Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဓညဝတီ ရက္ခိုင်ပြည်မှ စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာ သက်သေတည်။

ရခိုင်​ စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာမှ သက်သေတည် 

®®®®®®®®®®®®®®®®®®®®®®®®



ရခိုင်ဝေသာလီ နှင့် သီရိလင်္ကာ သာသနာဆက်နွယ်မှု

သီရိလင်္ကာနှင့် ရှေးခေတ်ရခိုင်ပြည်သည် ထေရ၀ါဒသာသနာ ထွန်းကားပြန့်ပွားရေးအတွက် အပြန်အလှန်ကူးလူးဆက်ဆံမှု ရှိခဲ့ကြသည်ကို အောက်ပါအတိုင်းတွေ့ရှိရပါသည်။

၁။ သီဟိုဠ်မှ သံဃာတော်အရှင်မြတ်တို့သည် ထိုခေတ်ကာလက ဝေသာလီတိုင်းပြည် ပိုင်နက် နယ်မြေဖြစ် ခဲ့သည့် ဘင်္ဂနယ်သို့ ကြွရောက် သာသနာပြုခဲ့ကြောင်းကို (AD-3ရာစု) အိန္ဒိယနိုင်ငံတောင်ပိုင်း အန္ဒြ နယ် ရှိ နာဂဂျူနီဂွန်ဒါကျောက်စာတွင်ရေးထိုးပါရှိသည်ဟု ဆိုကြပေသည်။

ရခိုဝေသာလီခေတ် အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအမှတ် (၆၁) တွင်လည်း သံဃာတော်တစ်ချို့နှင့် တရားဟောပလ္လင်၊တောက်ပသော ပိုးသင်္ကန်းများနှင့် ဆင်မယဉ်သာတစ်ကောင်ကို သီလာမေဃ ခေါ် သီဟိုဠ်ပြည်၏မင်းထံသို့ သာသနာပြုရန်စေလွှတ်ကြောင်းကို ရေးထိုးဖေါ်ပြထားပေသည်။

ကျောက်လှေကား ဝေသာလီခေတ်တွင် ရာဇ၀င်လာ သီရိစန္ဒြားမင်း၊ ကျောက်စာအလို သီရိဓမ္မ စန္ဒြမင်း (သာသနာနှစ် -၁၁၈၂-၁၁၈၄)(AD 624-640) နှစ်တွင် သီရိလကာင်္မှ ၀ိပသနာဓူရ သံဃာ(၅၀၀) ဂန္ဓာဓူရ သံဃာ(၅၀၀)ပါးတို့သည် ၀ါဒချင်းတူညီသည့် ကျောက်လှေကား ဝေသာလီသို့ စတုတ္ထသင်္ဂါ ယနာ တင်ရန် ကြွရောက်ခဲ့ဟု ပညာမေဓာမော်ကွန်းကဆိုလေသည်။

ရမ်းဗြဲတောင်ကျေုာင်းဆရာတော် ရေး ရခိုင်ရာဇ၀င်သစ်ကျမ်း) တွင်လည်းကောင်း၊ ၀ါးကျောင်းဆရာ တော် ဦးပဏ္ဍိဆရာ ရေး ဥတေနလင်္ကာနိဂုံးတွင်လည်းကောင်း၊ ရေးသားထားသည်ကို တွေ့ရှိရ ပေ သည်။ထိုအပြင်

လင်္ကာဒီပ မှီသကလေ - ဥပသမ္ပန္နဘိက္ခုနံ ၊ အသန္တတ္တာအမစ္စေပိ - ဒေသရက္ခင်္ဂ၀ှယံ၊ ပေသေတွာန နိမန္တေတွာ နန္ဒိစက္ကာဒိ ဘိက္ခေ၀ါ ၊ လင်္ကာဒီပံ သမာ သီရိဝဍ္ဎန ပုရေ၀ရေ ၀သာပေတွာ နသောရာဇာ အာဒရေန ဥပဌိယ မဟာဝါဠု ကင်္ဂါယ တိတ္တေကဏ္ဍမ္ပနာမကေ။ ဟူ၍ သီဟိုဠ် မဟာဝံသကျမ်းတွင် ရေးထိုးထားသည်ဟု (ရခိုင်မှ သီရိလင်္ကာသို့ ) နောက်ဆုံးသာသနာပြုဆောင်းပါးတွင် ရေးထားထား သည်ကိုတွေ့ရပါသည်။

