Posts

Showing posts with the label ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ

ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ

Image
ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ DMG ၊ စက်တင်ဘာ ၁၀ (Review/ဆောင်းပါး)  “သံမဏိလက်သီးတို့ဖြေလျှော့ချိန်” ဆိုတဲ့ စကားဟာ ၂၀၁၀ ခုနှစ် ဝန်းကျင်လောက်က အကြားရဆုံးစကားဖြစ်ပါတယ်။ အကြောင်းက စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီသို့ စတင်လျှောက်လှမ်းခြင်းလို့ ဆိုလိုတဲ့သဘော။ မြန်မာ့နိုင်ငံရေးမှာ ၁၉၄၈ ခု လွတ်လပ်ရေးရပြီးကတည်းက စစ်အုပ်ချုပ်ရေးနဲ့ပဲ အချိန်တွေကုန်ဆုံးခဲ့တယ်။ ဦးသန်းရွှေလက်ထက်ဖြစ်တဲ့ ၁၉၉၀-၂၀၁၀ အပိုင်းအခြားကာလကို စစ်အုပ်ချုပ်ရေးရဲ့ အဓိကအပြင်းထန်ဆုံးအချိန် စစ်အုပ်ချုပ်ရေးရဲ့ အဆိုးဆုံးကာလလို့ သတ်မှတ်ကြပါတယ်။ ရှိနဲ့ပြီးသား နိုင်ငံရေးပါတီတွေပါ မတရားအသင်းအဖြစ် ကြေညာခံထားရပါတယ်။ နိုင်ငံရေးပါတီဖွဲ့စည်းခြင်း၊ လူမှုအဖွဲ့အစည်းဖွဲ့စည်းခြင်းတို့ လုံးဝဆိတ်သုန်းတဲ့ကာလလည်း ဖြစ်ပါတယ်။ တော်လှန်ရေးအုပ်စုတွေကိုလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေချိန်ဖြစ်တယ်။ ဒီလိုနဲ့ စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးသို့ ပြောင်းလဲဖို့အတွက် သူတို့စိတ်ကြိုက်ဖွဲ့စည်းပုံတစ်ခုကိုရေးဆွဲပြီး ၂၀၁၀ ခုနှစ်မှာ စတင်ရွှေ့လျား လာတယ်။ ၁၉၉၀-၂၀၁၀ ခုနှစ် ကြားကာလဖြစ်တဲ့အချိန်မှာ ရခိုင်တို့ရဲ့နိုင်ငံရေးဟာ စစ်အာဏာရှင်ဖြုတ်ချရေး၊ ဒီမိုကရေစီထွ...