အလောင်းမင်းတရား (ခ) ဦးအောင်ဇေယျမှ #မွန်ဘုရင်နှင့် (ပဲခူး)မွန်ဟံသာဝတီနန်းတော် မီးရှို့ ဖျက်စီးခြင်း..။

(ပဲခူး)ဟံသာဝတီ မွန်နန်းတော် ပျက်သုန်ခြင်း (၂၆၉) နှစ်ပြည့် သတိရ အောက်မေ့ခြင်း




* * * * * * * * * * * * * * * * * * * * * * * * * 
မွန်လူမျိုးတို့၏ မြို့တော် ဟံသာဝတီသည် {ခရစ်နှစ် ၁၇၅၇၊ မေလ၊ (၇) ရက်နေ့} ကောဇာသက္ကရာဇ် - ၁၁၁၉ ခုနှစ်၊ ဆုန်လဆုတ်၊ (၈) ရက်နေ့တွင် အလောင်းမင်းတရား (ခေါ်) ဦးအောင်ဇေယျ ၏ လက်ချက်ဖြင့် မီးလောင်ပြာကျပြီး ပျက်သုန်းခဲ့ရသော ယနေ့ ( ၈ - ၅ - ၂၀၂၆) ရက်နေ့ {ကောဇာသက္ကရာဇ် - ၁၃၈၈ ခုနစ်၊ ကဆုန်လဆုတ်၊ (၈) ရက်နေ့ ) ဆိုလျှင် (၂၆၉) နှစ်ပြည် မွန်တို့၏အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရသည်။
••••••••••••••••########••••••••
#အလောင်းမင်းတရား (ခ) ဦးအောင်ဇေယျမှ #မွန်ဘုရင်နှင့် (ပဲခူး)မွန်ဟံသာဝတီနန်းတော် မီးရှို့ ဖျက်စီးခြင်း..။

ခရစ်သက္ကရာဇ် (၁၇၄၆) ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၁ဝ၈) ခုနှစ်ရောက်သောအခါ ဟံသာဝတီ နိုင်ငံတော်ကို မွန်တို့ ပြန်လည် ထူထောင်ခဲ့သည်။ ဗညားဒလအား ဘုရင်အဖြစ် ကောဇာ သက္ကရာဇ် (၁၁ဝ၉) ခုနှစ်တွင် တင်မြှောက်လိုက်သည်။ အင်းဝတွင်အုပ်စိုးနေသော ဗမာဘုရင် တို့သည်လည်း မွန်ဘုရင်အခြေမခိုင်မီ ဖြိုခွဲပစ်ရန် ချီတက်လာသည်။ ဗညားဒလဘုရင်သည် စစ်သူကြီးဒလမာန်အား မွန်စစ်တပ်ကို ဦးစီးကွပ်ကဲစေပြီး၊ ဗမာဘုရင်တို့၏တပ်နှင့် ရင်ဆိုင် တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။ 

ထိုစဉ်ပြည်မြို့အနီးတွင် ဗမာဘုရင်တပ်တို့နှင့် ရင်ဆိုင်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် ဗမာဘုရင်တပ်တို့သည် ရှုံးနိမ့်ပြီး ဆုတ်ခွာထွက်ပြေးသွားသည်။ စစ်သူကြီး တလဗာန် သည် ဆုတ်ခွာထွက်ပြေးသွားသော ဗမာတို့၏တပ်နောက်သို့ လိုက်လံတိုက်ခိုက်ယင်း အင်းဝမြို့ကိုပါ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ဗမာဘုရင်ကိုပါ ဖမ်းဆီးရမိသည်။ ကောဇာသက္ကရာဇ် (၁၁၁၃) ခုနှစ်တွင် မွန်တို့မှ အင်းဝကို သိမ်းပိုက်နိုင်ခဲ့သည်။ 
မွန်ဘုရင် ဗညားဒလသည် အင်းဝမြို့တွင် စစ်သူကြီး တလဗာန်အား အုပ်ချုပ်ကွပ်ကဲစေပြီး ဖမ်းဆီးရမိသော ဗမာဘုရင် မဟာဓမ္မရာဇာဓိပတိအား ဟံသာဝတီမြို့တော်သို့ ခေါ်ဆောင်လာသည်။ ထို့ကြောင့် ၄င်းကို ဟံသာဝတီပါမင်းဟု ခေါ်ဆိုကြသည်။ 

