Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အစောဆုံး ကျိန်စာပါကျောက်စာများထဲတွင် အစောဆုံးဟု ယူဆရသော ရခိုင်ဒေသမှ


အစောဆုံး ကျိန်​စာပါ

ကျိန်စာပါကျောက်စာများထဲတွင် အစောဆုံးဟု ယူဆရသော ရခိုင်ဒေသမှ ကျောက်စာတစ်ချပ်

=====================================

*******************************************************

ဤနေရာ၌ ငါသည် စေတီကို အပြီး တည်ဆောက်ခြင်း

ကြောင့် အတုမရှိသော အကြင် ကောင်းမှုကို ရအပ်ပြီ ။ ထိုကုသိုလ်

ကောင်းမှုသည် သတ္တ၀ါ အပေါင်းတို့အား လောဘ ဒေါသ မောဟ

အညစ်အကြေးသုံးသုံးပါးကို ပယ်ရှားနိုင်ပါစေသတည်း။တဏှာတည်း

ဟူသော လှိုင်းတံပိုးတို့ ပြင်းထန်စွာ ရိုက်ခတ်နေသည့် ဘ၀တည်း

ဟူသော သမုဒ္ဒရာမှ နိဗ္ဗာန်တည်းဟူသည့် ကမ်းတစ်ဖက်သို့ချမ်းသာ

စွာရောက်ကြပါစေသတည်း ။စေတီကိုဖျက်ဆီးသူတို့သည် သေသည်

နောက်၌ အလျံတပြောင်ပြောင် တောက်လောင်လျှက်ရှိသော ရောရုဝ

ငရဲသို့ရောက်ပါစေသတည်း။(ဤစေတီကို)စောင့်ရှောက်သူသည် နတ်

ပြည်၌ ကပ်ကမ္ဘာ သက်တမ်းထောင်ပေါင်းများစွာတည်ပါစေသတည်း။

ကိုးကား- မူရင်းကျောက်စာ၊ မင်ကူး၊မြောက်ဦးပြတိုက်

ဦးစံသာအောင်-အာနန္ဒစန္ဒြမင်းရှစ်ရာစုရခိုင်ဝေသာလီမင်း

Credit RaZar Min



Comments