အလောင်းမင်းတရား (ခ) ဦးအောင်ဇေယျမှ #မွန်ဘုရင်နှင့် (ပဲခူး)မွန်ဟံသာဝတီနန်းတော် မီးရှို့ ဖျက်စီးခြင်း..။
(ပဲခူး)ဟံသာဝတီ မွန်နန်းတော် ပျက်သုန်ခြင်း (၂၆၉) နှစ်ပြည့် သတိရ အောက်မေ့ခြင်း * * * * * * * * * * * * * * * * * * * * * * * * * မွန်လူမျိုးတို့၏ မြို့တော် ဟံသာဝတီသည် {ခရစ်နှစ် ၁၇၅၇၊ မေလ၊ (၇) ရက်နေ့} ကောဇာသက္ကရာဇ် - ၁၁၁၉ ခုနှစ်၊ ဆုန်လဆုတ်၊ (၈) ရက်နေ့တွင် အလောင်းမင်းတရား (ခေါ်) ဦးအောင်ဇေယျ ၏ လက်ချက်ဖြင့် မီးလောင်ပြာကျပြီး ပျက်သုန်းခဲ့ရသော ယနေ့ ( ၈ - ၅ - ၂၀၂၆) ရက်နေ့ {ကောဇာသက္ကရာဇ် - ၁၃၈၈ ခုနစ်၊ ကဆုန်လဆုတ်၊ (၈) ရက်နေ့ ) ဆိုလျှင် (၂၆၉) နှစ်ပြည် မွန်တို့၏အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရသည်။ ••••••••••••••••########•••••••• #အလောင်းမင်းတရား (ခ) ဦးအောင်ဇေယျမှ #မွန်ဘုရင်နှင့် (ပဲခူး)မွန်ဟံသာဝတီနန်းတော် မီးရှို့ ဖျက်စီးခြင်း..။ ခရစ်သက္ကရာဇ် (၁၇၄၆) ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၁ဝ၈) ခုနှစ်ရောက်သောအခါ ဟံသာဝတီ နိုင်ငံတော်ကို မွန်တို့ ပြန်လည် ထူထောင်ခဲ့သည်။ ဗညားဒလအား ဘုရင်အဖြစ် ကောဇာ သက္ကရာဇ် (၁၁ဝ၉) ခုနှစ်တွင် တင်မြှောက်လိုက်သည်။ အင်းဝတွင်အုပ်စိုးနေသော ဗမာဘုရင် တို့သည်လည်း မွန်ဘုရင်အခြေမခိုင်မီ ဖြိုခွဲပစ်ရန် ချီတက်လာသည်။ ဗညားဒလဘုရင်သည် စစ်သူကြီးဒလမာန်အား မွန်စစ်တပ်ကို ဦးစီးကွပ်ကဲစေပြီး၊ ဗမာဘုရင်တို့၏တပ်န...