ဗညားဒလဘုရင်သည် အင်းဝကို အုပ်ချုပ်စေရန် ခန့်ထားသော တလဗာန် စစ်သူကြီးအား နန်းတွင်းမှ မူးမတ်အချို့၏ ကုန်းချော မှုကြောင့် သံသယဖြစ်ပေါ်လာပြီး စစ်ရေးလည်းမကျွမ်းကျင်သော နိုင်ငံရေး ပရိယာယ်လည်းမလိမ္မာသော မိမိ၏ညီတော် ဖြစ်သော အိမ်ရှေ့မင်းသားအား အစားထိုး ခန့်အပ်ပြီး တလဗာန်အား အနားပေးလိုက်သည်။ မကြာမီမှာပင် ရွှေဘိုမြို့မှ ဦးအောင်ဇေယျ ဦးဆောင်၍ ပုန်ကန်ထကြွလာသောရန်ကို အိမ်ရှေ့မင်းက မနှိမ်နင်း နိုင်သောကြောင့် အင်းဝ မင်းနေပြည်တော် ကျဆုံးရှုံးနိမ့်၍ လက်လွှတ် ခဲ့ရသည်။ ဦးအောင် ဇေယျသည် အင်းဝနေပြည်တော်ကို သိမ်း ပိုက်ပြီးနောက် အလောင်းဘုရား ဘွဲ့တော်ကို ခံယူတော်မူပြီး ဘုရင်အဖြစ် အုပ်စိုးတော်မူသည်။ အလောင်းဘုရားဘွဲ့ခံ ဦးအောင်ဇေယျ ဘုရင်သည် အင်းဝမှ ထွက်ခွာခဲ့သော မွန်တပ်တို့ကို လိုက်လံတိုက်ခိုက်သည်။ ပြည်မြို့မှ တစ်ဆင့် ဒဂုံမြို့ကို တိုက်ခိုက် သိမ်းပိုက်ပြီင်္းနောက်၊ ထိုဒဂုံမြို့ကို ရန်ကုန်မြို့ဟု အမည်သစ် သမုတ်လိုက်ပါသည်။ 
ဒဂုံမြို့ (ယခု ရန်ကုန်မြို့) ကို အောင် မြင်ပြီးနောက် ဟံသာဝတီ နေပြည်တော်ကို ဝန်းရံ ပိတ်ဆို့ထားသည်။ ဦးအောင်ဇေယျက မွန်နိုင်ငံကို တိုက်ခိုက်လာသောအခါ မွန်ဘုရင် ဗညားဒလ သည် ဖမ်းဆီးထားသော ဗမာဘုရင် မဟာဓမ္မရာဇာဓိပတိ (ဟံသာဝတီ ပါမင်း) အား သတ်ပစ် လိုက်သည်။ 

#ဟံသာဝတီနေပြည်တော်ပြိုကွဲခြင်း
မြန်မာသက္ကရာဇ် ၁၁၁၈ ခုနှစ်လောက်တွင် မြန်မာ ပဒေသရာဇ်တို့သည် ဟံသာဝတီ မြို့တော်ကို ဝန်းရံ လုပ်ကြံ လာသောအခါ ဘုရင် ဗညားဒလသည် အကျအဆုံးများစွာ ဖြစ်ပေါ်နေချိန်တွင် ရန်သူအား အနိုင် တိုက်နိုင်သူကို သမီးတော်နှင့် ပေးစားမည်ဟု မောင်းကျင်း လှည့်လည်ခတ်သောအခါ ဒလဗာန်၏ ဆရာတော်က ကြား၍ ဒလဗာန်အား အခေါ် လွှတ်လိုက်သည်။ ဒလဗာန်သည် ဆရာတော်ခြေရင်းသို့ ရောက်လာ၍ ဝတ်ပြုပြီး သောအခါ ဆရာတော်က ဟံသာဝတီ အရှင်ဘုရင်က ရန်သူအား အောင်နိုင်အောင် တိုက်နိုင်သူအား သမီးတော်အား အပ်နှံ ပေးမည်ဟု ကတိပြုမောင်းလည် ခတ်ခဲ့သည်။ သင်လည်း အိမ်ထောင်ပြုရန် အရွယ်ရောက်နေပြီ ဖြစ်၍ မည်သို့ သဘောထားသည်ကို ဆရာတော် မေးမြန်းသောအခါ ဆရာတော်၏ အမိန့်ကို နာခံပါမည်ဟု ကတိပြု လိုက်သည်။

