ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ် =========================== ရခိုင်လူမျိုးတို့တွင် ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ ရှိခဲ့ပြီး ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့သည် လူမျိုးကွဲ၊ လူမျိုးခြားများနှင့် လက်ထပ်ခြင်းကို ရှောင်ရှားလေ့ ရှိကြသည်။ ရမ္မာဝတီ ရခိုင်သူ၊ ရခိုင်သားများမှာလည်း ထိုနည်းတူစွာပင် မြန်မာနိုင်ငံအနှံ့ စီးပွားရှာ လုပ်ကိုင်နေကြသော်လည်း အိမ်ထောင်ပြုသည့်အခါ မိမိတို့ ရခိုင်သူ ရခိုင်သားအချင်းချင်း သော်လည်းကောင်း၊ မိမိတို့၏ အရပ်ဒေသသို့ပြန်လာ၍ ဒေသခံ များနှင့် သော်လည်းကောင်း၊ အိမ်ထောင်ပြု ထိမ်းမြားလေ့ရှိကြပါသည်။ သို့ဖြစ်၍ ယနေ့ထက်တိုင် ရခိုင် ဟူ၍ လူမျိုးတစ်မျိုးအဖြစ် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် မားမားမတ်မတ် ရပ်တည်နိုင်ခြင်း ဖြစ်လေသည်။ ယဉ်ကျေးမှုပျောက်က လူမျိုးပါ ပျောက်မည်ဖြစ်၍ လူမျိုးမပျောက်အောင် ရခိုင်သားတိုင်း ယဉ်ကျေးမှုဓလေ့ထုံးစံများကို သမိုင်းပေးတာဝန်တစ်ရပ် အနေဖြင့် ထိန်းသိမ်းထားရပေမည်။ ယခုခေတ်တွင် လူထုဆက်သွယ်ရေး လျှင်မြန်လာခြင်းကြောင့် ကမ္ဘာနှင့်အ၀ှမ်း လက်လှမ်း မီလာနိုင်သော်လည်း တစ်ဖက်တွင...