မြောက်ဦးခေတ် ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓစာပေသင်ကြားသော ရဟန်းသံဃာများသည် ကြိုးတန်း ပိဋကတော်ကို စံထား၍ လေ့လာသင်ကြားခဲ့ကြရသည်ဟု ဆရာကြီးဦးဦးသာထွန်း ဆောင်းပါးပေါင်းချပ်တွင် ဖေါ်ပြထားပေသည်။ ။ ယင်းကြောင့် ရှေးက ရေးသားခဲ့သော စာပေများ၌ ဝေသာလီတွင် သင်္ဂါယနာတင်ခဲ့စဉ်က မူအဖြစ် ထားခဲ့သော ကြိုးတန်းပိဋကတော်မှ တဆင့် ရေးကူးခြင်းဖြစ်ကြောင်း ကို စာပေ၏ အဆုံး၌ ကြိုးတန်းပိဋကတ်မူတော်အတိုင်း ရေးကူးခြင်းဖြစ်သည်ဟု ရေးသားထားခြင်းကို ပေစာများတွင် ကိုးကားထားသည်ဟု ရေးသားဖေါ်ပြထားသည်ဟု ဆိုကြသည်။ 

စတုတ္ထသင်္ဂါယနာ (ရခိုင်ပြည် )

ရခိုင်ပြည် ကျောက်လှေကားဝေသာလီတွင် သင်္ဂါယနာတင်ချိန်၌ အိန္ဒိယပြည်တွင် ထေရ၀ါဒဗုဒ္ဓသာသနာသည် အလွန်အားနည်းနေသောအချိန်၊ ဗုဒ္ဓသာသနာရှိသည်ဟုဆိုရုံတမယ်လောက်သာ ပြောနိုင်သည့် အချိန်ဖြစ်နေ သည်ကို ( 671-695 A.D) အတွင်းက အိန္ဒိယသို့ ရောက်ရှိခဲ့သည့်တရုတ်အမျိုးသား ဣသိန်ဂ ဘုရားဖူး မှတ် တမ်းတွင် သူရောက်သည့်အချိန်တွင် အိန္ဒိယပြည်၌ ဗုဒ္ဓသာသနာသည် ဆုတ်ယုတ်သည်ဆိုသည်ထက် ဆုတ် ယုတ်နေပြီဖြစ်ကြောင်း ၀မ်းနည်းစကားပြောကာမှတ်တမ်းထားသည်ကို( ဦးနု- ဗုဒ္ဓသာသနာ ။ 1958 - စာ 80) တွင်တွေ့ရသည်။ အိန္ဒိယတွင် ဗုဒ္ဓသာသနာဆုတ်ယုတ်သည်ဆိုရာ၌ ထေရ၀ါဒရော၊ မဟာယနရော နှစ်ခုစလုံး ကိုဆိုလိုပါသည်။ 

ရခိုင်ရာဇ၀င်တို့တွင်၎င်း ၊ ရခိုင်စာပေတို့တွင်၎င်း သင်္ဂါယနာ အကြောင်းနှင့် ပတ်သက်၍ သင်္ဂါယ နာကြီး၊ သင်္ဂါယနာငယ်ဟူ၍ နှစ်မျိုးနှစ်စားတွေ့ ရှိရပါသည်။ သင်္ဂါယနာကြီးများကို နံပါတ်စဉ် အတိုင်း ရေတွက် ပြီးလျှင် သင်္ဂါယနာငယ်များကို မိမိတို့၏ တိုင်းပြည်အတွင်း၌ နံပါတ်စဉ်တပ်ထားခဲ့ကြသည်။ သင်္ဂါယနာကြီးဆိုသည်မှာ သင်္ဂါယနာတင်ရာတွင် ဘုရား၏ ပိဋကတ်တော်များကို ကျွမ်းကျင်စွာ အာဂုံဆောင် တတ်ကျွမ်း သိစွမ်းနိုင်သော ရဟန္တာများ ပါဝင်မှသာ အထမြောက်ကြောင်းသိရှိရပါသည်။ ယင်းကဲ့သို့ ရဟန္တများပါဝင်၍ တင်ခဲ့သော သင်္ဂါယ နာကို ရခိုင်တို့ က သင်္ဂါယနာကြီး ဟူ၍ခေါ်ကြပါသည်။ ပိဋကတ်တော်များကို အာဂုံဆောင် တတ်ကျွမ်းသော ရဟန္တာပုဂ္ဂိုလ်များ မပါဝင်သော သင်္ဂါယနာကို သင်္ဂါယနာငယ် ဟု ခေါ်ဝေါ်သုံးစွဲကြသည်ကိုတွေ့ရပါသည်။