ဒလဗာန်၏ ကတိပြုချက်ကို တဆင့်တဆင့် ဘုရင် ကြားသိသောအခါ ဒလဗာန်အား ရှေ့တော်သို့ သွင်းစေပြီး ကတိသစ္စာပြုကာ လက်နက်များ ထုတ်ပေး လိုက်သည်။ ဒလဗာန်သည် ရှိနှင့်နေပြီးသော ဗိုလ်ချုပ်များနှင့် ပူးပေါင်းကာ ရန်သူတပ်နှင့် ရင်ဆိုင်တိုက်ရာ မဟာပဒေသရာဇ် တပ်များ ဆုတ်ခွာ ထွက်ပြေး သွားကြသောကြောင့် အနိုင်ယူပြီး စစ်တပ်ကို အနားပေးကာ မိမိတို့မြို့တွင်းသို့ ဝင်ရောက်နား နေသည်။
ထိုအချိန်တွင် ဘုရင်က ဒလဗာန်အား သမီးနှင့် ပေးစားရန် ကတိကို ဖျက်၍ လှပသော သူဌေးသူကြွယ် သမီးနှင့် ပေးစားရန် ကြံရွယ်နေသည်ကို ဒလဗာန်၏ ဆရာတော်က ကြားသိ၍ ၄င်းအကြောင်းကို ဒလဗာန်အား အသိပေး ပြောကြား လိုက်သည်။ ဒလဗာန်သည် သစ္စာမရှိ ကတိမတည်သော ဘုရင်၏ ကတိကိုသိသည်နှင့် မိမိတို့၏ အဖော်သဟဲ ဆွေမျိုးများကို စုစည်း၍ (မွန် ဘာသာဖြင့် ကံမရာဇ်ကို မရာတ်ရ) ဟု ဆုံးဖြတ်ချက်ချကာ တောင်ဘက်တံခါး ကိုဖွင့်လျက် ဇင်းမယ်ဘက်သို့ ဦးတည် ထွက်ခွာ သွားတော့သည်။

ဒလဗာန် ထွက်ခွာသွားကြောင်းကို ဗမာ ပဒေသရာဇ်တပ်တို့ ကြားသိ သောအခါ ထပ်မံ၍ မြို့ကို ဝန်းရံ တိုက်ခိုက် ပြန်သည်။ ဗိုလ်ချုပ်များဖြစ်သော (တလကေုင် ၊ တလသ္ဇင် ၊ တလကျိန်) (၃) ဦးတို့သည် ဗမာ ပဒေသရာဇ်တပ် တို့အား အစွမ်းကုန် ခုခံတိုက်ခိုက်ရန် ကတိပြုကြသည်။ သို့သော် ဘုရင် ဗညားဒလ သည် ဗမာဘုရင်ထံ လက်နက်ချရန် ကမ်းလှမ်းလိုက်ပြီး မြို့တံခါးကို ဖွင့်လိုက် သောအခါ ဗိုလ်ချုပ်(၃) ဦးတို့သည် အစွမ်းကုန်ခုခံရင်း မိမိတို့၏ ဆွေမျိုး မိဿဟာများ တပ်တို့ကို စုပေါင်းပြီးမြို့၏ တောင်ဘက်တံခါးမှ အရှေ့ဘက်ကို ဦးတည်၍ ဟံသာဝတီကို စွန့်ခွာသွားကြသည်။ ဘုရင် ဗညားဒလသည် ဗမာ ဘုရင်ထံ လက်နက်ချ အညံ့ခံ၍ ဟံသာဝတီ နေပြည်တော်ကို အပ်လိုက်သည်။
ဗမာ ဘုရင်တပ်သားတို့သည် မြို့တွင်းသို့ဝင်၍ မြို့သူ မြို့သားတို့၏ ပစ္စည်းများကို လုယူသတ်ဖြတ် သောအခါ မြို့သူ မြို့သားတို့သည် မိမိတို့အသက် ရှင်ရေးအတွက် ခြေဦးတည်ရာ ထွက်ပြေးကြသည်။ ဝေါဆရာတော် အစုသည် ဟံသာဝတီ နေပြည်တော်မှ ထွက်ပြေးကြ၍ မုတ္တမ၊ မော်လမြိုင်ကိုဖြတ်ကာ အထ္ထရံမြစ် ဝင်းရော်မြစ်အတိုင်း ချီတက်ကာ ဖားပြဂူ၌ အခြေချခဲ့သည်။ ထို့နောက် မွန်စာပေများကို များစွာရေးသားခဲ့သည်။ 

တလကေုင် ၊ တလသ္ဇင် ၊ တလကျိန် ဗိုလ်အုပ်စုတို့သည် ဟံသာဝတီ မြို့တော်မှ ထွက်ခွာရင်း တိုက်ပွဲမှရရှိခဲ့သော ဒဏ်ရာကြောင့် ဦးစွာ (တလကျိန်)သည် ခရီးတစ်ဝက် တစ်ထောက်တွင် အနိစ္စရောက်ပြီး (တလကေုင်) သည် မုတ္တမ အရောက်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ (တလသ္ဇင်) သည် မုတ္တမ လွန် ပြီးသောအခါတွင် အနိစ္စရောက်သွားကြသည်။ ဟံသာဝတီမြို့တော်ကို သိမ်းပိုက်ရရှိပြီးသော ဗမာ ပဒေသရာဇ်တို့သည် မြို့တော်ကို ဖျက်ဆီးပစ်ရုံမျှ မက ''ကျူပင်ခုတ် ကျူငုတ် မကျန်စေရ'' ဟုကြွေးကျော်သံဖြင့် လိုက်လံသတ်ဖြတ် သောကြောင့် ဟံသာဝတီ ဒေသတစ်ခုလုံး ပျက်ပြုန်းသွားခဲ့သည်။ မသေချင်သူ ထွက်ပြေး၊ မပြေးနိုင်သူ ပုန်းအောင်းသော နည်းဖြင့် အသက်ရှင်ရန် ကြိုးစား ဆောင်ရွက် ခဲ့ကြသည်။ မွန်တို့သည် မွန်ဟူ၍ မပြောရဲတော့ဘဲ ဗမာအဖြစ်ခံသွား ယူကြသူများ အများအပြား ရှိလာသောကြောင့် ထိုဗမာ ပဒေသရာဇ် ပိုင်စိုးသည့် ဒေသတွင် မွန်လူမျိုးတို့ ပျက်သုန်းခဲ့ရသည်။ ဟံသာဝတီ နေပြည်တော်သည် မြန်မာသက္ကရာဇ် ၁၁၁၉ ခုနှစ်တွင် ပျက်သုန်းသွား ခြင်းသည် မွန်တို့ တိမ်ကော လာသော အခြေအနေဖြစ်သည်။

(##မွန်တိုင်းပြည် #ဟံသာဝတီကိုပျက်စီးသော #ဦးအောင်ဇေယျ)) 
ဟံသာဝတီမြို့တော်ကို အလောင်းဘုရားဘွဲ့အမည်ခံ ဦးအောင်ဇေယျမှ အပြင်းအထန် တိုက်ခိုက်လာသောကြောင့် မွန်ဘုရင် ဗညားဒလသည် ကောဇာသက္ကရာဇ် (၁၁၁၉) ခုနှစ်၊ ကဆုန် လပြည့်ကျော် (၄) ရက်တွင် လက်နက်ချအညံ့ခံပြီး ဟံသာဝတီမြို့တော်ကို ဗမာဘုရင် ဦးအောင်ဇေယျ လက်သို့ အပ်နှံလိုက်သည်။ ဗမာဘုရင်တပ်တို့သည် မြို့တော်ကို သိမ်းပိုက်လိုက်သည်နှင့် တပြိုင်နက် မြို့သူမြို့သားတို့၏ ပစ္စည်းဥစ္စာများကို လုယက်ဖျက်ဆီး၊ လူသတ်သောကြောင့် မြို့သူမြို့သားများ နှင့်တကွ ရဟန်းတော်အမြောက်အမြားတို့ ပြန်လည်ခုခံပြီး မနိုင်သည့်အဆုံး နေရင်းဒေသကို စွန့်ခွာကာ အရှေ့ဘက်မုတ္တမဒေသဆီသို့ ဦးတည်ထွက်ပြေး ကြသည်။ 

