အာနန္ဒစန္ဒြ ကျောက်စာ ရေးထိုးနှစ်ကို တင်ပြခြင်း

အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးနှစ်ကို တင်ပြခြင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားတွင် ရှေးဟောင်းကျောက်စာတိုင်းကြီး တစ်တိုင် ရှိပါသည်။ ထို ကျောက် စာတိုင်ကို အာနန္ဒစန္ဒြကျောက်စာတိုင်ဟုခေါ်ကြသည်။ ကျောက်စာကို ဒေ၀နာဂရီပွား အက္ခရာ တွင် သက္ကတ ဘာသာဖြင့် ရေးထိုးထားကျောက်စာဖြစ်ပေသည်။ စာကြောင်းရေ(၇၃) ပါရှိပေသည်။ ဂါထာအားဖြင့် (၆၅)ဂါထာနှင့် စကားပြေတစ်ပိုဒ်ရှိသည်။ ဂါထာ(၆၅)ပိုဒ်ရှိသည်ဟုဆိုသော်လည်း ဖတ်၍မရသော အစ စာကြောင်းရေ (၁-၂-၃) ကို ထည့်သွင်း ရေတွက်ထားခြင်းမရှိပါ။ ထိုစာကြွင်းများ မပါ။ ဤကျောက်စာတွင် အာနန္ဒစန္ဒြမင်းကြီးသည် သူ၏ ဘိုးလောင်းတော် ဘေးလောင်းတော် ဆွေစဉ်မျိုးဆက် ဘုရင်များ ကို မှတ်တမ်းတင်ထားကာ သူ၏ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့မှုများနှင့် အများအကျိုးဆောင်ရွက်ခဲ့မှု၊ ဘာသာရေး ဆောင်ရွက်ခဲ့မှုများကို အသေးစိတ် မှတ်တမ်းတင်ရေးထိုးထားသော ရှားပါးကျောက်စာ တစ်ချပ်ဖြစ်ပါသည်။ ဤကျောက်စာကို အစအဆုံး အဓိပ္ပါယ် အပြည့်စုံဆုံး ဖတ်ခဲ့သောပုဂ္ဂိုလ်မှာ အင်္ဂလန်နိုင်ငံ အောက်စဖို့စ့် တက္ကသိုလ် ဘေလီယောကောလိပ်မှ အရှေ့ တိုင်းပညာရပ်ဆိုင်ရာ ပါမောက္ခ အင်္ဂလိပ်လူမျိုး E.H .Johnston ဖြစ်ပါ သည်။ ပါမောက္ခဂျွန်စတင်သည် ဤ ကျောက်စာကို (၁၉၃...