Posts

Showing posts with the label မြောက်ဦး နန်းတော်ဟောင်း

မြောက်ဦး နန်းတော်ဟောင်း

Image
မြောက်ဦး နန်းတော်ဟောင်း ~~~~~~~~~~~~ ရခိုင်လူမျိုးများ ၏ နန်းမြို့ဟောင်း ရခိုင်မင်းဆက်ရဲ့ နောက်ဆုံးတည်ထားတဲ့သော မြောက်ဦး နန်းမြို့ဟောင်းကြီးဖြစ်ပါတယ်။ မန္တလေး နန်းမြို့ရိုးနဲ့ မတူ ကွဲပြားတဲ့အချက်က မြောက်ဦးနန်းတော်နဲ့ နန်းမြို့ရိုးတွေဟာ အုတ်နဲ့ ဆောက်တာ မဟုတ်ဘဲ သဲကျောက် အညိုတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အနီရဲရဲ နန်းမြို့ရိုးနဲ့မတူဘဲ တစ်မျိုးတစ်ဘာသာ ဖြစ်နေတဲ့ ရှေးဟောင်း နန်းမြို့ဟောင်းကြီးကို မြင်ရတာကိုက ရသတစ်မျိုးကို ခံစားနိုင်စွမ်းရှိပါတယ်။ မြောက်ဦး နန်းတော်ဟောင်းကို ရောက်တာနဲ့ စစချင်း မြင်လိုက်ရတာကတော့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပြီး ကျယ်ဝန်း ခိုင်ခံ့လှတဲ့ နန်းမြို့ရိုးကြီးကို အံ့သြဖွယ် တွေ့မြင်ရပါတော့တယ်။ မြောက်ဦးမြို့ရဲ့ နန်းမြို့ရိုးက ကျောက်တုံးကြီးတွေ၊ ကျောက်လှေခါးထစ်ကြီးတွေလည်း ကြီးမားလှတဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာကို ကြည့်ခြင်းအားဖြင့် ရှေးခေတ်လူတွေရဲ့ ခွန်အားနဲ့ လုံ့လကြီးမားပုံတွေကို မှန်းဆကြည့်နိုင်ပါတယ်။ မြောက်ဦးနန်းတော်ဟာ စတုရန်းမိုင် ၁.၂မိုင်ကျယ်ဝန်းပြီး အမြင့်ပေ ၅၀ ခန့်ရှိပြီး ကျောက်တံတိုင်း သုံးထပ် ကာရံထားပါတယ်။ အပြင်ဘက်ဆုံး တံတိုင်းဟာ တောင်မှ မြောက်သို့ ပေ ၁၆...