စတုတ္တသင်္ဂါယနာ (ရခိုင်ပြည် ဝေသာလီမြို့ )

ဝေသာလီခေတ်တွင် ရခိုင်ဘုရင်များသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသဖြင့် သီဟိုဠ်နိုင်ငံနှင့် လူမှုရေးအရသော်လည်း ကောင်း၊ ဘာသာရေးအရလည်း ဆက်ဆံမှုရှိ ခဲ့ကြပါသည်။ ရခိုင်ရာဇ၀င်အလို ဝေသာလီဘုရင် သီရိစန္ဒြမင်း ၊ အာနန္ဒစန္ဒြမင်း ကျောက်စာအလို(သီရိဓမ္မစန္ဒြမင်း) သာသနာနှစ် (1168-1184)( ကောဇာ ၅၄၄-၅၆၂ ) လက်ထက်တွင် သီဟိုဠ်မှ ၀ိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာ ပေါင်းရဟန်း သံဃာတစ်ထောင် ၊ ရခိုင်ပြည်မှ ၀ိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာ ၊ နှစ်ပြည်ထောင် ပေါင်း ရဟန်းသံဃာနှစ်ထောင်တို့ ဖြင့် ဝေသာလီပြည် ရွှေတောင်ထိပ်တွင် စတုတ္တသင်္ဂါယနာ တင်ခြင်းကို ကြီးကျယ် ခမ်းနားစွာ (၃)နှစ်တိုင်တိုင် ကျင်းပခဲ့သည်ဟု ကျမ်းအစောင်စောင်တို့က ရေးသားဖေါ်ပြကြပေသည်။

စတုတ္ထ သင်္ဂါယနာ ပါဠိဘာသာ (ရခိုင်ပြည်) 

တင်ရသည့်အကြောင်းရင်း - ကျောက်လှေကားဝေသာလီခေတ်တွင် တတိယဓည၀တီခေတ် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် ဆက်ခံဆင်းသက် လာသော ပင်မထေရ၀ါဒ ရဟန်းတော်များရှိနှင့် နေပြီးဖြစ်ပေသည်။ တဖန် (B.C 3 ရာစု )တွင် တတိယဓည၀တီခေတ်တွင် သီရိဓမ္မာသောကမင်း၏ သာသနာပြုအဖွဲ့မှ လာရောက်သာသ နြာ့ပုခဲ့သော ထေရ၀ါဒသာသနာပြုအဖွဲ့သည်လည်း ရခိုင်ပြည်ရှိ ထေရ၀ါဒ သာသနာကို ပိုမိုသန့်စင်စေရန် ထပ် လောင်း မွမ်းမံသလိုဖြစ်စေကာ အတည်ခိုင်ခံ့ စဉ်ဆက်မပြတ် စည်ပင်ထွန်းကားနေစေရန တွန်းအားပေးသလိုဖြစ်ခဲ့ပေသည်၊ သီဟိုဠ်ပြည် နှင့် လည်း ယင်းခေတ်ယင်းအချိန်ကပင် သာသနာပြုအဖွဲ့များ အလှန်အပြန် စေလွှတ်သည့် သာသနာပြု ခရီးများ ရှိနေ ကြသည်။ သို့သော် မိမိတို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသော အိန္ဒိယပြည် တွင် ဗောဓိသတ္တ၀ါဒ မဟာ ယနနှင့် ဟိန္ဒီ ဗြဟ္မဏ၀ါဒတို့မှာ အလွန်အင်အားကောင်းနေသောအချိန်ဖြစ်သည်နှင်အညီ ဗြဟ္မဏဘာသာတို့၏ ပင်မ အရေးအသား သက္ကဋစာပေများလည်း တဟုန်တိုးတက်ထွန်းကားကာ အားကောင်းလာသည့်အချိန် လည်းဖြစ် သည်။ 

