Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးသက္ကရာဇ် (၁၁)ခုနှစ် ကို ရှာဖွေခြင်း ။

အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးသက္ကရာဇ် (၁၁)ခုနှစ် ကို ရှာဖွေခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အာနန္ဒစန္ဒြကျောက်စာပါ အောက်ဆုံးစာကြောင်း
တို နှစ်ကြောင်းကို ကွန်ပျူတာဖြင့် ပုံဖေါ်၍ ရရှိလာသော ယနေ့သုံးအက္ခရာများကို ပါမောက္ခဂျွန်စတင် တင်ပြထားသော အောက်ဆုံးစာကြောင်းရေ (၇၂-၇၃) သက္ကတ အသံ ထွက်၊ အင်္ဂလိပ်အက္ခရာ ဖလှယ်ရေးသားထားသည်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ အောက်ပါအတိုင်း တွေ့မြင် ရသည်။( ပုံ-၇)



ပုံ-၇

ဤကဲ့သို့ စာရေးသူမှ ကျောက်စာပါ သက္ကတဘာသာဖြင့် ရေးသားထားသော အက္ခရာများကို ယနေ့ သုံးမြန်မာအက္ခရာများဖြင့် ဖလှယ်ပြီး ရလာသောစာလုံးများ၏ အဓိပ္ပါယ်ကိုသိရှိစေဖို့အတွက် သက္ကတ အဘိဓါန်ကျမ်း ပါဠိအဘိဓါန်ကျမ်းများဖြင့် ညှိနှိုင်းတိုက်ဆိုင် အဓိပ္ပါယ်ဖေါ်ယူလိုက်သောအခါ အောက် ပါအတိုင်း ရရှိလာသည်။

စာကြောင်း(၇၂) ပါ “သီရိကီက္တိသံပုရဏ္ဏ၀ိဇယ” စကားလုံးများ၏ အဓိပ္ပါယ်

1။ သီရိ=ကျက်သရေရှိစွာ၊တင့်တယ်စွာ၊ 

2။ ကီရက္တိ=ပေါ်လွင် ထင်ရှား၊ကျော်စောခြင်း၊

3။ သံပုရဏ္ဏ=ပြည့်စုံစွာ ၊

4။ ၀ိဇယ= ပြီးမြောက်သည်၊ အောင်မြင်သည်။ တစ်ဆက်စပ်တည်းဆိုလျှင်

(ကျက်သရေရှိစွာ ပေါ်လွင်၍ ပြည့်စုံစွာ ပြီးမြောက်အောင်မြင်သတည်း) ဟု အဓိပ္ပါယ်ကိုရရှိလေသည်။

စာကြောင်းရေ(၇၃)ပါ “ဧကာဒဿမဗ္ဒေ” = ဧက+ဒဿမ ၊ ကို တစ်လုံးချင်း အဓိပ္ပါယ် ဖေါ်ရမည်ဆိုသော် 

“ဧက” သည် = တစ်(၁) ၊“ဒဿမ” = တစ်ဆယ်(၁၀) ၊ နှစ်ခုပေါင်းသော် ( ၁၁ )ခုနှစ်

ဟူ၍ အဓိပ္ပါယ်ကို ဖေါ်ယူရရှိလေသည်။ (ပုံ-၈)ရှု


ပုံ-၈

ဖေါ်ထုတ်ရရှိသော ကျောက်စာအောက်ခြေပါ (ဧကာဒသမ=၁၁) ဂဏန်းသည် မည်သည့်ဂဏန်း ဖြစ်သ နည်း၊ ကျောက်စာရေးထိုးခုနှစ်လား ၊ ကျောက်စာရေးထိုးခုနှစ်ဆိုလျှင် ရှေးခေတ်ရခိုင်ပြည်တွင် မည်သည့် သက္ကရာဇ် နည်း၊ သာသနာသက္ကရာဇ်လား၊ ကောဇာသက္ကရာဇ်လား ဆန်းစစ်ဖို့လိုအပ်သည်။

