Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရက္ခိုင်ဘုရင့်နိုင်ငံ ကျဆုံးရခြင်း ☆ (အကျဉ်း)

ရက္ခိုင်ဘုရင့်နိုင်ငံ ကျဆုံးရခြင်း ☆ (အကျဉ်း)
________________________________________

ရခိုင့်နိုင်ငံတော်ကျဆုံးရခြင် နောက်ဆုံးမင်းဆက် မဟာသမ္မတရာဇာ( ၁ရ၈၂-၁ရ၈၄)

 စန္ဒသတိဿရာဇာ(အောင်စုံ)နတ်ရွာစံ၍ သတိုးအောင်မင်းဖြစ်လာသောအခါတွင် မဟာသမ္မတရာဇာ ဟူသောအမည်ကိုခံယူလေသည်။

ဤမင်းလက်ထက်တွင်ပြည်တွင်းငြိမ်သက်မှု့မရှိပဲ တဦးကိုတဦးမိစ္ဆရိယတရားပွါးများလျှက်ရှိနေကြသည်။
 လက်ရှိဘုရင်မဟာသမ္မတရာဇာကိုမလိုလား၍ဆိုကာအမျိုးမျိုးသောနည်းတို့ဖြင့် ဆူပူသောင်းကျန်းလျှက် ရှိနေကြသည်။

မဟာသမ္မတရာဇာအားယုံကြည်ထောက်ခံသူများကလည်းရှိသမျှသောအင်အားဖြင့်တိုင်းပြည်ကိုငြိမ်သက်အောင်ထိမ်းသိမ်းခဲ့ကြပါသည်။ မဟာသမ္မတရာဇာ၏အုပ်ချုပ်မှု့ကိုမလိုလားဟုဆိုကာ ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းထံခို၀င်သွားခဲ့ကြသော #မောင်သံတွေနှင့်မောင်ထွန်းစံတို့ကဘိုးတော်မောင်ဝိုင်းအားဤကဲ့လျောက်
တင်ကြ၏။

"အရှင်မင်းမြတ်၊ရခိုင်ပြည်ကိုလက်ရှိအုပ်ချုပ်နေသောမဟာသမတရာဇာမင်းကားအမျိုးညံ့သောသူဖြစ်သည်။ထိုမင်း၏အုပ်ချုပ်မှု့ကိုပြည်သူများမှာမကျေ နပ်ကြ၍ဆူပူသောင်းကျန်းလျှက်ရှိကြ၏။ထို့ကြောင့်ဤအမျိုးမသန့်သောမင်းကိုဖြုတ်ချပြီးမြင့်မြတ်သောအမျိုးမှ ရခိုင်မင်းတပါးကိုနန်းတင်ရန်အရှင်မင်းကြီးကူညီတော်မူပါ " ဟုလျောက်တင်ကြသည်။
 မောင်သံတွေတို့အကူအညီတောင်းခံခြင်းကိုခံရသော
ဘိုးတော်မောင်ဝိုင်း(ဗဒုံမင်းသားကား) ဦးအောင်ဇေယျ၏စတုတ္ထသားပင်ဖြစ်သည်။
သူ့ခမည်းတော်ဆန္ဒအရဆိုလျှင်သူ့သားများ တစ်ယောက်ပြီးတစ်ယောက်ရွှေဘိုထီးနန်းကိုဆက်ခံပြီးဗဒုံမင်းသားဘိုးတော်မောင်ဝိုင်းမှာဆင်ဖြူ
ရှင်(၁ရ၆၃မှ၁ရရ၆)ကိုဆက်ခံရမည့်သူပင်ဖြစ်ပေသည်။သို့သော်ဆင်ဖြူရှင်သားတော်စဥ့်ကူးမင်း(၁ရရ၆မှ၁ရ၈၂)၏နန်းလုမှု့ကိုခံရသဖြင့်မင်းမဖြစ်ခဲ့ရပေ။