ထိုအချိန်တွင် ပါဠိစာပေနှင့်ရှိသော ဗုဒ္ဓကျမ်းဂန်များ၊ အခြားစာပေများကိုလည်း သက္ကဋစာပေများဖြင့် အစားထိုးကာ ရေးသားလာကြ သည်။ နေရာတိုင်းမှာ သက္ကဋဘာသာစာပေများ လွှမ်းမိုးလာကြသည့် အချိန် လည်းဖြစ်နေပေသည်။ ထိုကြောင့် ပင်မထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ရဟန်း ရှင်လူများသည် အရာမ၀င် မျက်နှာပန်းမလှသော အချိန် အခါလည်း ဖြစ်နေပေသည်။ ထိုကြောင့် ထိုထေရ၀ါဒကို သက်ဝင်ယုံကြည်သော သူများသည် မိမိနိုင်ငံရှိ ဗြဟ္မဏအင်အားစု များနှင့် ပေါင်းစပ်၍ သာသနာရေးဝါဒစွဲများ ပေါ်ပေါက်လာဖွယ်ရာအရေးကို ကြိုတင်ကာကွယ်သောအားဖြင့်၎င်း၊ ဓည၀တီခေတ်မှ ဆင်းသက်လာသော မူလပင်မ ထေရ၀ါဒ သာသနာကို ဆက်လက်ရှင်သန် တည်တံ့စေလို သော ကြောင့်၎င်း၊ ဝေသာလီ ကျောက်လှေကား ၌ မူလအစ ရှိနှင့်ပြီးသော ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ အားမလျော့ခင်၊ အခြားတစ်ပါးမှ ထိုးဖေါက် ၀င်ရောက်လာသော အခြားသော အယူဝါဒများ အားမကောင်းခင် ၊ သင်္ဂါယနာတင်ကြရခြင်းဖြစ်ပေသည်။ ဝေသာလီတွင် တင်သော သင်္ဂါယနာတင်မူကို ကြိုးတန်းပိဋကတ် ခေါ်သည်ဟု ဆရာကြီးဦးဦးသာထွန်း ဟောပြောပွဲများတွင် နားထောင် ခဲ့ဖူးသည်။ ကြိုးတန်းပိဋကတ်ဟု ခေါ်တွင်ရခြင်းမှာ သီဟိုဠ်မူနှင့် မလွဲမစောင်း ကြိုးတန်းကဲ့သို့ ဖြောင့်မတ်မှန်ကန်စွာ ရေး ကူး ထားသောသဘောကြောင့် ဖြစ်သည်ဟု ဆရာကြီးဦးဦးသာထွန်းက ပြောပြဖူးခဲ့ ပါသည်။ 

ရခိုင်သင်္ဂါယနာမှတ်စု

သင်္ဂါယနာ တင်သည့်ခုနှစ်- သာသနာနှစ် (၁၁၈၂-၁၁၈၄) နှစ် (AD-638-640) ကောဇာ( ၅၆၀-၅၆၂) နှစ် 

သင်္ဂါယနာတင်သည့်နေရာ - ရခိုင်ဝေသာလီကျောက်လှေကားမြို့တော်၊ ရွှေတောင်ကြီး(ခ) သရက်ချိုတောင် အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ -သင်္ဃရာဇာ အရှင်စူဠရေ၀မထေရ် ၊