ရှေးခေတ်ရခိုင်ဒေသတွင် သုံးစွဲခဲ့သော သက္ကရာဇ်များမှာ သာသနာသက္ကရာဇ် နှင့် ကောဇာသက္ကရာဇ်ဟူ၍ နှစ်မျိုး သုံးစွဲခဲ့ ကြသည်ကို ရခိုင်ဒေသတွင် တွေ့ရှိရသော ကျောက်စာပါသက္ကရာဇ်များ ဒင်္ဂါးပါသက္ကရာဇ်များက သက်သေ ခံနေပေသည်။ ကျောက်စာအောက်ခြေပါ (ဧကာဒသမ=၁၁) ဟူသော ဂဏန်းကို သာသနာသက္ကရာဇ်ပြုလိုရာတွင် သက္ကရာဇ်ဖြိုခဲ့ကြသောနှစ်များ ၆၂၂+၅၆၀=၁၁၈၂ နှင့်ပေါင်းက သာသနာနှစ် ဖြစ်သည်ဟုအဆိုရှိကြသည်။ ယင်း နည်းဖြင့်တွက်ယူသော် အာနန္ဒစန္ဒြမင်းကျောက်စာရေးထိုးခဲ့သည့် သာသနာနှစ်သည် ၁၁+၁၁၈၂ = ၁၁၉၃ ခုနှစ် ဖြစ်ပေမည်။ သာသနာသက္ကရာဇ်ကို ၅၄၄ နှုတ်လိုက်ပါက ခရစ်နှစ် ဖြစ်သည်ဟု အဆိုရှိကြသည့်နည်းအတိုင်းတွက် ယူလျှင် (၁၁၉၃ - ၅၄၄ = 649 A.D) ခုနှစ် ဖြစ်ပေသည်။ နောက်တစ်ခါ ကောဇာ သက္ကရာဇ်ကို ပုံသေနည်း ၆၃၈ ဂဏန်း ပေါင်းပါကလည်း ခရစ်ဖြစ်သည်ဟု ဆိုကြ၏။ ထိုနည်းဖြင့်တွက်ယူမည်ဆိုသော် (၁၁+၆၃၈=၆၄၉ ) ခရစ် နှစ်ကို ရလေ သည်။

မှတ်ချက် ။ ။ ( အိန္ဒိယတွင် သက္ကမင်း သက္ကရာဇ်ဖြိုသည့်ခုနှစ်နှင့် ခေတ်ပြိုင် ခရစ်နှစ် မှာ 78 A.D ဖြစ် သည် ဆိုသည်။ ထို 78 A.D သည် ရခိုင်ဒေသသုံးသက္ကရာဇ် ၆၂၂ ညီမျှသည်။ ထိုသက္ကရာဇ် တွင် တတိ ယဓည၀တီခေတ် သူရိယစိတြမင်းစိုးစံနေသည့်အချိန်နှင့် ခေတ်ပြိုင်ဖြစ်ပြီး ထိုမင်းသည် ယင်းသက္က ရာဇ် ကိုဖြိုခဲ့ သည်ဟု ရခိုင်ရာဇ၀င်သစ်ကျမ်း၌ ဖေါ်ပြသလိုမြန်မာရာဇ၀င်အစောင်စောင်ကလည်း ယင်းသက္က ရာဇ်ကို သုမုန္ဒရီမင်းဖြိုသည်ဟု ရေးသားကြ၏ ။ ယင်းမှ ရေတွက်လာသော သက္ကရာဇ် ၅၆၂ ကိုရောက်ေ သာအခါ ၅၆၀ နှစ် ကို တစ်ကြိမ် ရခိုင်၌ သီရိစန္ဒြမင်း ထပ်မံသက္ကရာဇ်ဖြိုသလို မြန်မာရာဇ၀င်တွင်လည်း ပုပ္ပါးစော ရဟန်းမင်း ယင်းသက္ကရာဇ် ၅၆၀ ကို ဖြိုသည်ဟု မြန်မာရာဇ၀င် အစောင်စောင်တို့က ရေးသား ကြသည်ကိုတွေ့ရ၏ ဤကား ရာဇ၀င်အဆိုတည်း။)

(78+ 560=638) ပုံသေဂဏန်း ၆၃၈ ကို ရရှိပေသည်။)

