် ကုသိုလ်ကောင်းမှုပြုသော အလှူရှင်အမည်နှင့် သူ၏ကုသိုလ်ကို အများသူငါ တရားအသိရစေခြင်းငှါ ပြုလုပ်သည်ကိုရေးထိုးထားသော စာလုံးများဖြစ်ပါသည်။ ပါဠိဘာသာတွင် သက္ကတအနည်းငယ်ရောနှောပါရှိသည်။ ဤဝေသာလီမြို့ဟောင်း ဥဏှသတတောင်ကျောက်စာတွင် အလှူရှင်အမည်ကို ရေးထိုးဖေါ်ပြရာ၌ သာဝီတာစန္ဒြဒေ၀ီမိဖုရားသည် သူ၏လင်တော်မောင် ဘုရင်ကြီး နီတိစန္ဒြ၏အမည်ကို သူ၏အမည်ရှေ့က ( နီတိစန္ဒြသျစန္ဒြ၀တ္ပဆီနာသျဒေ၀ီသာဝီတာစန္ဒြ=နီတိစန္ဒြမင်း၏ မိဖုရား သာဝီတာစန္ဒြဒေ၀ီ ) ဟု ဂုဏ်ယူစွာရေးထိုးဖေါ်ပြထားရှိသည် ကိုတွေ့ရသည်။ ပုံ-၃


ကျောက်စာ (ပုံ ၄) သည်လည်း  နီတိစန္ဒြမင်း မိဖုရား သာဝီတာစန္ဒြဒေ၀ီ ၏ ကုသိုလ်ကောင်းမှု ကျောက်စာ နောက်တစ်ချပ်ဖြစ်ပါသည်။ ဤကျောက်စာကို (20.11.1994) သံတွဲမြို့ အံတော်စေတီတော်ရင်ပြင်ကို သန့်ရှင်းရေးပြုလုပ်စဉ် စေတီတော်တံတိုင်းအနီးမှ ထိုမြို့ခံသား ဦးအေးသန်း တွေ့ရှိသော ကျောက်စာဖြစ်ပါသည်။ ကျောက်စာမှာ အလျား ၁၆ လက်မ၊ အနံ ၁၀ လက်မ အထူ ၂လက်မရှိကာ စာကြောင်းရေ (၈) ကြောင်းရေးထိုးပါရှိသော ကျောက်စာဖြစ်ပါသည်။ 

ဤကျောက်စာ၌ ပထမစာကြောင်းမှ စတုတ္ထစာကြောင်းသည် ယေဓမ္မာဂါထာကို ပါဠိဘာသာဖြင့်ရေး ထိုးထားသည်။ စာတစ်လုံးနှစ်လုံးလောက်သာ သက္ကတ ရောနှောနေသည် ကိုတွေ့ရသည်။ စာကြောင်း ရေငါးမှ စာကြောင်းရေ ရှစ် အထိသည် အလှူကောင်းမှုပြုသည်ကိုရေးထိုးထားသော စာများဖြစ်ပါ သည်။ ဤကျောက်စာကို ထောက်ထားအားဖြင့် သံတွဲမြို့အံတော်စေတီသည် ရခိုင်ဝေသာလီခေတ်၏ နီတိစန္ဒြမင်းလက်ထက်ကတည်းက ရှိနေပြီးဖြစ်ကြောင်း သိသာနိုင်သည့်အပြင် သာဝီတာစန္ဒြ ဒေ၀ီ မိဖုရားသည်လည်း သတွဲမြို့ အံတော်စေတီ၏ မူလ အလှူရှင် ဖြစ်နိုင်သလို ထပ်မံ ပြုပြင် မွမ်းမံသူလည်း ဖြစ်နိုင်ပေသည်။ ထိုအပြင် ယင်းခေတ် ယင်းအချိန်က ဝေသာလီပြည်  နယ်နမိတ်အာဏာ စက်သည် တောင်ဘက်၌ သံတွဲနယ်ထိ အနည်းဆုံး ပိုင်နက် ကျယ်ဝန်းမှု ရှိကြောင်း မှတ်ယူနိုင်ပါသည်။



