ရခိုင်ဝေသာလီခေတ် သင်္ဂါယနာ ကြေးသပိတ်
#အမှတ်တရများထဲက အမှတ်တရ
<><><><><><><><><><><>
#အေဒီ. ၇ ရာစုအလယ်ပိုင်း
ရခိုင်သက္ကရာဇ်- ၁၁ ခုနှစ် ( ရခိုင်သမိုင်းမှတ်တမ်းများအရ နောက်ဆုံး ရခိုင်သက္ကရာဇ် ဖြိုခွင်းမှ စတင်လာသောနှစ် ) ရခိုင်ဘုရင့်ရွှေမြို့တော် ဝေသာလီမှာ ရခိုင်ပြည့်သျှင် သီရိစနြ္ဒား (ခေါ်) ဘုရင် အာနန္ဒစနြ္ဒမင်းကြီး ပစ္စည်းလေးပါး ဒါယကာတော်ပြုလို့ ရခိုင်- သီဟိုဠ် သင်္ဃာတော် နှစ်ရပ်နန့်. စတုတ္တအကြိမ်မြောက် သင်္ဂါယနာ ဓမ္မသဘင်တော်ကြီးကို ကျင်းပပြုလုပ်တော်မူခဲ့ပါတယ်။
ယင်း သင်္ဂါယနာတော်တင် ဓမ္မသဘင်အခမ်းအနားကြီးကို ပင့်ဖိတ်ခြင်းခံရပါသော သင်္ဃာတော်မထေရ်မြတ်ရို့ကို ဗုဒ္ဓဆင်းထုတော်၊ ပိုးသင်္ကန်း ၊ ကြေးသပိတ် အစခတ်သိမ်း လှူဖွယ်ပစ္စည်းများကို ရခိုင်ပြည့်သျှင် အာနန္ဒစနြ္ဒ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ဆက်ကပ်တော်မူခဲ့လေတယ်လို့ မင်းကြီးကိုယ်တော်တိုင် မှတ်တမ်းတော် တင်လဲ့သော ကျောက်စာတော် (အာနန္ဒစနြ္ဒမင်းကျောက်စာ)မှာ ဖော်ညွှန်းထားကြောင်း မှတ်သားရပါတယ်။
အခု ပုံပါ ဗုဒ္ဓဆင်းထုတော်နန့်ကြေးသပိတ်ဟာ. ယင်းအချိန်အခါက သင်္ဂါယနာတော်တင် အခမ်းအနားကို ကြွရောက်ခွင့်ရတော်မူတဲ့ ရမ်းဗြဲကျွန်းက သင်္ဃာတော်မထေရ်တပါး၏ အလှူခံပစ္စည်းဖြစ်ပြီး တပည့်အစဉ်အဆက်တို့ ထိန်းသိမ်းပူဇော်လာသော ဆင်းထုတော်နန့် သပိတ်ဖြစ်တယ်လို့ ပျံတော်မူ ရွေကုန်ပေါင်ဆရာတော်ကြီး မိန့်ကြားချက်ကို မှတ်သားခဲ့ရပါတယ်။
ဒီအကြောင်းကို သက္ကဋပညာသျှင် ဆရာမောင်ဖြူ ၏ [အာနန္ဒစနြ္ဒမင်းကျောက်စာနှင့် ရခိုင်ဝေသာလီသင်္ဂါယနာ ]စာအုပ်မှာ အားဖြည့် ဖော်ပြထားပါတယ်။
(အမှတ်တရ ခရီးများထဲက Albums တချို့ကို ပြန်လည်ဖော်ပြခြင်းပါ။)
ခိုင်မော်ကွန်း
၀၁၁၂၂၀၂၀
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။