အာနန္ဒစန္ဒြကျောက်စာအောက်ခြေ စာကြောင်း ၇၃ တွင်ပါသော (ဧကာဒဿမ=၁၁)ဟူသော သက္ကရာဇ်တို ဂဏန်းသည် ယင်းခေတ်က ရခိုင်ဒေသတစ်ခုတည်းတွင်သာ အသုံးပြုသလား၊ ပတ်ဝန်းကျင် တိုင်းနိုင်ငံ ဒေသများ တွင် ထိုသက္ကရာဇ်အတိုမျိုး အသုံးပြုမှုရှိသလားဟု လက်လှမ်းမီသမျှ ခေတ်ပြိုင်ပြရန် ရှာဖွေ ကြည့် ရာ ရခိုင်ဝေသာလီပြည်နှင့် ခေတ်ပြိုင် အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်သော သရေခေတ္တရာပြည် တွင် လည်း သက္ကရာဇ်အတို အသုံးပြုသည် ကိုတွေ့ရ ၏။ ထွန်းဖေါင်ဒေးရှင်းမှ ကမကထပြုလုပ်ပြီး (၃၁-၇-၂၀၁၂ / ၁-၈-၂၀၁၂)ထိ ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်း ဖတ်ပွဲ တစ်ခုကျင်းပခဲ့သည်။ ထိုစာတမ်းဖတ်ပွဲမှ စာတမ်း များကို စုပေါင်း၍ ၂၀၁၆ ခုနှစ်တွင် ပျူလူမျိုးနှင့် ပျူနိုင်ငံ တော် စာတမ်း(၂) ဟူ၍ ထွန်းဖေါင်းဒေးရှင်းမှ စာအုပ် အဖြစ် စီစဉ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ် စာမျက်နှာ ၃၂၀ ၌ စာတမ်းရှင် “ငထက်ပြည့်” ရေးသားသော “ပျူအရိုးအိုးစာ” စာတမ်းတွင် သရေခေတ္တရာပြည်၌ မင်းတို့၏ စိုးစံခဲ့သော ခုနှစ် သက္ကရာဇ်များမှာ ဂဏန်း အငယ်များသာဖြစ်ကြောင်း ဖေါ်ပြထားသည်ကို တွေ့ရသည်။ အရိုးအိုးစာ (ပုံ-၉)

ပျူဖတ်စာ ပျူအက္ခရာသမိုင်းစာအုပ်မှ ပျူအရိုးအိုးပါ စာများ 



ပုံ-၉

ငထက်ပြည့်ရေးသော “ပျူအရိုးအိုးစာ”စာတမ်းမှ မင်းတို့၏နတ်ရွာစံသက္ကရာဇ်နှင့် သက်တော်တို့ကို ဖေါ်ပြထားပုံ

၁။ ဟရိဝိကြမ အရိုးအိုးစာ၊

၄၂ ခု၊ ၂လ ၊၉ရက်နေ့တွင် ဟရိဝိကြမမင်းကြီး နတ်ရွာစံသည်။ သက်တော် ၅၂နှစ် ၇လ၊ ၂၄ ရက်။

၂။ သီဟ၀ိကြမ အရိုးအိုးစာ၊

၄၄ ခု၊ ၉လ၊ ၂၀ ရက်နေ့တွင် သီဟ၀ိကြမမင်းကြီး နတ်ရွာစံသည်။သက်တော် ၈၀ နှစ်၊ ၂လ၊ ၄ရက်။

၃။ သူရိယ၀ိကြမ အရိုးအိုးစာ

၆၄ ခု တွင် သူရိယ၀ိကြမ နတ်ရွာစံသည်။ သက်တော် ၅၀နှစ် ၊ ၅လ။

၎။ သူရိယ၀ိကြမ ဆွေမျိုးတစ်ဦး အရိုးအိုးစာ၊

သူရိယ၀ိကြမမင်း ညီတော်(ကျောက်တော်ကြီးဘုရားမှာပါသော ? တတိဒ္ဒိ) အသက် ၃၅ နှစ်တွင်နတ်ရွာစံသည်။