တဖန်(၁ရ၈၂)တွင်ဖေါင်းခါးစား မောင်မောင်ဆိုသူကစဥ့်ကူးမင်းကိုနန်းလု၍တက်လာပြန်ရာမူးမတ်ပညာရှိများကတိုက်တွန်းအားပေးထောက် ကူမှု့များကြောင်း ဘိုးတော်မောင်ဝိုင်းဖောင်းခါးစားမောင်မောင်ကိုလုပ်ကြံပြီးမှသာ(၁ရ၈၂)ခုနှစ်တွင်နန်းရလာခြင်းပင်ဖြစ်ပေသည်။
(၁ရ၅ရ)ခုနှစ်တွင်မွန်နှင့်ရှမ်းတို့ကိုအနိုင်ရပြီးမင်းဖြစ်လာသောဦးအောင်ဇေယျလက်ထက်မှစ၍(၁ရ၈၂)ခုနှစ်နန်းကျသွားသောစဥ့်ကူးမင်းအထိမင်းဆက်(၄)ဆက်၊(၂၅)နှစ်အတွင်းတွင် အိန္ဒိယ၊မဏိပူရနှင့်လည်းကောင်း၊တရုပ်(ယူနန်နယ်)နှင့်လည်းကောင်း၊ယိုးဒယား(ဇင်းမယ်၊
အယုဓ္ဒယ)နှင့်လည်းကောင်းစစ်ပွဲပေါင်းအကြိမ်ကြိမ်ဆင်နွဲကာမဏိပူရ၊ယူနန်တချို့ဒေသနှင့် ဇင်းမယ်တို့ကိုသိမ်းယူနိုင်ခဲ့လေသည်။

#စစ်သွေးဆာလောင်နေသောဗမာမင်းတို့သည်သူတို့
နယ်မြေနှင့်နယ်မြေချင်းထိတွေ့နေကြသောအထက်ဖေါ်ပြပါနိုင်ငံများအားအကြိမ်ကြိမ်ကျုးကျော်တိုက်ခိုက်နယ်ချဲ့နိုင်ခဲ့ကြသော်လည်းရခိုင်ပြည်ကိုကားတစ်ကြိမ်တခါမျှပင်၀င်ရောက် တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိပေ။

ခမည်းတော်နောင်တော်များမလုပ်ဝံ့ခဲ့ကြသောအလုပ်ကိုမိမိလုပ်ကောင်းမကောင်း၊မိမိမင်းဖြစ်လာခဲ့သည်မှလည်းနှစ်နှစ်ပင်မပြည့်သေးပြည်တွင်းရေးစိတ် မချရသေးသောယ္ခုအချိန်တွင် #ရခိုင်ပြည်ကိုကျူးကျော်နယ်ချဲ့တိုက်ခိုက်ရန်သင့်မသင့်စဉ်းစားကာချီတုံချတုံဖြစ်နေလေပြီးနောက်ဆုံး၌မောင်သံဒွေတို့တောင်းဆိုလာသောအကူအညီကိုပေးမည်ဖြစ်ကြောင်းဂတိပေးလိုက်လေသည်။

ပထမအဆင့်အနေနှင့်*ဘိုးတော်မောင်ဝိုင်းသည်ရခိုင်ပြည်သို့ထောက်လှမ်းရေးသူလှိုများကို စေလွှတ်လိုက်လေသည်*။ရခိုင်ဘုရင်မင်းတို့သည်မင်းကျင့်တရားဆယ်ပါးနှင့်အညီအုပ်ချုပ်ကြပြီး လူတဘက်သားအားအလွန်ပင် ဂရုနာတရားထားကြသူများပင်ဖြစ်သည်။

