ရခိုင်ဝေသာလီခေတ် သင်္ဂါယနာ ကြေးသပိတ်

#အမှတ်တရများထဲက အမှတ်တရ <><><><><><><><><><><> #အေဒီ. ၇ ရာစုအလယ်ပိုင်း ရခိုင်သက္ကရာဇ်- ၁၁ ခုနှစ် ( ရခိုင်သမိုင်းမှတ်တမ်းများအရ နောက်ဆုံး ရခိုင်သက္ကရာဇ် ဖြိုခွင်းမှ စတင်လာသောနှစ် ) ရခိုင်ဘုရင့်ရွှေမြို့တော် ဝေသာလီမှာ ရခိုင်ပြည့်သျှင် သီရိစနြ္ဒား (ခေါ်) ဘုရင် အာနန္ဒစနြ္ဒမင်းကြီး ပစ္စည်းလေးပါး ဒါယကာတော်ပြုလို့ ရခိုင်- သီဟိုဠ် သင်္ဃာတော် နှစ်ရပ်နန့်. စတုတ္တအကြိမ်မြောက် သင်္ဂါယနာ ဓမ္မသဘင်တော်ကြီးကို ကျင်းပပြုလုပ်တော်မူခဲ့ပါတယ်။ ယင်း သင်္ဂါယနာတော်တင် ဓမ္မသဘင်အခမ်းအနားကြီးကို ပင့်ဖိတ်ခြင်းခံရပါသော သင်္ဃာတော်မထေရ်မြတ်ရို့ကို ဗုဒ္ဓဆင်းထုတော်၊ ပိုးသင်္ကန်း ၊ ကြေးသပိတ် အစခတ်သိမ်း လှူဖွယ်ပစ္စည်းများကို ရခိုင်ပြည့်သျှင် အာနန္ဒစနြ္ဒ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ဆက်ကပ်တော်မူခဲ့လေတယ်လို့ မင်းကြီးကိုယ်တော်တိုင် မှတ်တမ်းတော် တင်လဲ့သော ကျောက်စာတော် (အာနန္ဒစနြ္ဒမင်းကျောက်စာ)မှာ ဖော်ညွှန်းထားကြောင်း မှတ်သားရပါတယ်။ အခု ပုံပါ ဗုဒ္ဓဆင်းထုတော်နန့်ကြေးသပိတ်ဟာ. ယင်းအချိန်အခါက သင်္ဂါယနာတော်တင် အခမ်းအနားက...