ဆရာတော် အသျှင်ဥတ္တမ၏ သမိုင်း တစ်ကွေ့
ဆရာတော် အသျှင်ဥတ္တမ(28.12.1879 - 9.9.1939) ဆရာတော် အသျှင်ဥတ္တမ သည် မြန်မာအမျိုးသား ဝံသာနုများအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေရန် ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေး ခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဆရာတော်သည် သူ့တစ်သက်တာလုံးတွင် မြန်မာအမျိုးသား အမျိုးသမီးများကို နိုင်ငံရေး အသိစိတ်ဓာတ် နိုးကြားစေရန်နှင့် တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိရန် ဆောင်ရွက် ကြိုးပမ်းသွားခဲ့လေသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး အကျဉ်းကျခံရသူ နိုင်ငံရေးသမားမှာ ဆရာတော် အသျှင်ဥတ္တမ ပင်ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။ ဆရာတော်အသျှင်ဥတ္တမ၏လမ်းညွှန်မှုကြောင့် မြန်မာများ အတော်အတန် နိုင်ငံရေးမျက်စိ ပွင့်လာကြသည်။ ဤကဲ့သို့ စတင်လုပ်လျှင် လုပ်ဆောင် ခြင်းပင် အစိုးရစုံထောက်များမှာ ဆရာတော်၏နောက်သို့ တကောက်ကောက် လိုက်၍နေခြင်းကြောင့် ဆရာတော်အား ကနဦး၌ သံဃာတော်များ မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော်ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ်နှင့် ရှင်းရှင်းဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သောကြောင့် အရဟတ္တဓဇဂုဏ်နှင့် မညီညွတ်ဟု ဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိ...