ရခိုင်တွေ စာတတ်သလား ( ဒေါက်တာ အေးချမ်း)

ရခိုင်တွေ စာတတ်သလား( ဒေါက်တာအေးချမ်း) ************** ဒီပို့စ်ကိုရေးရခြင်းကတော့ဒီလိုရှိတယ်။ မဟာတော်ဝင်ရခိုင်လူမျိုး တစ်ယောက်အနေနဲ့ သူပြောတာဟုတ်မဟုတ်ဆိုတာ သမိုင်းနဲ့ချီပြီး အစဆွဲထုတ်ကြည့်လိုက်တဲ့အခါ ........ ရခိုင်တွေ စာတတ်မတတ် ဝေသာလီခေတ်ကနေ စကြည့်ရအောင်။ ရခိုင်သမိုင်းဟာ ဓညဝတီခေတ်ကစပါတယ်။ သို့သော် ဓညဝတီခေတ်မှာက ရခိုင်အက္ခရာမပေါ်သေးဘဲ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးတဲ့ ရခိုင်စာပဲရှိသေးတာကြောင့် ရခိုင်အက္ခရာခေါ် ရက္ခဝဏ္ဏအက္ခရာ စပေါ်တဲ့ ဝေသာလီခေတ်ကနေ စပြောတာဖြစ်တယ်။ ဝေသာလီခေတ်ဆိုတာ အေဒီ ၄ရာစုကေန အေဒီ ၉ ရာစုအထိ ထွန်းကားခဲ့ပြီး ပျူတွေရဲ့ပျူခေတ်နဲ့ခေတ်ပြိုင်ဖြစ်တယ်။ ဝေသာလီခေတ် အေဒီ ၆ ရာစုခန့် ရခိုင်ဘုရင်သီရိစန္ဒြ လက်ထက်မှာ အမှုထမ်းခဲ့တဲ့ စာဆိုပညာရှိအမတ်ကြီး ဓမ္မဇေယျဆိုတာ ဒီနေ့ ရေးသားနေကြတဲ့ ရက္ခဝဏ္ဏအက္ခရာခေါ် မြန်မာစာဖြစ်လာမည့် အက္ခရာကို တီထွင်ခဲ့တဲ့ ပညာရှိသုခမိန် တစ်ဦး ဖြစ်တယ်။ အမတ်ကြီး ဓမ္မဇေယျဟာ ရက္ခဝဏ္ဏ အက္ခရာနဲ့အတူ ဂဝိန္ဒ ကဗျာလင်္ကာဆန်းကျမ်းကို သက္ကတဘာသာမှ ရခိုင်ဘာသာသို့ ပြန်ဆိုရေးသားခဲ့ပြီး ဗျည်း ၃၃ လုံး လှေတော်သံ ကိုပါရေးသားခဲ့သူဖြစ်တယ်။ - အဲဒီဝေသာလီခေတ်မှာပ...