Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ

ဧရာဝတီမိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ
ရခိုင်လူဦးရေသည် လွန်ခဲ့သော ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃.၁ သန်းကျော်ရှိခဲ့ပြီး ယခု ၂၀၂၂ နှစ် နှစ်ကုန်ပိုင်းတွင်လည်း ရခိုင်ပြည်၏ လူဦးရေကို ၃.၁ သန်းကျော်ဟု ခန့်မှန်းထားသည်ကို သတင်းတခု၌တွေ့ရပါသည်။ ဤသို့ဆိုလျှင် ရခိုင်လူဦးရေသိသိသာသာ တိုးလာခြင်းမရှိသည်ကို သိမြင်နိုင်ပါသည်။ ရခိုင်လူဦးရေဟု ဆိုရာ ရခိုင်ပြည်တွင် နေထိုင်လျှက် ရှိသော ဦးရေကိုသာဆိုလိုခြင်းဖြစ်သည်။တခြားသို့ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် ရခိုင်လူဦးရေ မည်မျှရှိမည်ကို အတိအကျ သိနိုင်ရန် ခက်ခဲမည်။ မြန်မာပြည် ဒေသအနှံတွင် ရခိုင်လူမျိုးများ အခြေချ နေထိုင်လုပ်ကိုင်စားသောက်လျှက်ရှိကြသည်ကို တွေ့ရပါသည်။ ထိုပြင် ပြည်ပနိုင်ငံများတွင် အခြေချနေထိုင်သူ အများအပြားလည်းရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျှက်လည်း အများအပြားတွေ့ရပါသည်။ထိုအရေအတွက်မှာ ပုံမှန်မရှိဘဲ နှစ်အလိုက် အနည်းအများကွာခြားနိုင်ပါသည်။ရခိုင်လူဦးရေ အားလုံးစုစုပေါင်းကို ၄ သန်းဝန်ကျင့်ရှိမည်ဟု ယေဘုယျခန့်မှန်းနိုင်ပါသည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်ထက်တွင် အင်္ဂလိပ်တို့က ဖွဲ့စည်းတည်ထောင်ခဲ့သည်ဟု ဆိုလျှင် ပို၍မှန်ကန်မည်ဖြစ်သည်။ အင်္ဂလိပ် မ‌ကျူးကျော်မှီက လူမျိူစုတိုင်းရင်းသားတို့သည် ကိုယ့်ဒေသနှင့်ကိုယ်သီးခြားစီ ကိုယ်ပိုင်အချုပ်အခြာနယ်နိမိတ်ဖြင့် ရှိနေခဲ့ကြ၍ ဖြစ်သည်။ သို့သော် ရခိုင်နှင့်မွန်တို့သည်အင်္ဂလိပ်မတိုင်းခင်ကပင် ဗမာများ ကျူးကျော်ထားပြီးဖြစ်သည်။အင်္ဂလိပ်တို့ လွတ်လပ်ရေး ပေးပြီးနောက်တွင် ကိုယ်ဒေသနှင့်ကိုယ် နေထိုင်လာခဲ့ကြသော လူမျိုးစုများမှာ ပင်လုံစာချုပ်ကြောင်း တိုင်းရင်းသားများဖြစ်လာခဲ့ပြီး ဗမာများမှာ မိခင်လူမျိုးဟု သူတို့ကိုသူတို့ ခံယူထင်မှတ်လာကြသည်။ဤအတိုင်းပင် အမှန်တကယ်လည်း ဖြစ်လာအောင် ဖန်တီး ကြံဆောင်နိုင်ခဲ့ကြသည်။ အဘယ့်ကြောင်းဆိုသော် တိုင်းရင်းသားအမည်ခံ လူမျိုးစုများ၏ပြည်နယ်မြို့တော်များနှင့် မြို့များအားလုံး၌ ဗမာစကားကိုသာ ပြောလာကြခြင်းကြောင်းဖြစ်သည်။ သီတဂူ ဆရာတော်အမေးအဖြေတခု၌ ဖြေသွားသည်ကိုသတိထားမိသည် မေခ မလိခသည် ဧရာဝတီသို့ စီးဝင်သွားသည် ထိုသို့ ချင်းတွင်းမြစ်ရေနှင့် အခြားသော မြစ်လက်တက်များစွာမှာ မိခင် ဧရာဝတီမြစ်ထဲသို့ စီးဆင်းကာ ဧရာဝတီမြစ်ရေအဖြစ်ဖြင့် ဆက်လက်စီးဆင်းကာ မူလ မေခ ၊မေလိခ ၊ချင်းတွင်းတို့ကစီးဝင်လာသည့် ရေ ဟူ၍ခွဲခြားမရတော့‌ပေ။၎င်းသည်ပင် ပြည်ထောင်စု၏ အနှစ်သာရဟု ဥပမာပေးပြောခဲ့သည်ကို တွေ့ရပါသည်။ဤသည်မှာ တိုင်းရင်းသားခေါ် လူမျိုးစုများအတွက် လူမျိုးရေး ရောနှောကာ မူလမိခင်ဘာသာစကား ပျောက်ကွယ်ပြီး လူမျိုးပါပျောက်ရမည့် ကြီးမားစွာသော အန္တရာယ်ကြီးတစ်ခု ဖြစ်လာနေသည်ကိုမြင်ရပါသည်။ အလွန် ရေပန်းစား လူကြိုက်များခဲ့သည့် ဗမာ videoတခတ်သည် လူမျိုးစုအများအပြားအား ဗမာစကားပြောရန် တွန်းပို့ခဲ့သည်ကို တွေ့ရသည်။ အဓိကအချက်မှာ ပညာရေးစနစ် ကြီးစိုးခြင်းဖြစ်သည်။မြန်မာစာပြဌါန်ချက်များတွင် ဗမာစာအသုံးအနှန်း အရေးအသားများကို အလေးပေးခဲ့ခြင်း၊ ရုံးသုံးမြန်မာစာ အရေးအသားများ စသည်တိုကြောင်း ဗမာလို့တွေး ဗမာလို့ရေးကာ ဗမာလို့ပြောလာကြခြင်းဖြစ်သည်။ယခုအခါ များစွာသော လူမျိုးစု တိုင်းရင်းသားများမှာ မြန်မာဟု ခံယူလာကြသည်ကို တွေ့ရပါသည်။မြန်မာအမည်သည် ဗမာအမည်နှင့် အတူတူသာဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပင် ပြောခဲ့ပြီးဖြစ်သည်။ ရခိုင်တို့သည် ဗမာနှင့်စကားပြော အခြေခံသဘောတရားများတူညီသည်မက စာပေအရေးအသားအရာ၌‌လည်း ဗမာထက် ပို၍ဟန်ချက် ကိုက်ညီနေသဖြင့် ဗမာစာပေသည် ရခိုင်တို့၏ မူလ စာပေဖြစ်သည်ဟု ရခိုင်နှင့်ဗမာ အငြင်းပွားနေကြရသည်။ ရခိုင်တို့သည် မိမိတို့စကားတန်ဖိုးထားကြသည့် အပြင် လူမျိုးရောနှောခြင်းကို ဘိုးဘွားစဉ်ဆက် အားမပေးဘဲ ပြစ်တင်ရှုံ့ချ ကဲ့ရဲ့ တားဆီးခဲ့ကြသည်။ထိုကြောင်း ဗမာစကားနှင့် အလွန်ဆင်တူသော ရခိုင်စကားသည် ၎င်းတို့ မိခင် ဧရာဝတီမြစ်ထဲ၌ အရောင်မတူဘဲ ကွဲပြားစွာစီးဆင်နေခဲ့သည်။ အသျှင်နာဂိန္ဒမော်ကွန်း၌ အမျိုးသီလ နှစ်ဌါနကို ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်၍ ရခိုင်နာမဘွဲ့မည်လှဖြင့် အနတ္တသညာ ခေါ်အပ်ရာတည်း။ စသည့်စာပေ ကဗျာများဖြင့် ရခိုင်လူမျိုးမပျောက်ရေး ကျား ကန်နေခဲ့ကြရသည်။ ရခိုင်တို့၏ လူနေမှုဘဝ နိမ့်ကျ ဆင်းရဲခြင်းနှင့် မတိုး တက်သည့် အနှိမ်ခံပြည်နယ်တခုအဖြစ် ပုံဖေါ်လာကြသည့် ဗမာအစိုးရအဆက်ဆက်တွင် ရခိုင်အများအပြား ရေကြည်ရာ မြက်နုရာ စီးပွားရေး အခွင့်အရေးကောင်းသည့် ဗမာပြည်ဘက်နှင့် အခြားသော နယ်မြေဒေသများသို့ အခြေချနေထိုင်ခြင်း၊အလုပ်သွားရောက်လုပ်ကိုင်ယင်း အခြေချသွားကြခြင်း စသည့် စသည့် အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်ကို စွန့်ခွာနေကြသည်။ ထိုသို့စွန့်ခွာသွားသူများတွင် မိမိတို့ရခိုင် အချင်းချင်းထိန်းမြှားပေါင်းသင်းသူများရှိသကဲ့သို့ လူမျိုးခြားများနှင့် ပေါင်းဖက်သွားသူများလည်း အများအပြားပင်ရှိပါသည်။လူမျိုးခြားနှင့် ပေါင်းဖက်သူများကို ကဲ့ရဲ့ခြင်း ၊ရှုံ့ချခြင်း၊ပြစ်တင်ခြင်းတို့ဖြင့် ရခိုင်လူမျိုးကိုကာကွယ်နေကြရသည်။လူမျိုးခြားနှင့်ပေါင်းသင်းသူအများစုမှာ မျိုးဆက်အားဖြင့်ရခိုင်အဖြစ် မွေးဖွားလာကြခြင်းမဟုတ်ဘဲ ဧရာဝတီထဲကမြစ်ရေသဖွယ်ရောနှော သွားခဲ့ပြီးဖြစ်သည်။တံငှါနားနီး တံငှါမုဆိုးနားနီး မုဆိုး ဆိုစကားအတိုင်း အများဘက်ကိုလိုက်၍မြန်မာ ကြတော့မည်ဖြစ်သည်။ ထိုအရာကို ကုစားရန် မည်သည့်နည်းလမ်းက အကောင်းဆုံးဖြစ်မည်ကို ပြောပါဆိုလျှင်ထိုလူမျိုးခြားနှင့်အတူ ရခိုင်သို့ပြောင်းရွှေ့ အခြေချရမည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် မြန်မာနေကြသည့် မြောက်မြားစွာသော ရခိုင်အနွယ်တော်များကို မြင်နေရသည်။တချို့က ရခိုင်ပင် မခံယူကြတော့ချေ။ထို့အပြင် အမိရခိုင် အဖရခိုင်ကမွေးဖွားသော်လည်း ရခိုင်စကားပင် မတတ်တော့ဘဲမြန်မာနေသူများလည်း အများအပြားတွေ့လာရသည်။အရင်းအမြစ်ကို ကြည့်သော် အမိရခိုင် အဖရခိုင်များမှာ သူတို့နေအိမ်၌ ရခိုင်စကားကို လုံးဝမပြောကြခြင်းကြောင်း တွေ့ရသည်။လက်ရှိတွင် ရခိုင်အငွေ့အသက် များရှိနေသေးသော်လည်းသူတို့သေဆုံးပြီးလျှင် ထိုသားသမီးများကား မြန်မာကြတော့မည်ဖြစ်သည်။ အားလုံးကိုဆိုလိုနေခြင်းကား မဟုတ်ချေ မျိုးချစ်၍ မျိုးစောင့်ကြသော ရခိုင်မိသားစုများစွာလည်းရှိနေပါသည်။ ထိုမိသားစုအများမှာ သားသမီးအိမ်ထောင်ရေးအတွက် အချိန်နှင့်အမျှ ပူပင်နေကြရသည်။တချို့အိမ်ထောင်မကျဘဲ အပျိုကြီး လူပျိုကြီးများ ဖြစ်နေသည်ကိုတွေ့ရသည်။မိမိတို့အသိ ရခိုင်အမျိူသမီးကြီးတစ်ဦးမှာ သူသားကတွက်ကိုယ့်ရခိုင်သူကိုပင် တကူးတက ရှာဖွယ်ပေးစားရသည့်ထိပင် ဖြစ်သည်။ အဝေးရောက်ရခိုင်အများစုမှာ တစ်နေ့‌တချိန်တွင် ရခိုင်သို့ ပြန်ကိုပြန်ရမည်ဆိုသော ခံယူချက်မျိုးရှိနေကြသည်။စားဝတ်နေရေးကြောင်း မိသားစုဖုံလုံရေးကြိုးပမ်းယင်း အိမ်ထောင်မပြုနိုင်သေးသော လူပျိုးကြီးအပျိုကြီးများ၊ ခေတ်ကာလမကောင်း၍ ကုန်ဈီးနုန်းကြီး ဝင်ငွေမကောင်း၍ လူပျိုကြီးအပျိုကြီးဖြစ်နေသူများ ၊ မစွံ၍ လူပျိုကြီးအပျိုကြီးဖြစ်နေသူများနှင့် အကြောင်းအမျိုးမျိုပကြာင့်ကလေးမယူ သော လင်မယားများကြောင့်လည်း ရခိုင်လူဦးရေ တိုးသင့်သလောက်တိုးလာခြင်းမရှိဖြစ်ခြင်ဖြစ်ပါသည်။ နောက်စိတ်ပါခါ ဆက်ရီးပါဖို့😁 Credit သျှင်စိုး 🌟━─━─━─━─━🌟━─━──━─━─━🌟 Zaw Zaw (ရက္ခပူရတိုင်း) Blogger.

Comments