Posts

Showing posts with the label ရခိုင်သက္ကရာဇ် ပက္ခဒိန် အကြောင်း။

ရခိုင်သက္ကရာဇ် ပက္ခဒိန် အကြောင်း။

Image
ရခိုင်သက္ကရာဇ်   =========== မြန်မာနိုင်ငံတွင် အသုံးပြုနေသော သက္ကရာဇ်များအနက် မြန်မာသက္ကရာဇ်နှင့်  ခရစ်သက္ကရာဇ်ကို လူတိုင်း သိကြသော်လည်း ရခိုင်သက္ကရာဇ်ကိုမူ ရခိုင်ပြည်နယ်ထဲတွင်ပင် သိသူ အတော် နည်းပါးလှပေသည်။ တစ်နှစ်တစ်ကြိမ် သင်္ကြန် အခါတော်နေ့များကို မြန်မာ့အသံ နှင့် သတင်းစာမျာမှ ကြေညာသည့် အခါမှသာလျှင် သတိထားမိသူများ သတိပြုမိကြပေမည်။ လူသိနည်းခြင်း အကြောင်းတစ်ရပ်မှာ မြန်မာသက္ကရာဇ်နှင့် ရခိုင်သက္ကရာဇ် တို့သည် တစ်နှစ်တည်း ကျရောက်ခြင်းကြောင့်ပင် ဖြစ်သည်။ တစ်နှစ်တည်း ကျရောက်သော်လည်း  တစ်ပြိုင်တည်း ဆင်းသက်လာခြင်းကား မဟုတ်ပေ ။  ခရစ် သက္ကရာဇ်တွင်မူ ခရစ်မပေါ်မီ နှစ်များကို ဘီစီ (Before Christ) နှစ်များဟု လည်းကောင်း၊ ခရစ်တော် ပေါ်ပြီး နှစ်များကို အေဒီ (Anno Domini) ဟုလည်းကောင်း၊ သက္ကရာဇ် ဖြိုဖျက်ခြင်း မရှိဘဲ ရေတွက်လာ၍ မှတ်သားရ လွယ်ကူပေသည်။ ရခိုင်သက္ကရာဇ်၊  မြန်မာသက္ကရာဇ် ဆင်းသက်လာရသည့် သမိုင်းကြောင်းကား ရှည်လျားလှသည်။ သက္ကရာဇ်ဖြိုခြင်း အကြိမ်ကြိမ် ရှိခဲ့သည်။ သက္ကရာဇ် ဖြိုရသည့် အကြောင်းရင်းမှာလည်း ကိန်းဂဏန်း များပြားလာ၍ လည်းကောင်း၊ နက္ခတ် ကိန်းခန်း မညီညွတ်၍ လည်းကောင်း၊...