ဤအချက်က
လည်းဗမာသူလျိုများအတွက်***အခွင့်အလမ်းတစ်ရပ်ဖြစ်စေခဲ့ပါသည်***။ဗမာသူလျိုများသည် ရခိုင်ပြည်သူတို့၏ဇာတိသွေးဇာတိမာန်တက်ကြွအောင်အမြဲအားသစ်လောင်းနေသောမဟာမြတ်မုနိရုပ်ပွါးတော်အားနံနှိပ်ရန်စေလွှတ်ခဲ့ကြသည်။
ဤသို့ကြိုတင်ဆောင်ရွက်စရာများကို ဆောင်ရွက်ပြီးနောက်ရခိုင်ပြည်လည်းအလွန့်အလွန်စည်းရုံးရေးပျက်ပြားလာကာအင်အား ချဲ့နဲ့နေပြီဖြစ်ကြောင်းသိရပြီးမှသာလျှင်သားတော်အိမ်ရှေ့မင်းသားအား #ရခိုင်ကိုကျူးကျော် တိုက်ခိုက်သိမ်းပိုက်ရန်အင်အားအလုံးအရင်းနှင့်ချီတက်စေသည်။

ဗမာတို့ရခိုင်ပြည်ထဲသို့၀င်ရောက်လာသောလမ်းကြောင်းများမှာ

မင်းဘူးကအမ်းသို့တစ်ကြောင်း

၊ပန်းတောင်းမှတောင်ကုတ်သို့တစ်ကြောင်းနှင့်

မော်တင်ကိုပတ်၍ရေလမ်းမှတစ်ကြောင်း တို့ဖြစ်သည်။

ရခိုင်တို့ဘက်မှလည်းအပြင်းအထန်ခု ခံတိုက်ခိုက်ခဲ့ကြ၏။တိုက်ပွဲ၌နှစ်ဘက်စလုံးအမြောက်လက်နက်ကိုအသုံးပြုကြသည်။

ရခိုင်ဘက်မှလက်ပစ်ဗုံးကိုပါတွဲသုံးခဲ့ကြ၏။နှစ်ဘက်စလုံးလည်းအသေအပျောက်များလှသည်။

ဗမာတို့ဘက်ကသေကြလျှင်သူတို့မှာအသင့်အရံပါလာသောတပ်များကိုထပ်ဖြည့်နိုင်ကြသော်လည်းရခိုင်တို့ဘက်ကမူထိုသို့အင်အားထပ်မဖြည့်နိုင်ကြချေ။

ရခိုင်တို့မှာအိမ်ရှင်ဖြစ်ပါလျှက် အဘယ်အတွက်ကြောင်းအင်အားထပ်မံမဖြည့်နိုင် ကြသလဲဟုဆိုလျှင် ထိုအခါကဗမာကျူးကျော်ရေး သမားတို့အားခုခံတိုက်ခိုက်နေကြရသောရခိုင်စစ်သည်များမှာဘုရင်ကိုထောက်ခံ
သူများလောက်သာလျှင်ဖြစ်သည်။ပြည်သူလူထုအများစုကြီးမှာဘုရင်ကိုမကူညီမထောက်ပံ့ ကြပဲဖာသိဖာသာကိုယ်နှင့်မဆိုင်သလိုပင်ခပ်အေးအေးဘေးဖယ်နေကြသောကြောင်းပင်ဖြစ်သည်။
ဤသို့ဘေးဖယ်နေကြသည်မှာလည်းတခြားကြောင်းမဟုတ်၊#ဗမာကိုရန်သူဟုပင်မထင်ကြ၊ရခိုင်အကြီးအကဲ့တို့ကပင့်ချီလာ၍သာလာရောက်တိုက်ခိုက်ပေးရခြင်းဖြစ်သည်ဟု မှားယွင်းစွာယူဆထားကြခြင်းကြောင်းဖြစ်၏။

လက်ရှိကာလတွင်အတိတ်ကသင်ခန်းစာများကို ယူကာအလီလီအဖန်ဖန်ထပ်မမှားကြရန်အရေးကြီးပေသည်။မှားပြီးယင်းမှားနေကြဦးမည်
ဆိုလျှင်နိုင်ငံပျောက်ရုံသာမကလူမျိုးပါပျောက်မည်မှာသေချာနေပေသည်။