ပါဝင်သည့် သံဃာဦးရေ - ရခိုင်ပြည် မှ ၀ိပဿနာဓူရ ရဟန်း(၅၀၀) ဂန္ဓာဓူရရဟန်း(၅၀၀) ၊

သီဟိုဠ်မှ (၀ိပဿနာဓူရ.၅၀၀)(ဂန္ဓာဓူရ.၅၀၀) ပေါင်း(၂၀၀၀)၊

အထောက်အပံ့ပြုသည့်မင်း - သီရီစန္ဒြားမင်း(ခ)သီရိဓမ္မစန္ဒြမင်း၊

သင်္ဂါယနာ တင်သည့် ဘာသာ - ပါဠိဘာသာ၊

တင်သည့်ပုံစံ - နှုတ်ဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ပြီး ကြေးပြားပေါ်တွင် တင်ကြသည်။

ကြာမြင့်သည့်အချိန် - ပါဠိတော် (၁)နှစ် အဌကထာ (၂) နှစ် ပေါင်းသုံးနှစ်ကြာသည်။

တင်သည့်ပစ္စည်း - ကြေးပြား-

ထိုသင်္ဂါယနာတင်ကြေးပြားမူပွားအချို့သည် သီရိလင်္ကာတွင် ရှိကြောင်း သီရိလင်္ကာမှ ကျောက်စာမင်းကြီး မြောက်ဦးမြို့ ရောက်ရှိလာစဉ်က ပြောကြား၍ သိရှိရပါသည်ဟု- မြောက်ဦးမြို့နယ် ပါတီယူနစ်-မြို့နယ်မှတ်တမ်း ပြုစုရေးကော်မတီ)မှ မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း ကန့်သတ် စာ-၈ -1985 စက်တင်္ဘာ-25 တွင်ဖေါ်ပြထားသည်။

ကျမ်းအမည် ကျမ်းအရေအတွက် ကြေးပြားချပ်ရေ မှတ်ချက်

ဝိနည်း ငါးကျမ်း ၂၅၀ 

သုတ္တံ သုံးကျမ်း ၉၁၀ 

ဒီယနိကာယ် ၃ ကျမ်း

မဇ္ဈိမနိကာယ် (ပဏ္ဏသ) ၃ ကျမ်း

သံယုတ္တနိကာယ် ၅ ကျမ်း

အင်္ဂုတ္တရနိကာယ် ၁၁ ကျမ်း

ခုဒ္ဒကနိကာယ် ၁၉ ကျမ်း

နိကာယ်ငါးရပ် (၄၁)ကျမ်း

အဘိဓမ္မာ ခုနစ် ကျမ်း ၈၄၀

ကြေးဝါချပ်ရေ စုစုပေါင်း -၂၀၀၀

အက္ခရာတင်ခဲ့ရာတွင် တစ်နှစ် ကြာမြင့်ခဲ့သည်။ သုတ္တာန် (၄၁)ကျမ်းကို တစ်သုတ်လျှင် တစ်ကျမ်းကျစီဖြင့် ရေတွက် ထားခြင်းဖြစ်ပါ သည်။ အဌာကထာဖွင့်ဆိုရာတွင် 

ကျမ်းအမည် ကျမ်းအရေအတွက် ကြေးပြားချပ်ရေ မှတ်ချက် 

ဝိနည်း ငါးကျမ်း ၇၅၀ 

သုတ္တံ သုံးကျမ်း ၁၅၀၀ 

အဘိဓမ္မာ ခုနစ်ကျမ်း ၆၉၀ 

ဝိသုဒ္ဓိမဂ် ၄၀

ကင်္ခါဝိတရဏီ နှစ်ကျမ်း ၂၀ ဘိက္ခု ၊ ဘိက္ခုနီဝိနိစ္ဆာယ

စုစုပေါင်းကြေးနီချပ်ရေ ၃၀၀၀

----------------------

စုစုပေါင်း ကြေးပြားချပ်ရေ (၅၀၀၀) ငါးထောင်

ကြေးပြားတစ်ချပ်အရွယ်အစား - အလျား ၂၇ လက္မ ၊ အနံ ၁၅ လက္မ -ထု တစ်မူး

ကြေးပြားတစ်ချပ် တွင် ပါသည့် စာကြောင်းရေ ( ၂၇ ) ကြောင်းစီ ကျောဖက်ရင်ဖက် ရေးထိုးထားဟုဆိုသည်။