ထူးခြားချက်မှာ ဤသံတွဲအံတော်စေတီကျောက်စာတွင် ရေးထိုး ပါရှိသော ( (ဒေ၀ီသာဝီတာစန္ဒြ = မိဖုရားသာဝီတာစန္ဒြ )ဟု ရေး ထိုးထားခြင်းပင် ဖြစ်ပေသည်။ ပထမ ဝေသာလီ ဥဏှသတ တောင်ထက် စေတီပျက်မှ ရရှိသော ကျောက်စာတွင် မိဖုရားသည် သူ၏လင်တော် ဘုရင် နီတိစန္ဒြမင်းအမည်ကို သူ၏အမည်ရှေ့က ကျောက်စာ၌ ဂုဏ်ယူစွာရေးထိုးခဲ့သော်လည်း ယခု သံတွဲအံတော်စေတီမှ ရရှိသော ကျောက်စာတွင် သူ၏ ဒေ၀ီသာဝီတာစန္ဒြ အမည်ေ ရှ့တွင် နီတိစန္ဒြမင်း အမည် အား ရေးထိုးပါရှိသည်ကို မတွေ့ရပေ။ 
ဤသံတွဲအံတော်စေတီ ကုသိုလ်ကောင်းမှုပြုလုပ်သည့်အချိန်၌ ဝေသာလီပြည့်ရှင် နီတိစန္ဒြမင်းကြီးသည် သက်တော်ထင်ရှားရှိ နေမည်ဆိုပါက မိဖုရားသည် ဘုရင်အမည်ကို မထည့်ဘဲ ရေးထိုးမည်ဆိုလျှင် နီတိစန္ဒြမင်းကြီးအား မလေးစားရာရောက်သလို ရာဇအန္တရယ် ဖြစ်နိုင်မည်ကိုလည်း သတိပြု စဉ်းစားမည်ဖြစ်ပေသည်။ 
ထိုကြောင့် သာဝီတာစန္ဒြဒေ၀ီမိဖုရားသည် နီတိစန္ဒြမင်းကြီး အမည်ကို သူ၏အမည်ရှေ့က မရေးထိုးခဲ့ခြင်းမှာ သံတွဲအံတော် စေတီကို ကုသိုလ်ကောင်းမှု ပြုလုပ်သည့်အချိန်၌ နီတိစန္ဒြမင်းသည် နတ်ရွာစံပြီးသည့်အချိန်လည်း ဖြစ်နိုင်သလို၊ မိဖုရား၏ ကိုယ်ပိုင်ငွေကြေးဖြင့် သီးသန့် ပြုလုပ်သော ကောင်းမှုကုသိုလ်တစ်ခုကြောင့်လည်း ဖြစ်နိုင်သည်ဟုလည်း ယူဆရပေသည်။

ထိုအပြင် နောက်ထူးခြားချက်တစ်ခုမှာ ကျောက်စာနှစ်ချပ်စလုံး တွင် နီတိစန္ဒြမင်းအမည်မှ အပ ကျန်စာသားများသည် ကျောက်စာတစ်ချပ်တည်းကို မိတ္တူကူးသကဲ့သို့ စာသားများ တူညီစွာ ရေးထိုးထားသည် ကိုတွေ့ရခြင်းပင်ဖြစ်ပါသည် ။ ရခိုင်ဝေသာလီမင်းနေပြည်မှ သံတွဲထိဆိုလျှင် ရေလမ်း ခရီးအားဖြင့့်် မိုင်ပေါင်း၃၀၀ လောက်ရှိမည်ဟုထင်ရပါသည်။ ဤမျှလောက်ဝေးကွာသော ရေလမ်းခရီးကို လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်အချိန်က မိဖုရားတစ်ပါးအနေဖြင့် သွားလာ ရန်မှာ ခက်ခဲ့သောရေလမ်းခရီးစဉ်တစ်ခု ဖြစ်ခဲ့မည်မှာမလွဲပေ။ သို့ပါသော်လည်း သာဝီတာစန္ဒြဒေ၀ီ မိဖုရားသည် သူ၏ကောင်းမှုကုသိုလ်ပြု လုပ်သော အကြောင်းအရာကို ဝေသာလီမင်းနေပြည်တော်တွင် ပြုလုပ်သော ကုသိုလ်ပြု ကျောက်စာနှင့် စာလုံးများကိုတူညီစွာ ရေးထိုးထားခြင်းက ထူးခြား ချက်တစ်ရပ်ပင်ဖြစ်ပေသည်။