တနည်းဆိုရသော်ကိုယ့်အချင်းချင်းကျသော်အောက်ကျမခံသူတပါးအောက်ကိုအတင်းခေါင်းငု၀င်လိုသောကျွန်စိတ်ဓါတ်နှင့်ဗမာလာတိုက်သည်ကိုပင်ကောင်းသည်ဟုမှားယွင်းမိုက်မဲစွာ သဘောထားနေကြသောကြောင်းဗမာအိမ်ရှေ့မင်းသည် ရခိုင်ပြည်တောင်ပိုင်းကိုဦးစွာ သိမ်းယူပြီးနောက် ရခိုင်သစ္စာဖောက်များဖြစ်ကြသောမောင်သံတွေနှင့်မောင်ထွန်းစံတို့အားအနားတွင်ခေါ်ထားကာ(၁၁၄၆)ခနှစ်ုပြာသိုလ၌မြောက်ဦးမြို့တော်နှင့်မဝေးသောလောင်းကြက်မြို့ဟောင်းတွင် စစ်တပ်ချကာအခိုင်အလုံနေလာ၏။ ဗမာရေတပ်သည်လည်း ပိုးခြေကမ်းတွင်အခြေစိုက်ထားသည်။ဤကဲ့သို့မြောက်ဦးမြို့ကိုဗမာတပ်ကဝိုင်းထားစဉ်ရခိုင်မူးမတ်ပညာရှိအချို့က မဟာသမ္မတရာဇာအားလက်ဆောင်ပဏ္ဍာသမီးကညာဆက်ကာဗမာမင်းနှင့်မဟာမိတ်ဖွဲ့ရန်လျှောက်ထားတင်ပြတောင်းဆိုလာကြသည်။

မဟာသမတရာဇာမင်းက"ရှေးကဘေး ဘိုးလောင်းတော်တို့လက်ထက်ရခိုင်သို့စစ်ချီဝင်ရောက်လာသောရန်သူများကိုလက်ဆောင်ပဏ္ဍာသမီးကညာဆက်၍ စစ်ပြေငြိမ်းဖူးသည်ဟူ၍မရှိခဲ့၊ငါ့၏ လက်ထက်ကျကာပြီးမှသာလျှင်သမီးကညာဆက်သရချေသော်နောင်အစဉ်အလာရာဇ၀င်ရိုင်းပေတော့မည်""ဟူ၍မိန့်တော်မူပြီးလျှင်စစ်ပြိုင်မြဲပြိုင်တော်မူလေသည်။
သို့သော်အားမတန်သောကြောင်းထိုနှစ်ပြာသိုလပြည့်ကျော်(ရ)ရက်၊(၁ရ၈၄)ခုဒီဇင်ဘာလ(၃၁)ရက်၊စနေနေ့တွင်မြောက်ဦးမြို့တော်ကျဆုံးရလေသည်။သမတမင်းသည်နောက်လိုက် အခြွေအရံအချို့နှင့်မြောက်ဦးရွီမြို့တော်မှရှောင်တိမ်းထွက်ခွါလာပြီးအဉ္စနနဒီ(လေးမြို့မြစ်)အရှေ့ဘက်ခြမ်းတောနက်ထဲတနေရာ၌ခိုလှုံတပ်ချ၍နေသေးသည်။သို့သော်နောက်တစ်လကျော်အကြာတွင်ရခိုင်သစ္စာဖောက်တချို့၏လမ်းပြမှု့ကြောင်းမဟာသမတရာဇာမင်အဖမ်း ခံရလေတော့သည်။