ထိုအရိုးအိုပါ ကျောက်စာများ၏ ခုနှစ်သက္ကရာဇ်များကို သီရိပျံချီ ဆရာကြီး ဦးသာမြတ် ရေးသားသော History of Pyu Alphabet . ပျူဖတ်စာ ပျူအက္ခရာသမိုင်း စာအုပ်၊စာမျက်နှာ ၅၀-၅၁ တွင် သက္ကရာဇ်အတို ဂဏန်း များကို ကမ္ဘာ သုံးသက္ကရာဇ် ခရစ်နှစ် A.D ပြောင်း၍ ဖေါ်ပြရာတွင် အောက်ပါအတိုင်း ပုံသေ ကိန်း (၆၃၈) ဖြင့် ပေါင်း၍ သည်ကို တွေ့ ရသည်။

1/ Year 57 (A.D 695) 2nd month 24th day, Harivikrama, died, aged 41 Years.7 month and 9 days.

2/ Year 80 (A.D 718), 2nd month 4th day, Sihavikrama died, aged 44 years 9 months and 20 days.

3/ Year 50 ( A.D 688), 5 months, Suriyavikrama himself died aged 64 years.

4/ Year 30 ( A.D 668) Suriyavikra’s relatives died. ဟုတို့ဖြစ်၏။

( ဆရာကြီး ဦးသာမြတ်၏ ပျူဖတ်စာပျူအက္ခရာသမိုင်း စာအုပ် နှင့် ပျူလူမျိုး ပျူနိုင်ငံတော်စာအုပ် ဆရာ ငထက်ပြည့် စာတမ်း(၂) စာအုပ်တို့၌ အရိုးအိုးစာ မင်းတို့၏ နန်းစံနှစ် ခုနှစ်သက္ကရာဇ်များကို ဖေါ်ပြကြရာတွင် အနည်းငယ်ကွဲလွဲမှု ရှိသည်ကိုတွေ့ရ၏။ ဤကားစကားချပ်။ )

ပျူအရိုးအိုးစာဂဏန်းများကို သရေခေတ္တရာသုံး(၀ါ) ဒေသသုံး နန်းစံခုနှစ်သက္ကရာဇ်ဟု ပညာရှင်များ ကေ ဖ်ါပြကြပြီး ထို သက္ကရာဇ်အတို ခုနှစ်များကို ကမ္ဘာသုံးသက္ကရာဇ်ဖြင့် ဖေါ်ပြကြရာတွင် ပုံသေကိန်း ( ၆၃၈ ) ဖြင့် ပေါင်းကာ ခရစ် A.D အဖြစ် ပြောင်းလဲ ဖေါ်ပြ ကြသည်ကိုတွေ့ရသည်။ ထိုနည်းတူ ယနေ့ ဘင်္ဂလားေ ဒခ်ျ့နိုင်ငံ ဒက္ကား မြို့ အမျိုသားပြတိုက် ၌ရှိ သော ကြေးနီးအိုးတစ်လုံး၌လည်း ဒေ၀ါတိဒေ၀မင်း၏ နန်းတက် သက္ကရာဇ် (၇၇) ရေးထိုး ပါရှိသည် ကိုတွေ့ရ ၏။ ထိုကြေးနီးအိုး၏ ရာစု သက်တမ်းကို ဖေါ်ပြရာ၌ (8 Century) ဟု ရေးသားဖေါ်ပြ ထားသည် ကိုတွေ့ရ၏။

( မှတ်ချက်- ၇၇ + 638=715 A.D=8 Century)

တော်ဝင်ဂါးဒင်းဟိုတယ် ရန်ကုန်၌ 24 January 2018 နေ့တွင် ဖတ်ကြားခဲ့သော Seminar on Sanskrit Literature of Rakhine နိုင်ငံတကာ စာတမ်းဖတ်ပွဲတွင် Prof,Dr Arlo Griffiths ဖတ်ကြားခဲ့သော New Perspectives on Arakan in the first millennium its name, Dynastic history and Buddhist culture. စာတမ်းပါ ကြေးနီအိုး တစ်လုံးပုံ၏ အောက်ခြေ၌ ဖေါ်ပြထားသော မှတ်စုမှာ (copper-vase grant of Devatideva, regnal year 77 (8 century) height c 70 cm, Devatideva, Courtesy Bangladesh National Museum.ဟူ၍ ရေးထားသည်ကို တွေ့ရ၏။ “ Regnal year 77 (8 century)” ဒေသသုံး နန်းစံ သက္ကရာဇ် (၇၇) ခုနှစ်သည် အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ခြေပါ (ဧကာဒသမ=၁၁) သက္က ရာဇ် တို ဂဏန်းမှ ဆက်၍ရေတွက်လာသော သက္ကရာဇ်လော ဆိုသည်ကို ကြေးနီးအိုးပါ ဒေ၀နာဂရီ အက္ခ ရာဖြင့် ရေးသားထားသော စာများကို အဓိပ္ပါယ်ဖေါ်နိုင်ရန်အတွက် ကျွန်တော်တို့ ဆက်လက် သုတေသနပြုရန် လိုအပ်နေပေသည်။ (ပုံ-၁၀) 