ဦးအောင်ဇေယျသည် လက်နက်ချသော မွန်ဘုရင် ဗညားဒလအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မွန်လူမျိုးတို့ နေထိုင်သည့် မြို့၊ ရွာများကို ဖျက်ဆီးပစ်လိုက်သည် သာမက မွန်ရဟန်းတော်နှင့်တကွ မွန်ပြည်သူတို့အား လိုက်လံသတ်ဖြတ်သောကြောင့် ဟံသာဝတီ နိုင်ငံတော်သည် ပျက်ပြုန်း သွားရ တော့သည်။ 

အလောင်းဘုရားသည် မွန်တို့အား ပြင်းထန်စွာဖိနှိပ်ခဲ့သလို မွန်တို့ကလည်း အလောင်းဘုရား ၏ ဘက်တော်သားများကို ပြင်းထန်စွာ တုံ့ပြန်ခဲ့သောကြောင့် ဟံသာဝတီဒေသမှ ဗမာဘုရင်ထံ အညံ့မခံလိုသူများသည် မုတ္တမဒေသရှိ တောတောင်ထူထပ်ရာသို့ ပြေးဝင်ခိုလှုံကြသည်။ 

ဦးအောင်ဇေယျ နတ်ရွာစံပြီးနောက် ဒုတိယသားတော် ဆင်ဖြူရှင် မင်းသည် ကောဇာ သက္ကရာဇ် (၁၁၃၆) ခုနှစ်တွင် နန်းတတ်လာသည်။ ထို့နောက် ကောဇာသက္ကရာဇ် (၁၁၇၄) ခုနှစ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားရသော မွန်ဘုရင် ဗညားဒလသည် သေဒဏ်ပေးခြင်းခံခဲ့ရသည်။ ဗမာဘုရင်သည် ယိုးဒယားနိုင်ငံကို တိုက်ခိုက်ရန် မုတ္တမဒေသမှတစ်ဆင့် ထားဝယ်သို့ စစ်ကြောင်း ချီတပ်လာရာ လမ်းတွင် မွန်တို့အား ဖိနှိပ်ညှဉ်းပန်းသောကြောင့် ဂျိုင်းမြို့စား ဗညားစိန် ဦးဆောင် သော မွန်တို့သည် ပုန်ကန်မှုဖြစ်ပွားရာ အင်အားမမျှသဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ရသည်။ ဗမာဘုရင် တပ်တို့သည် မွန်တို့အား အပြင်းအထန် ဖိနှိပ်ညှဉ်းပန်း သောကြောင့် သူ့ကျွန်မခံလိုသော မွန် ရဟန်းတော်များ၊ မွန်ပညာရှိများ၊ မွန်လူမျိုးများနှင့် မွန်စစ်သည်တော် အင်အား စုစုပေါင်း နှစ်သောင်းကျော်တို့ကို ဗညားစိန်မှ ဦးဆောင်ပြီး ပိဋကတ်တော်နှင့်တကွ သယ်နိုင်သော ရိက္ခာ လောက်သာ ယူဆောင်လျက် ထိုင်းနိုင်ငံသို့ ခိုလှုံရန်အတွက် မြဝတီ လမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက် ကြသည်။ 