 ဤသို့စစ်နိုင်သွားခဲ့သောနယ်ချဲ့ပဒေသရာဇ် ကျူးကျော်ရေးသမားဗမာတို့သည်သူတို့တကြိမ် တခါမျှပင်မရှိဖူးမမြင်ဖူးကြသေးသော၊သေသပ်ခိုင်မာသောပြောင်းရှည်အမြောက်လက်များ၊ သာမန်သေနပ်ယမ်းမီးပေါက်များ၊ဆင်ဖြူတော်များ၊စစ်သုံးဆင်မြင်းများ၊မရေနိုင်မတွက်နိုင်
အောင်များပြားသောနန်းစဉ်ရတနာများ၊ရွှေငွေများ၊ပြည်သူ့ဘဏ္ဍာတော်များကိုလုယက်ယူငင်သိမ်းဆည်းသွားခဲ့ကြသည်
။ဤသို့အားဖြင့်ခေတ်အလျှောက်တိုးတက်ပြောင်းလဲမှု့များနှင့်
သစ်လွင်လှပ၍နှစ်ပေါင်း(၅၀၀၀)ငါးထောင်ကျော်ကိုယ့်ထီးကိုယ့်နန်းနန့်တည်တံ့ခိုင်မာလာခဲ့ရသောရခိုင်ဘုရင့်နိုင်ငံနှင့်ရခိုင့်ရွှေနန်းတော်တို့သည်မီးလောင်တိုက်ထဲတွင်ပြာဘုံဘ၀အဖြစ်နှင့်အဆုံးသတ်ခဲ့ရပေတော့သည်။

"""""ရခိုင့်တော်လှန်ရေးစတင်ခြင်း"""""
--------------------------

 (၁ရ၈၄)ခုနှစ်ဒီဇင်ဘာလကုန်၊(၁၁၄၆)ခုပြာသိုလပြည့်ကျော်(ရ)ရက်နေ့တွင်ရခိုင်တစ်နိုင်ငံလုံးပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားဗမာတို့လက်အောက်သို့ကျွန်သဘောက်အဖြစ် စတင်ကျရောက်ခဲ့ရလေတော့သည်။ကျူးကျော်သူဗမာနယ်ချဲ့တို့သည်ကျူပင်ခုတ်ကျူငုတ်မကျန်ရ
ဆိုသောစကားအတိုင်းတွေ့သမျှမြင်သမျှရခိုင်လူမျိုးများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြသည်ကိုကြည့်လျှင်လူသားတို့ပေါ်တွင်ကျူးလွန်သောကြီးမားသောရာဇ၀တ်ပြစ်မှု့မြောက်သောလူသားမျိုးနွယ်တုံးသတ်ဖြတ်မှု့ကြီးပင်ဖြစ်ပေသည်။ရခိုင့်သမိုင်းတွင်ဘယ်သောအခါမှ မေ့ဖျောက်ပစ်၍မရနိုင်သောနောင်မျိုးဆက်သစ်အဆက်ဆက်တို့အားအမြဲတမ်းလက်ဆင့်ကမ်းပေးနေသောအမဲစက်ကြီးပင်ဖြစ်နေပေသည်။စစ်နိုင်သူမဟာဝါဒီတို့သည်နောင်တချိန်တွင်သူတို့အားပြန်လည်တုံ့ပြန်မတိုက်ခိုက်နိုင်အောင်အေက်ဖေါ်ပြပါတို့ကိုလုပ်ဆောင်သွားခဲ့ ကြတော့သည်။ 

၁။မဟာသမတရာဇာနှင့်မိဖုရား၊သားတော်သမီးတော်များ။
၂။မူးတော်မတ်တော်နှင့်ပရောဟိတ်ပညာရှိများ။
၃။ရဟန်းပညာရှိလူပညာရှိများ။
၄။လက်မှု့ပညာသည်များ(ပန်းထိမ်၊ပန်းရံ၊လက်သမား)။
 ၅။မဟာမုနိရုပ်ပွါးတော်နှင့်မြောက်များစွာသောအခြားရုပ်ထုတော်များ။ ၆။ဘုရင့်ဘဏ္ဍာတော်တိုက်မှ အဖိုးမဖြတ်နိုင်သောပတ္တမြားနှင့်နန်းစဉ်ရတနာများ။ 
ရ။ဗေဒင်ကျမ်း၊ဆေးကျမ်း၊နက္ခတ်ကျမ်း၊စသည့်ပရပိုက်များ။ 
၈။ရခိုင့်သမိုင်းစဉ်ကိုပြုစုထားသည့်ပရပိုက်များ။
၉။သံဃာယနာတင်ပိဋကပ်သုံးပုံ။
၁၀။ရခိုင့်ရွှေနန်းတော်မှကြေးဝါအမိုးပြားများ။ 
၁၁။သန်မာထွားကျိုင်း၍ အလုပ်လုပ်နိုင်သောပြည်သူ(၃၀၀၀၀) 
၁၂။အလျားအတောင်(၂၀)၊လုံးပတ်(၆)တောင်မျှရှိသောအမြောက်ကြီးများနှင့်အခြားအ မြောက်ပေါင်း(၂၀၀၀)၊စိန်ပြောင်းအလတ်(၁၀၀၀၀) စသောသက်ရှိသက်မဲ့မြောက်များစွာ တို့ကိုဗမာပြည်သို့ယူဆောင်သွားခဲ့ကြပြီးဗမာမှု့ပြုကြလေတော့သည်။

