ဗြိတိန်နိုင်ငံ စကော့တလန်ပြည်ရောက် ရခိုင်ဘုရင် သီရိသုဓမ္မရာဇာခေတ် အမြောက်

*မြောက်ဦးခေတ်ရခိုင်ပြည်သုံးအမြောက်ကြီးများနှင့် အမြောက်ပေါ်တွင် ရေးထိုးထားသည့်ကမ္ပည်းစာများ* . ခရစ်နှစ် ၁၄၃၀ မှ ၁၇၈၅ အထိ ထွန်းကားခဲ့သော မြောက်ဦးခေတ်ကို ယေဘုယျအားဖြင့် အပိုင်းသုံးပိုင်းခွဲခြားလေ့ရှိကြသည်၊ မြောက်ဦးတည်ထောင်သော ၁၄၃၀ မှ ၁၅၃၀ ပြည့်လွန်နှစ်များအထိကို ပထမမြောက်ဦးခေတ် တန်ခိုးထွားချိန်ဖြစ်သည့် ၁၅၃၀ ပြည့်လွန်နှစ်များမှ ၁၆၃၈ အထိကို ဒုတိယမြောက်ဦးခေတ်နှင့် ၁၆၃၈ မှ မြောက်ဦးမြို့တော်ကျဆုံးချိန်ဖြစ်သည့် ၁၇၈၅ အထိကို တတိယမြောက်ဦးခေတ်အဖြစ် ယေဘုယျသတ်မှတ်ကြပါသည်၊ ပထမမြောက်ဦးခေတ်ကာလသည် တိုင်းပြည်ထူထောင်ဆဲကာလဖြစ်ပြီး ရခိုင်ပြည်နှင့် နယ်ချင်းထိစပ်နေသည့် ဘင်္ဂါဒေသအား ရခိုင်ဘုရင်တို့ ရံဖန်ရံခါ တိုက်ခိုက်မှုများရှိခဲ့သော်လည်း ကာလရှည်ကြာစွာ နယ်မြေသိမ်းပိုက်မှုများ မပြုလုပ်နိုင်ခဲ့ပေ၊ဒုတိယမြောက်ဦးခေတ်တွင် မင်းဗာဘုရင်၏ ဘင်္ဂါဒေသ စစ်တကောင်းနယ်အား နယ်မြေချဲ့ထွင် ပိုင်စိုးခြင်းနှင့်အတူ ရခိုင်ဘုရင်နိုင်ငံသည် တန်ခိုးကြီးထွားခဲ့ပါသည်၊ ဤဒုတိယမြောက်ဦးခေတ်တွင် ပေါ်တူဂီများနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ဥရောပ၏ခေတ်ပေါ်လက်နက်များကို ရရှိခဲ့ကာ ခေတ်မီကာကွယ်ရေးနည်းစနစ်များအပါအဝင် ခေတ်မီခံတပ်တည်ဆောက်ရေး နည်းပညာမျာ...