ဗမာတပ်တို့သည် ယိုးဒယားနိုင်ငံ၊ အယုဒ္ဓယမြို့တော်ကို သိမ်းပိုက်ပြီးနောက် မကြာမီ ယိုးဒယားတပ်တို့ ပြန်လှန် တိုက်ခိုက်မှုကြောင့် လက်လွှတ်လိုက်ရသောကြောင့် ယိုးဒယားတို့သည် ၄င်းတို့နိုင်ငံကို ပြန်လည်သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။ ယိုးဒယားတို့က ဝိုင်းဝန်းကူညီခဲ့သော မွန် တို့အား အကြီးအကျယ်မြှောက်စားခဲ့သည်။ ရာမညမွန်ဒေသမှ ထွက်ပြေးသွားကြသော ရဟန်း ပညာရှိများသည် ဝိနည်းတော်နှင့်အညီ နေထိုင်ကျင့်ကြံကြခြင်းကြောင့် တစ်ကြောင်း၊ ပိဋကတ် စာပေအရာတွင်လည်း ကျွမ်းကျင်တတ်မြောက်ကြသောကြောင့် တစ်ကြောင်း၊ ဘုရင်က မြှောက်စား ခြင်းကို ခံရသည်။ ထိုင်းနိုင်ငံရှိ ဓမ္မယုတ် (ခေါ်) ဓမ္မယုတ္တ နိကာယဂိုဏ်းသည် (ယိုးဒယား) ထိုင်း နိုင်ငံသို့ ရောက်ရှိသွားသော ရာမညနိကာယသံဃာတော်တို့၏ အဆက်အနွယ်၊ ရာမညနိကာယ ဂိုဏ်း၏ အဆက်အနွယ်ပင် ဖြစ်ပေသည်။ 

အထူးသဖြင့် ဟံသာဝတီ အရှေ့ဘက်ခြမ်းနှင့် မုတ္တမ (၃၂) မြို့အပါအဝင် မွန်ဒေသတို့တွင် ဗမာဘုရင်တို့၏ ဖိနှိပ်မှုကြောင့် ထိုရန်မှလွတ်ကင်းရန် မုတ္တမဒေသ တောတောင် ထူထပ်သော ဒေသသို့လည်းကောင်း၊ ယိုးဒယားနိုင်ငံ (ယခု ထိုင်းနိုင်ငံ) သို့ လည်းကောင်း၊ ဝင်ရောက်ခိုလှုံရ သောကြောင့် ထိုဒေသတွင် ရာမည နိကာယဂိုဏ်း သည် မှေးမှိန် ခဲ့ရပါသည်။ 

သာဓကပြရသော် ဝေါဆရာတော်သည် မော်လမြိုင်အရှေ့တောင်ဘက် ကြာအင်း ဆိတ်ကြီးမြို့နယ် အတွင်းရှိ ဖားပြဂူသို့လည်းကောင်း၊ ကျန်အခြားသောဆရာတော်များသည် ဘားအံမြို့နယ် ကော့ဂွန်းဂူ၊ ဆန္ဒန်ဂူဒေသသို့လည်းကောင်း သွားရောက်ခိုလှုံကြပြီး မွန်စာပေများကို ရေးသားပြုစုတော် မူခဲ့သည်။ အထောက် အထားများ အနေဖြင့် မွန်စာပေများ အများအပြားကို ထိုဒေသများ၌ တွေ့ရှိခဲ့ရသည်။

မွန်လူမျိုး တိမ်ကောခြင်း နှင့် ပြန်လည် ရှင်သန်လာခြင်း 
* * * * * * * * * * * * * * * * * * * * * * * 
မွန်လူမျိုးသည် ခရစ်နှစ် ၁၇၅၇ ခုနှစ် ဟံသာ၀တီနေပြည်တော် ဖျက်ဆီးခံ ရသည့်နောက်ပိုင်း တိမ်ကောလာသော လူမျိုးဖြစ်လာရသည်။ မိမိတို့နေသော ဒေသတွင် လူမျိုးတစ်မျိုးက လူမျိုး တစ်မျိုးအား ဝါးမြိုခြင်းကိုခံလိုက်ရ သောကြောင့် ပုသိမ် ( ၃၂ ) မြို့၊ ဟံသာ၀တီ ( ၃၂ ) မြို့ လူများသည် မွန်လူမျိုးပင်ဖြစ်သော်လည်း လူမျိုးရေးအရ ဝါးမြိုခြင်းခံလိုက်ရသည်အတွက် လူမျိုးပျက်သုန်းခဲ့ရသည်။ ကျန်ရှိနေ သေးသော မုတ္တမ ( ၃၂ ) မြို့ ခရစ်နှစ် ၁၈၂၆ ခုနှစ် အင်္ဂလိပ်တို. သိမ်းစဉ်က လူဦးရေ (၁၇၀၀၀) မျှသာ ကျန်ရှိနေရာက လူမျိုး ဖိနှိပ်မှု ကင်းစင် လာသောအခါတွင် မွန်လူမျိုးတို့ပြန်လည် စုစည်းမိလာသည်။ တိမ်ကောသော လူမျိုးအဖြစ်မှ အမျိုး မပျောက် ပျက်ရလေအောင် မွန်မျိုးချစ်တို့ ကြိုးစားလာမှုကြောင့် မွန်လူမျိုးတို့ ရှင်သန်လာခဲ့ရပြန်သည်။