 ထိုမျှမခါကသေးရခိုင်တို့၏ဇာတိသွေးဇာတိမာန်ကိုပြန်လည်နှိုးဆွပေးနိုင်သောထင်ရှားသော အဆောက်အဦးကြီးများဖြစ်သောနန်းတော်များ၊အခြားထီးသုံးနန်းသုံး(သူတို့သယ်ယူနိုင်ရန် မတတ်နိုင်သောပစ္စည်းဟူသမျှ)နှင့်ဗုဓ္ဒရုပ်ပွါးတော်များ၊စေတိပုတိုးများ၊ထင်ရှားကျော်ကြား
သောကျောင်းတော်ကြီးသုံးဆယ်နှင့်ကျောင်းငယ်ပေါင်း(၃ရ၀၀)တို့ကိုလည်းမိစ္ဆာလူမျိုးတို့က မီးရှိ့ဖျက်ဆီးပစ်ခဲ့ကြသည်။မဟာမြတ်မုနိရုပ်ပွါးတော်စံမြန်းခဲ့သောထူးခြားသည့်(ဘုရားပွင့်တော်မူရာအနောက်မိဇျ္စိမသို့မျက်နှာမူထားသော)ပလ္လင်တော်မှာမူဖျက်ဆီးခံရခြင်းဘေးမှ လွတ်မြောက်ခဲ့ပြီးယခုတိုင်ကျန်ရှိနေသေးသည်။

ဤသို့အားဖြင့်သူတို့အားပြန်လည်တော်လှန်နိုင်သောသူအားလုံးကိုဖမ်းဆီးခေါ်ဆောင်သွားကြပြီးနောက်မင်းကြီးခေါင်ကျော်ဆိုသူမကောင်းဆိုးဝါးမိစ္ဆာကောင်အားဗမာရဲမက်(၁၀၀၀၀) ခြံရံလျှက်အသက်မသေပဲကျန်ရှိနေခဲ့ကြသောခိုင်ပြည်သူလူထုကိုဆက်လက်၍ညှင်းပမ်း
နှိပ်စက်သတ်ဖြတ်ရန်အတွက်ထားခဲ့ကြသည်

။မင်းခေါင်ကျော်ဆိုသူသည်ရခိုင်တို့အားရက်စက်ကြမ်းတမ်းစွာအုပ်ချုပ်သည့်အပြင်ရုပ်ကိုရောစိတ်ကိုပါအမျိုးမျိုးနှိပ်စက်ညှင်းပမ်းခဲ့၏။
နှိပ်စက်ညှင်းပမ်းမှု့ကိုမခံရပ်နိုင်၍ထွက်ပြေးသွားသောသူများအားဖမ်းမိလျှင်ဓါးဖြင့်ခုတ်သတ်၏။ငိုယိုတောင်းပန်သူများအားအားနားရွက်ကိုဖောက်၍တိရာစ္ဆာန်ပမာချဉ်နှောင်ဆွဲငင်သွားကြ၏။အပြစ်မဲ့သောထောင်သောင်းမြောက်များစွာသောရခိုင်ပြည်သူကိုယ်၀န်သည်
များ၊ခလေးများအားဝါးရင်းတုတ်ဖြင့်ရက်စက်စွာပင်ရိုက်သတ်၏။နို့စို့ကလေးများအား မောင်းဆုံထဲထည့်ကာမောင်းထောင်း၍တမျိုးသတ်၏။မွေးခါစကလေးငယ်များကိုသူ့မိခင်ရှေ့တွင်အပေါ်သို့မြှင့်တင်လိုက်ပြီးလျှင်အောက်မှဓါးရှည်ဖြင့်ခံကာပိုင်းဖြတ်၍လည်းကောင်း၊လှံသွားနှင့်
ခံကာထိုးသတ်၍တဖုံ၊အရှင်လတ်လတ်မီးပုံထဲပစ်ထည့်၍လည်းကောင်း၊ခြေလက်ကြိုးတုတ်ကာရေထဲပစ်ချ၍လည်းကောင်း၊အသတ်ခံသွားကြရရှာသောခလေးလူကြီးများမှာကားမရေနိုင်မတွက်နိုင်အောင်များပြားလွန်းသည်

