ရက္ခိုင်ဘုရင့်နိုင်ငံ ကျဆုံးရခြင်း ☆ (အကျဉ်း)

ရက္ခိုင်ဘုရင့်နိုင်ငံ ကျဆုံးရခြင်း ☆ (အကျဉ်း) ________________________________________ ရခိုင့်နိုင်ငံတော်ကျဆုံးရခြင် နောက်ဆုံးမင်းဆက် မဟာသမ္မတရာဇာ( ၁ရ၈၂-၁ရ၈၄) စန္ဒသတိဿရာဇာ(အောင်စုံ)နတ်ရွာစံ၍ သတိုးအောင်မင်းဖြစ်လာသောအခါတွင် မဟာသမ္မတရာဇာ ဟူသောအမည်ကိုခံယူလေသည်။ ဤမင်းလက်ထက်တွင်ပြည်တွင်းငြိမ်သက်မှု့မရှိပဲ တဦးကိုတဦးမိစ္ဆရိယတရားပွါးများလျှက်ရှိနေကြသည်။ လက်ရှိဘုရင်မဟာသမ္မတရာဇာကိုမလိုလား၍ဆိုကာအမျိုးမျိုးသောနည်းတို့ဖြင့် ဆူပူသောင်းကျန်းလျှက် ရှိနေကြသည်။ မဟာသမ္မတရာဇာအားယုံကြည်ထောက်ခံသူများကလည်းရှိသမျှသောအင်အားဖြင့်တိုင်းပြည်ကိုငြိမ်သက်အောင်ထိမ်းသိမ်းခဲ့ကြပါသည်။ မဟာသမ္မတရာဇာ၏အုပ်ချုပ်မှု့ကိုမလိုလားဟုဆိုကာ ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းထံခို၀င်သွားခဲ့ကြသော #မောင်သံတွေနှင့်မောင်ထွန်းစံတို့ကဘိုးတော်မောင်ဝိုင်းအားဤကဲ့လျောက် တင်ကြ၏။ "အရှင်မင်းမြတ်၊ရခိုင်ပြည်ကိုလက်ရှိအုပ်ချုပ်နေသောမဟာသမတရာဇာမင်းကားအမျိုးညံ့သောသူဖြစ်သည်။ထိုမင်း၏အုပ်ချုပ်မှု့ကိုပြည်သူများမှာမကျေ နပ်ကြ၍ဆူပူသောင်းကျန်းလျှက်ရှိကြ၏။ထို့ကြောင့်ဤအမျိုးမသန့်သောမင်းကိုဖြုတ်ချပြီးမြင့်မြတ်သောအမျိုးမှ ရခိုင်မင်းတပါးကိုနန်းတင်ရန်အရှင်မင်းကြီး...