ဖဆပလ ခေတ်တွင် ခရစ်နှစ် ၁၉၄၇ခုနှစ် လွတ်လပ်ရေးမရမီ မွန်တို့နှင့် စေ့စပ်ဆွေးနွေးပြီး မကြာမီ သတင်းစာရှင်းလင်းပွဲ၌ ၀န်ကြီးချုပ် ဦးနု က မွန်တို့သည် တိမ်ကောသောလူမျိုးဖြစ်၍ အခွင့်အရေး ပေးစရာမလို မကြာမီ ပျောက်ကွယ်မည်ဟု ဟောကိန်းထုတ်ခြင်းကို ခံခဲ့ရသော် လည်း မွန်မျိုးချစ် ပုဂ္ဂိုလ်တို့၏ စွမ်းစွမ်း တမံ ကြိုးစားဆောင်ရွက်မှုကြောင့် မွန်လူမျိုးပြန်လည် ရှင်သန်ခဲ့သည်။ ထိုနည်းတူ မွန် စာပေမပျောက် မပျက်ရလေအောင် သံဃာတော်တို့မှ ပြုစု ပျိုးထောင်ခဲ့ ၍သာ မွန်စာပေ တိုးတက် ထွန်းကားခဲ့သည်။ ယနေ့သည်ကား မွန်လူမျိုးသည် အခြား တိုင်းရင်းသား လူမျိုးများနည်းတူ ပြည်နယ်တပ်တို့သည် ပေါ်ထွန်းခဲ့ပေပြီ။ သို့သော် လွတ်လွတ် လပ်လပ် သြဇာရှိရှိ တိုးတက်ကြီးထွား သည်မဟုတ်ဘဲ ဆူးကြားမှသီးသော ဘူးသီးပမာ ဖိနှိပ်မှု အမျိုးမျိုး အဖုံဖုံကြားမှပင် မွန်မျိုးချစ်ပုဂ္ဂိုလ်တို့၏ ဇွဲနဘဲနှင့်ကြိုးစားခဲ့၍ ခေါင်းပြူလာ နိုင်ခဲ့ပေသည်။
ယနေ့ သတ်မှတ်ခံရသော ပြည်နယ်ဆိုသည်မှာလည်း မဆိုစလောက် မျှပင် ဖြစ်သည်။

= = = = = = = = = = = = = = 
#မွန်အမျိုးသား ခေါင်းဆောင်ကြီး “နိုင်ပန်းသာ” ရေးသားပြုစုပေးခဲ့သော “မွန်လူမျိုး တိမ်ကောခြင်းနှင့် ပြန်လည် ရှင်သန်လာခြင်း'' စာအုပ်မှ ထုတ်နုပ်ဖော်ပြပါသည်၊၊
##############

#ဗမာသမိုင်းကိုပြန်လည်စိစစ်သင့်ပြီ
•••••••••••••

( ဤဖြစ်ရပ်များကို ကြည့်ရင် ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်တို့တွင် (ပဲခူး)ဟံသာဝတီပြည် မွန်တို့နှင့် ဦးအောင်ဇေယျ တို့သည် အကြီးအကျယ် စစ်မီးပွားခဲ့သောကာလာဖြစ်သည်။ လက်ရှိ (ပဲခူး) ဟံသာဝတီနန်းတော်ထဲမှာ မီးလောင်တဲ့ တိုင်ငုတ်တွေကဟာ ဦးအောင်ဇေယျ မီးရှိုးတာဖြစ်နိုင်ပါတယ်။ မွန်ဟံသာဝတီရဲ့ နောက်ဆုံးအချိန်ကာလလဲ့ဖြစ်တယ်။ ဗညားဒလဆိုတာ ဟံသာဝတီထီးနန်း နောက်ဆုံးဘုရင်ဖြစ်တယ်။ 

