Posts

Showing posts with the label အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးသက္ကရာဇ် (၁၁)ခုနှစ် ကို ရှာဖွေခြင်း။

အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးသက္ကရာဇ် (၁၁)ခုနှစ် ကို ရှာဖွေခြင်း ။

Image
အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးသက္ကရာဇ် (၁၁)ခုနှစ် ကို ရှာဖွေခြင်း °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° အာနန္ဒစန္ဒြကျောက်စာပါ အောက်ဆုံးစာကြောင်း တို နှစ်ကြောင်းကို ကွန်ပျူတာဖြင့် ပုံဖေါ်၍ ရရှိလာသော ယနေ့သုံးအက္ခရာများကို ပါမောက္ခဂျွန်စတင် တင်ပြထားသော အောက်ဆုံးစာကြောင်းရေ (၇၂-၇၃) သက္ကတ အသံ ထွက်၊ အင်္ဂလိပ်အက္ခရာ ဖလှယ်ရေးသားထားသည်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ အောက်ပါအတိုင်း တွေ့မြင် ရသည်။( ပုံ-၇)  ပုံ-၇ ဤကဲ့သို့ စာရေးသူမှ ကျောက်စာပါ သက္ကတဘာသာဖြင့် ရေးသားထားသော အက္ခရာများကို ယနေ့ သုံးမြန်မာအက္ခရာများဖြင့် ဖလှယ်ပြီး ရလာသောစာလုံးများ၏ အဓိပ္ပါယ်ကိုသိရှိစေဖို့အတွက် သက္ကတ အဘိဓါန်ကျမ်း ပါဠိအဘိဓါန်ကျမ်းများဖြင့် ညှိနှိုင်းတိုက်ဆိုင် အဓိပ္ပါယ်ဖေါ်ယူလိုက်သောအခါ အောက် ပါအတိုင်း ရရှိလာသည်။ စာကြောင်း(၇၂) ပါ “သီရိကီက္တိသံပုရဏ္ဏ၀ိဇယ” စကားလုံးများ၏ အဓိပ္ပါယ် 1။ သီရိ=ကျက်သရေရှိစွာ၊တင့်တယ်စွာ၊  2။ ကီရက္တိ=ပေါ်လွင် ထင်ရှား၊ကျော်စောခြင်း၊ 3။ သံပုရဏ္ဏ=ပြည့်စုံစွာ ၊ 4။ ၀ိဇယ= ပြီးမြောက်သည်၊ အောင်မြင်သည်။ တစ်ဆက်စပ်တည်းဆိုလျှင် (ကျက်သရေရှိစွာ ပေါ်လွင်၍ ပြည့်စုံစွာ ပြီးမြောက်အောင်...