ရခိုင်တွင် တင်သော သင်္ဂါယနာမူသည် သီဟိုဠ်မူမှ အသျှင်ဗုဒ္ဓဃောသ က ပါဠိ(မာဂဓ)ဘာသာသို့ ပြန်ဆိုသော မူဖြစ်ဟန်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော ပညာမေဓာမော်ကွန်း၌ (သီဟဠနယ့်၊ ၀ါဒတူဘိ၊) ဆိုသော စာညွန်း အရဖြစ်ပေသည်။

သင်္ဂါယနာ တင်ပြီးသောအခါ ထိုမူအတိုင်း ဤသည်မလွဲ မမှားမယွင်းအောင် များစွာ ရေးကူး ပွား စေသည်။ မူရင်းပိဋကတ် တော်ကြေးပုရပိုက်များကို ဝေသာလီမြို့တော်တစ်နေရာရှိ စေတီတစ်ဆူ၌ ဌာပနာတော်ထည့် ပြုလုပ်ခဲ့သည်ဟု ရေးသား ဖေါ်ပြကြသည်ကိုတွေ့ရပါသည်။ ထိုမူရင်းပွားကူးသော သင်္ဂါယနာတင် ပိဋကတ် ကျမ်းဂန် များကို မြောက်ဦးခေတ်တွင် နန်းတော်နှင့် အနီးဆုံး အလုံခြုံဆုံးဖြစ်သော ရွှေဂူတောင် ပိဋကတ်တိုက်၌ သိမ်းဆည်းထား သည်ဟု တဆင့် စကား ကြားဖူးပါသည်။ 

ရွှေတောင် ခေါ် သရက်ချိုတောင် ၌ ရဟန်းသံဃာ (၂၀၀၀) အား နေရာချထားပုံ

ဘာကြောင့် ရခိုင်ပြည်ဝေသာလီကို စတုတ္ထသင်္ဂါယနာ ခေါ်ရသည့်အကြောင်းရင်း ရှင်းလင်းချက်

(၁) သာသနာသက္ကရာဇ်( ၁ ) (ဘီစီ 544) ခုနှစ် တွင် အဇာတသတ်မင်းသည် ပထမသင်္ဂါယနာကို 

ပါဠိဘာသာဖြင့် နှုတ်တိုက် သင်္ဂါယနာတင်ကြသည်။အိန္ဒိယ

(၂) (သာသနာသက္ကရာဇ်- ၁၀၀ ) (ဘီစီ 444) ခုနှစ် တွင် အဇာတသတ်မင်းသည် ဒုတိယသင်္ဂါယနာ 

ကို ပါဠိဘာသာဖြင့် နှုတ်တိုက် သင်္ဂါယနာတင်ကြသည်။အိန္ဒိယ

(၃) (သာသနာသက္ကရာဇ်- ၂၃၅ ) (ဘီစီ -309 ) ခုနှစ် တွင် သီရိဓမ္မာသောကမင်းသည် တတိယ 

သင်္ဂါယနာ ကို ပါဠိဘာသာဖြင့် နှုတ်တိုက် သင်္ဂါယနာတင်ကြသည်။အိန္ဒိယ ။

(၄) (သာသနာသက္ကရာဇ်- ၄၅၀ ) (ဘီစီ -94 ) ခုနှစ် တွင် ၀ဋဂါမဏိမင်းသည် စတုတ္ထသင်္ဂါယနာ ကို 

သီဟိုဠ်ဘာသာဖြင့် ပီထက်အက္ခရာ သင်္ဂါယနာတင်ကြသည်။ သီရိလင်္ကာ ။

(၅) (သာသနာသက္ကရာဇ်- ၆၀၀ ကျော် ) (အေဒီ - 1.2 ရာစု ) တွင် ကနိသျှကမင်းသည် စတုတ္ထသင်္ဂါ 

ယနာကို သက္ကတဘာသာဖြင့် ကြေးထက်အက္ခရာ သင်္ဂါယနာတင်ခဲ့သည်။အိန္ဒိယ(မဟာယနမူ)

(၆) (သာသနာသက္ကရာဇ်- ၁၁၈၄ ) (အေဒီ 638-640 ) ခုနှစ် တွင် သီရိဓမ္မစန္ဒြမင်းသည် စတုတ္ထသင်္ဂါ 