ပုံ-၁၀

နောက်တစ်ခါ အနီးစပ်ဆုံးအဖြေမှန် တစ်ခုရရှိဖို့ အတွက် အာနန္ဒစန္ဒြမင်းကျောက်စာမှ ဂါထာမဟုတ်ဘဲ စကားပြေတစ်ပုဒ်ကို စတင် ခြေရာခံမိပါသည်။ ထိုဂါထာပိုဒ်တွင် ရေးထားသည့် စာသားတစ်ခု၏ အဓိပ္ပါယ် ကား( အာနန္ဒစန္ဒြမင်းသည် မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြင့် မင်းဖြစ်သည့် ပထမနှစ်မှစ၍ န၀မ နှစ်မြောက် သည် အထိ ပရဟိတ အများအကျိုးအတွက် ဆောင်ရွက်သည်) ဟု စာတစ်ကြောင်း ပါရှိပေ သည်။ (ပုံ-၁၁ ရှုပါ)


ပုံ-၁၁

အထက်ကျောက်စာပါ စကားရပ်အတိုင်းဆိုလျှင် အာနန္ဒစန္ဒြမင်းကြီးသည် ကျောက်စာ ရေးထိုးသည့် အချိန် တွင် နန်းသက်(၉)နှစ် ရှိနေပြီးဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။ သူသာ ကျောက်စာ ရေးထိုး ချိန်၌ နန်းသက် (၂၀) ရှိနေမည်ဆိုပါက (မင်းဖြစ်သည့်ပထမနှစ်မှ နှစ်ဆယ်နှစ်မြောက်သည် အထိ) ဟု မလွဲမသွေ သူ၏ဂုဏ်ပုဒ်ကို ပို၍ ပေါ်လွင်အောင် ရေးထိုးခဲ့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအာနန္ဒစန္ဒြမင်း သည် သူ၏ ကု သိုလ်ကောင်းမှုပြုလုပ်ခြင်းများ၊ အများအကျိုးကိုဆောင်ရွက်ခြင်း အကြောင်းအရာများကို ဤကျောက်စာတွင် တစ်ခု မကျန် အပြည့်အစုံ မှတ်တမ်းတင်ထားသောကြောင့် ဖြစ်ပါသည်။ ယခုသော်ကား(မင်းဖြစ်သည့်ပထမ နှစ်မှ န၀မနှစ် မြောက်သည် အထိ)ဟု ရေးထိုးပါရှိသောကြောင့် ကျောက်စာရေးထိုးချိန်တွင် အာနန္ဒစန္ဒြမင်းကြီးသည် ဧကန်အမှန် နန်းသက် (၉)နှစ် ဖြစ်နေသောကြောင့်သာ ဤသို့ ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