။မှတ်တမ်းများအရစုစုပေါင်းအသတ်ခံခဲ့ကြရသူရခိုင်လူမျိုးဦးရေမှာ

-တင်းဝါးပန်းခိုင်တမြိုင်မြိုင် ရခိုင်အလောင်းပေါင်း(၇၄၅၂၇၅၅) ယောက်ကျော်ရှိသည်။

အနောက်ဘင်္ဂလားယခု(ဘင်္ဂလားဒေ့ရ်ှနိုင်ငံ)စစ်တကောင်းနယ်ရှိတောင်တန်းဒေသများနှင့်ဘင်္ဂလားပင်လယ်ကိုဖြတ်သန်းကာဘင်္ဂလားအ၀ကျွန်းဒေသသို့မိမိတို့အိုးအိမ်ကိုစွန့်ခွါ၍အသက်လုကာထွက်ပြေးသွားခဲ့ကြသောရခိုင်စစ်ပြေးဒုက္ခသည်ဦးရေမှာနှစ်သိန်းကျော်ရှိပြီးဗမာပြည်သို့ကျွန်ခံရန်နှင့်ယိုးဒယားသို့ကျူးကျော်၀င်ရောက်တိုက်ခိုက်ရန်လူသားဒိုင်းကာများအဖြစ်အသေခံခေါ်ဆောင်းသွားခြင်းခံခဲ့ကြရသောဦးရေစုစုပေါင်းမှာလည်းတစ်သိန်းကျော်ထိများပြားကြောင်းသမိုင်းမှတ်တမ်းများကပြောပြနေပေသည်။ခြုံ၍ဆိုရလျှင်ဗမာတို့ကားနောင်နှစ်ပေါင်း(၂၀၀) ဒုတိယကမ္ဘာ့စစ်အတွင်းပေါ်ပေါက်လာမည့်ဂျာမန်နာဇီ၊အီတလီ၊ဂျပန်ဖက်ဆစ်တို့ထက်ပင်ရက်စက်မှု့မျိုးစုံကိုကမ်းကုန်အောင် တီထွင်ပြုလုပ်နိုင်ခဲ့ကြသောလူသတ်ကောင်မကောင်းဆိုးဝါးမိစ္ဆာဝါဒီ(ဖက်ဆစ်ကောင်)များသာလျှင်ဖြစ်ကြပေသည်။

 မင်းကွန်းစေတီနှင့်မင်းကွန်းခေါင်းလောင်းသွန်းလုပ်ရာတွင်လည်းကောင်း၊မိတ္ထိလာကန်ကြီး ဆည့်ဖို့ရာတွင်လည်းကောင်း၊ယိုးဒယားနိုင်ငံသို့ထပ်မံနယ်ချဲ့ကျူးကျော်၀င်ရောက်တိုက်ခိုက်ရာတွင်လည်းကောင်းအတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသောရခိုင်လူမျိုးတို့မှာ
လည်းအထက်ဖေါ်ပြပါနည်းလမ်းများအတိုင်းပင်နှိပ်စက်သတ်ဖြတ်ခြင်းကိုခံခဲ့ကြရပေသည်။