ယနာ ကို ပါဠိဘာသာဖြင့် ပီထက်အက္ခရာ သင်္ဂါယနာတင်ခဲ့သည်။ ရခိုင်ဝေသာလီပြည် ။

အထက်ပါ သင်္ဂါယနာအကြိမ်ရေကို ကြည့်မည်ဆိုလျှင် အိန္ဒိယတွင် ပထမ၊ဒုတိယ၊တတိယ သင်္ဂါယနာ များကို နှုတ်တိုက်အာဂုံ ပါဠိဘာသာဖြင့် သင်္ဂါယနာတင်ခဲ့ကြသည်ကိုတွေ့ရပေမည်။

နောက်တစ်ခါ စတုတ္ထသင်္ဂါယနာကို သီဟိုဠ်တွင် သီဟိုဠ်ဘာသာဖြင့်တစ်ကြိမ်၊ အိန္ဒိယတွင် ကနီသျှက မင်းက သက္ကတဘာသာဖြင့်တစ်ကြိမ်၊ ရခိုင်ဝေသာလီတွင် ပါဠိဘာသာဖြင့်တစ်ကြိမ်ဆိုပြီး စတုတ္ထ အကြိမ်တစ်ခုတည်းတွင် ၃ ခါ တင်ထားကြသည်ကိုတွေ့ရပေသည်။ ရခိုင်ပြည်က သင်္ဂါယနာအကြိမ် ရေကို ပညာမေဓာမော်ကွန်းတွင် (ပ-ဒု-တ-မှီ၊ စတုတ္ထီကျ၊မဟိံသဟု၊ မည်ရသမိုင်း၊ ရက္ခိုင်တိုင်း) ဟုဆိုသော စကားရပ်ကြောင့် ရခိုင်ပြည်က သင်္ဂါယနာကို စတုတ္ထအကြိမ်ဟု ခေါ်တွင်ရ ခြင်းဖြစ် ပါသည်။ စတုတ္ထအကြိမ်သည် ရှေ့တွင် သီဟိုဠ် ၌တစ်ကြိမ်၊ အိန္ဒိယ၌တစ်ကြိမ် ရှိနေသော် လည်း ရခိုင်ဝေသာလီတွင် တင်သော သင်္ဂါယနာကို စတုတ္ထအကြိမ်ဟု အမည်တပ်ရခြင်းမှာ ပ-ဒု-တ သည် ပါဠိဘာသာဖြင့်တင်ပြီး သီဟိုဠ်တွင် သီဟိုဠ်ဘာသာ၊ နောက်တစ်ခါ ကနိသျှကမင်းက အိန္ဒိယတွင် သက္ကတဘာသာဖြင့်တင်ပေသည်။ ထိုကြောင့် ပါဠိဘာသာဖြင့် ရခိုင်ဝေသာလီတွင် တင်သော သင်္ဂါ ယနာတင်အကြိမ်ရေကို စတုတ္ထအကြိမ်ဟု အမည်ခေါ်ရခြင်းဖြစ်ပေသည်။ 

တနည်း ပါဠိအကြိမ်ရေတွက်သော်၎င်း၊ ပါဠိအကြိမ်ရေကို ကြိုးတန်းဖြင့်ဆွဲလိုက်သော်လည်း စတုတ္ထ အကြိမ်တွင် ကျရောက်နေသည်ကို တွေ့မြင်ရပေမည်။ နောက်ဆုံး ပုံကိုသေချာရှုပါ။

ရခိုင်ပြည်တွင် တင်ခဲ့သော သင်္ဂါယနာသည် စတုတ္ထအကြိမ်ဖြစ်ကြောင်း နောက်ဆုံးပုံစာ

အာနန္ဒစန္ဒြကျောက်စာပါ ဂါထာ ပုံစာများတွင် လေ့လာနိုင်ပါတယ် ။

Credit >ဦးမောင်ဖြူ ( ကြွီတဲကျွန်း) FB>Razar Min

��������������
Zaw Zaw (ရက္ခပူရတိုင်း)







































Comments