စာရေးသူ၏အမြင်ကိုပြောရလျှင် အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ခြေ စာကြောင်းရေ (၇၃) ပါ (ဧကာဒသမ=၁၁) ဂဏန်းသည် ရခိုင်ဒေသသုံး ကောဇာသက္ကရာဇ် (၁၁) ခုနှစ်မှ အပ အခြားမဖြစ်နိုင်ပေ။ ခြုံငုံ၍ သုံးသပ်ရလျှင် အထက်တွင်ဖေါ်ပြခဲ့သော ပျူအရိုးအိုးစာပါ သက္ကရာဇ်တိုဂဏန်းများ၊ဘင်္ဂလားဒေခ်ျ့နိုင်ငံ အမျိုးသား ပြတိုက်မှ ကြေးနီးအိုးစာပါ ဒေ၀ါတိဒေ၀မင်း နန်းတက်သက္ကရာဇ်အတို (၇၇) ဂဏန်များကို နှိုင်း ယှဉ်ထောက်ဆ၍ အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးခုနှစ်သည် ရခိုင်ဒေသသုံး ကောဇာသက္ကရာဇ် (၁၁) ခုနှစ်၊သာသနာနှစ် (၁၁၉၃) ခုနှစ်၊ ခရစ်နှစ် (649 A.D)ခုနှစ်ဟု ကောက် ချက်ဆွဲရခြင်းဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှိ ဤအာနန္ဒစန္ဒြကျောက်စာတိုင်သည် မြန်မာ့သမိုင်းအတွက်သာမက ရခိုင်ဒေသအတွက်သော်လည်းကောင်း၊ ရခိုင်သမိုင်းအတွက် သော်လည်းေ ကာင်း အဖိုးအနဂ္ဃထိုက်တန်သော ၊ သမိုင်းတန်ဖိုးကြီးမားသော ကျောက်တိုင်ကြီး တစ်တိုင်ဖြစ်ပါ ကြောင်း ၊ ဤအာနန္ဒစန္ဒြ ကျောက်စာတိုင်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အားလုံးဝိုင်းဝန်းထိမ်းသိမ်းကြရန် လိုအပ်ပါကြောင်း ရေး သားလိုက်ရပါသည်။

ကိုးကား-

ကုန်သာဆရာတော်-ရာဇမတန်ကျမ်း၊ငါးကျမ်းတွဲ ၈ကြောင်းပေမူ ၁၂၀၈၊တံဆောင်မုံးလ္ဆန်ဆယ်ရက် ၄ဟူးနေ့။

မြန်မာတိုင်းရင်းကျောက်စာများ-စတုတ္ထတွဲ။ ရန်ကုန်တက္ကသိုလ်-1956။

ဦးအောင်သာဦး-ရခိုင့်ယဉ်ကျေးမှု ဝေသာလီခေတ် အတွဲ၁- အမှတ် ၁-1966 စက်တင်္ဘာ။

ဦးမြင့်ဆွေ-အာနန္ဒစန္ဒြသက္ကတကျောက်စာ၊ စာပေနှင့်လူမှုရေးသိပ္ပံဂျာနယ်၊အတွဲ၂၊အမှတ်၃၊1969။

သန်းထွန်း-M.A,. B.L., Ph.D(လန်ဒန်) ခေတ်ဟောင်းမြန်မာရာဇ၀င်-၁၉၆၉။

ဦးစံသာအောင်-ဘီအက်စီ(ဂုဏ်ထူး) မဟာဝိဇ္ဇာ(ဟားဗက်တက္ကသိုလ်)အာနန္ဒစန္ဒြရှစ်ရာစုရခိုင်ဝေသာလီမင်း၊1974။

ဦးမြင့်ဆွေ-ဓမ္မာစရိယ၊၀ိဇ္ဇာ(ဂုဏ်ထူး) မဟာဝိဇ္ဇာ(လန်ဒန်) သက္ကတသဒ္ဒါကျမ်း။ 1983။

ဦးသာမြတ်-သီရီပျံချီ ၊ ပျူဖတ်စာ၊ပျူအက္ခရာသမိုင်း၊ဒု-ကြိမ်၊၂၀၁၁။

ငထက်ပြည့်-ပျူအရိုးစာ စာတမ်း၊ ပျူလူမျိုးနှင့်ပျူနိုင်ငံတော် စာတမ်း(၂) ၂၀၁၆။

ဦးဟုတ်စိန် ဘီအေ(ဂုဏ်ထူး) ဘီအယ်လ်၊ ပါဠိမြန်မာအဘိဓါန်

E.H Johnston-Some Sanskrit Inscriptions of Arakan.

Prof,Dr.Arlo Griffiths- New Perspectives on Arakan in the first millennium its name, Dynastic history and Buddhist culture.။24 January 2018 

Credit -FB -Razar min