ရက္ခိုင်ပြည် အကျယ်အဝန်း

ရက္ခိုင်ပြည် အကျယ်အဝန်း - - - - - - - - - - - - - - - ရှည်မြင့်မူလ၊ ပထမက၊ ရဋ္ဌသမိုင်း၊ ရခိုင်တိုင်းကား၊ ကျယ်ဝိုင်းနယ်ဆက် အနောက်ဘက်မှာ မဇ္ဈိမာနှင့်၊ ဒါကာမြစ်လျှောက်၊ မြောက်ကိုတောင်ညို၊ ကုန်းကိုထိခံ၊ အာသံချင်းတွင်း၊ ချောင်းဆင်းရေထွက်၊ ရှေ့ဘက်မှ၊ ဧရာဝတီ၊ မြစ်ဆီးခြားကန်၊ င၀ံထိပ်မျှောင်၊ ရှေ့တောင်အဂ္ဂိ၊ ဒဏ္ခိဏခွင်၊ မော်တင်ရေလှုပ်၊ သမုဒ်ဝင်လေ၊ ရခိုင်ပြည်လျှောက်၊ ကျယ်ဝန်းခရီး၊ ပြည်ကြီးဟုကျော်၊ ခုတိုင်ခေါ်၏။ ဝါးကျောင်းဆရာ လူထွက်ပဏ္ဍိတ် ( ဥတေနလင်္ကာ နိဂုံးမှ )