ရခိုင် မင်းရာဇာကြီးလက်ထက် တောင်ငူ ဟံသာဝတီ ဖြစ်တဲ့ ခုနှစ်က ကောဇာသက္ကရာဇ် ၉၅၉ ခုနှစ်ဖြစ်တယ်။ 
မွန်ဟံသာဝတီထီးနန်းနဲ့ ဦးအောင်ဇေယျ ဖြစ်တဲ့ ခုနှစ်က ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်ဖြစ်တယ်။ နှစ်ပေါင်း ၁၆၀ လောက်ကွာခြားတယ်။ ကြားမှာ ဟံသာဝတီထီးနန်းကို ဆက်ခံသူတွေရှိတယ်။ တကယ်ပဲ ရခိုင်မင်းရာဇာကြီး တောင်ငူ ဟံသာဝတီ ဖြစ်တဲ့ ကိစ္စ ၉၅၉ ခုနှစ်မှာ ဟံသာဝတီ ထီးနန်းမရှိတော့ရင် မွန် သမိန်ထောဗုဒ္ဓကိတ္တိ၊ ဗညားဒလ သူတို့တွေက ဟံသာဝတီ ဘယ်ထီးနန်းမှာ စိုးစံတာလဲ့.. ဗညားဒလဆိုတာ မွန် (ပဲခူး)ဟံသာဝတီရဲ့ နောက်ဆုံးမင်းပဲ။ ဦးအောင်ဇေယျ လက်ချက်ကြောင်း ဟံသာဝတီ မွန်ထီးနန်း အလုံးစုံ မီးလောင်တိုက်သွင်းပြီး ပျောက်ဆုံးသွားခဲ့ရတဲ့ သမိုင်းဖြစ်ရပ်ကြီးပါ.. ဒီအကြောင်းကို မွန်တွေ အသိဆုံး.. ဗမာသမိုင်းဆရာတွေက မဖော်ပြဘူး။ လက်ရှိ ဟံသာဝတီ ကမ္ဘောဇသာဒီ နန်းတော်က စစ်အစိုးရလက်ထက်တွင် အတွင်းရေးမှူး(၁)အဖြစ်တာဝန်ယူသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဦးဆောင်မှုဖြင့် အသစ်ပြန်လည်တည်ဆောက်ခဲ့တာဖြစ်တယ်။ မူရင်းမဟုတ်ပဲ အတတ်နိုင်ဆုံးတူညီအောင် တည်ဆောက်ထားခြင်းပါ။
မွန်(ပဲခူး)ဟံသာဝတီနန်းတော် ဖျက်စီးရခြင်းက အ​လောင်းဘုရား (ခ) ဦးအောင်ဇေယျ ကြောင်းဖြစ်နေတယ်ဆိုတာ သမိုင်းဖြစ်စဉ်တွေ ခုနှစ်သက္ကရာဇ်တွေကို စိစစ်လိုက်ရင် အဖြေထွတ်ပါတယ်။ 

(Žaw Žaw ရက္ခပူရတိုင်း) 
ထပ်ဆင့် စိစစ်ဖော်ထုတ်ရေးသားခြင်း။ 










.










#ဟံသာဝတီထီးနန်း #မွန် #ပဲခူး #ဗညားဒလ #followerseveryone #မွန်ပြည်ကို #ဦးအောင်ဇေယျ #အလောင်းဘုရား #ပုဂံရာဇဝင် #မွန်ထီးနန်း #ပျက်သုန်းခြင်း #fvpシviral #history #Mon #ယိုးဒယား

🌟━─━─━─━─━🌟━─━──━─━─━🌟 Zaw Zaw (ရက္ခပူရတိုင်း) Blogger



Comments

Popular posts from this blog

ဓညဝတီ ရက္ခိုင်ပြည်မှ စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာ သက်သေတည်။

မာဂီစံ ( ရခိုင်သက္ကရာဇ်)

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