ဗမာတို့ဂုဏ်ယူ၀င့်ကြွားစွာပြောဆိုနေကြသောမင်းကွန်းစေတီအနီးပတ်၀န်းကျင်တွင်ရခိုင်အရိုးများမှာတောင်လိုပုံနေလိမ့်မယ်။ယနေ့အချိန်တွင်မြေကြီးကိုတူးဆွကြည့်ပါကမြေကြီးကသက်သေတည်မှာဖြစ်သည်။ဤအရိုးများသည်တနေ့နေ့တစ်ချိန်ချိန်တွင်ပြန်လည်၍တစ်
ခါတွန်လာဦးမည်ပင်ဖြစ်သည်။

ဤသို့ဆိုလျှင်ဘိုးတော်မောင်ဝိုင်းသည် ""ရခိုင်ဘုရင်မဟာသမ္မတရာဇာအားနန်းချပြီးတော်၀င်ရခိုင်မျိုးနွယ်ထဲမှအခြားမင်းတပါးကိုအစားထိုးနန်းတင်ပေးရန်""ဟူသောမူလဂတိစကားကိုဖောက်ဖျက်ကာရခိုင့်ဘုရင့်နိုင်ငံတော်အားပြောင်ကျကျပင်ကျူးကျော်သိမ်းပိုက်နယ်ချဲ့လိုက်သည်မှာထင်ရှားပေသည်။အုပ်ချုပ်ပုံမှာလည်းသာမန်အုပ်ချုပ်မျိုးမဟုတ်တော့ပဲအထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်းလူသတ်ဝါဒကိုပြောင်ကျကျပင်ကျင့်သုံး၍အုပ်ချုပ်လာတော့မှပင်တံလျှပ်ကိုရေထင်ရွှေသမင်အလိုက်မှားခဲ့ကြသော၊ရန်သူကိုမိတ်ဆွေဟုထင်မှတ်ခဲ့ကြသောအမျိုးသားဖောက်ပြန်ရေးသမား ""မာင်သံတွေနှင့်မောင်ထွန်းစံ""တို့ပင်က်ိုယ်ဖော်ဆေးကိုယ်မစားနိုင်ကြသောအဖြစ်မျိုးနှင့်ကြုံကာနောက်ဆုံးကမန်းကတန်းထကာရရာလူသူလက်နက်အင်အားများကိုစုရုံးကြပြီးသူတို့၏အနှီမဟာမိတ်ဗမာအားစတင်တော်လှနကြလေတော့သည်။

သို့သော်...များစွာနောက်ကျသွားခဲ့ချေပြီ။ဗမာတို့မှာရခိုင်ပြည်အားလူ
အင်အားသုံးကာအခိုင်အမာပင်ထိမ်းချုပ်ထားလိုက်ပြီဖြစ်သည်။(၁ရ၉ရ)ခုနှစ်တွင်မောင်သံတွေတောထဲ၌ပုန်းအောင်းနေရင်းမနာမကျန်းဖြစ်၍သေဆုံးရာသူ့သားစိုင်းတင်စား ""ချင်းပျံ""ကတစ်ဖန်ဗမာတို့အားရခိုင့်မြေပေါ်မှမောင်းထုတ်တော်လှန်ခဲ့ပြန်သည်။ "

ဤစာတမ်းငယ်သည်နောင်မျိုးဆက်သစ်တို့မိမိတို့၏သမိုင်းကြောင်းအမှန်ကိုအမှန်အတိုင်းသိရှိနားလည်ခံစားနိုင်ကြစေရန်ရည်ရွယ်၍ ပိုးလင်းအောင် ရခိုင့်နိုင်ငံသမိုင်းသစ်စာအုပ်မှထပ်ဆင့်ကူးယူဖေါ်ပြခြင်းဖြစ်ပေသည်။ "[ RPLC

အရှင် အရဟံ Ct::ရက္ခပူရ ဓညဝတီ
တောင်ဆိုမူတခု
                                           
                                    {ရက္ခိမျိုချိုက်သဇင်ချေ}
         crd.



Comments