သာဝီတာစန္ဒြဒေ၀ီမိဖုရားသည် ဝေသာလီပြည်တွင် သူ၏ ပထမကောင်းမှုပြုလုပ်ရာ၌ ကျောက်စာကို ရေးထိုးခိုင်းခဲ့သူအား သံတွဲကောင်းမှုကျောက်စာကိုလည်း ထိုသူအား ရေးထိုး ခိုင်းခြင်းဖြစ်မည် ဟု ယူဆရပါသည်။ ထိုကြောင့်သာ ကျောက်စာအောက်ပိုင်းစာလုံးများသည် နှစ်ချပ်စလုံး အတူတူ ဖြစ်နေပေသည်။

ဤကျောက်စာသည် ရခိုင်ဝေသာလီပြည်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကို လွန် ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကပင် တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း သက်သေ ပြ နေသော ကျောက်စာတစ်ချပ်ဟု ပြောမည်ဆိုလျှင်လည်း လွန်မည်မထင်ပေ။

ကျောက်စာ(ပုံ-၅)တွင် ရခိုင်ဝေသာလီပြည်၌ (Generation Name) မျိုးရိုးအမည်ကို ဆက်ခံသော ဓလေ့ရှိကြောင်း နီတိစန္ဒြမင်း၏ မိဖုရားအမည် “သာဝီတာဒေ၀ီ”တွင် လင်၏မျိုးရိုးအမည် (စန္ဒြ)ကို မိဖုရား၏အမည်နောက်တွင် သုံးစွဲထားသည်ကို တွေ့ရပါသည့်အပြင် အာနန္ဒစန္ဒြကျောက်စာပါ ဒုတိယမင်းဆက်တစ်ခုလုံးတွင်လည်း မျိုးရိုးအမည်ကို ဆက်ခံသော စန္ဒြဘွဲခံမင်းများသာ အုပ်ချုပ်ခဲ့ သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ထိုကြောင့် ယနေ့ ခေတ်မှီသော စနစ်ကြီးသော စည်းကမ်းကြီး သည်ဆိုသော အနောက်နိုင်ငံများတွင်(Generation Name) မျိုးရိုးအမည်ဓလေ့ကို မည်သည့်အချိန်က သုံးစွဲခဲ့သည်ကို အတိအကျ မသိရသော်လည်း ရခိုင်ဝေသာလီပြည် တွင်လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် (440-495 A.D) ကပင် သုံးစွဲနေပြီးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မောင်ဖြူ(ကြွီတဲကျွန်း)
14.8.2018 / 8း15 PM
ကိုးကား
======
အာနန္ဒစန္ဒြမင်းကျောက်စာမင်ကူး၊ တိုင်းရင်းမြန်မာကျောက်စာများ စတုတ္တထုပ် ၊
နီတိစန္ဒြမင်းမိဖုရားကျောက်စာမင်ကူး(မြောက်ဦးပြတိုက်)
သာဝီတာစန္ဒြကျောက်စာ။ိဇယရာမကျောင်း၊အံတော်ကျေးရွာ၊သံတွဲမြို့ ။