Posts

Showing posts with the label အစောဆုံး ကျိန်စာပါကျောက်စာများထဲတွင် အစောဆုံးဟု ယူဆရသော ရခိုင်ဒေသမှ

အစောဆုံး ကျိန်စာပါကျောက်စာများထဲတွင် အစောဆုံးဟု ယူဆရသော ရခိုင်ဒေသမှ

Image
အစောဆုံး ကျိန်​စာပါ ကျိန်စာပါကျောက်စာများထဲတွင် အစောဆုံးဟု ယူဆရသော ရခိုင်ဒေသမှ ကျောက်စာတစ်ချပ် ===================================== ******************************************************* ဤနေရာ၌ ငါသည် စေတီကို အပြီး တည်ဆောက်ခြင်း ကြောင့် အတုမရှိသော အကြင် ကောင်းမှုကို ရအပ်ပြီ ။ ထိုကုသိုလ် ကောင်းမှုသည် သတ္တ၀ါ အပေါင်းတို့အား လောဘ ဒေါသ မောဟ အညစ်အကြေးသုံးသုံးပါးကို ပယ်ရှားနိုင်ပါစေသတည်း။တဏှာတည်း ဟူသော လှိုင်းတံပိုးတို့ ပြင်းထန်စွာ ရိုက်ခတ်နေသည့် ဘ၀တည်း ဟူသော သမုဒ္ဒရာမှ နိဗ္ဗာန်တည်းဟူသည့် ကမ်းတစ်ဖက်သို့ချမ်းသာ စွာရောက်ကြပါစေသတည်း ။စေတီကိုဖျက်ဆီးသူတို့သည် သေသည် နောက်၌ အလျံတပြောင်ပြောင် တောက်လောင်လျှက်ရှိသော ရောရုဝ ငရဲသို့ရောက်ပါစေသတည်း။(ဤစေတီကို)စောင့်ရှောက်သူသည် နတ် ပြည်၌ ကပ်ကမ္ဘာ သက်တမ်းထောင်ပေါင်းများစွာတည်ပါစေသတည်း။ ကိုးကား- မူရင်းကျောက်စာ၊ မင်ကူး၊မြောက်ဦးပြတိုက် ဦးစံသာအောင်-အာနန္ဒစန္ဒြမင်းရှစ်ရာစုရခိုင်ဝေသာလီမင်း Credit RaZar Min