ရက္ခိုင့်တပ်တော် AA သည် ရခိုင်လူထု၏ ဆန္ဒလည်းဖြစ်သည်

ရခိုင်ပြည်၌ ရက္ခိုင့်တပ်တော် တည်ရှိရေးသည် ရက္ခိုင့်တပ်တော်၏ ရည်မှန်းချက်သာမဟုတ်၊ ရခိုင်လူထု၏ ဆန္ဒလည်းဖြစ်သည် 'Existing of Arakan Army in Arakan is not Just the Purpose of Arakan Army, but the Will of Arakan People' ရခိုင်ပြည်၌ လတ်တလောဖြစ်ပွားနေသော လက်နက်ကိုင် ပဋီပက္ခ၏ အသွားအလာမှာ နိုင်ငံ့တခြားဒေသများ၌ ဖြစ်ပွါးသော ပဋီပက္ခ ပုံစံများနှင့် သိသိသာသာ ကွာခြားလှပါသည်။ အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲ အပေါ် မြေပေါ်နိုင်ငံရေး ပုဂ္ဂိုလ်များ၊ လူထု၏ အမြင်မှာ ပို၍ ထူးခြားနေသည်။ ရခိုင့်ခေတ်သစ်တော်လှန်ရေးသမိုင်း၌ ယခုကဲ့သို့ ပြင်းပြင်းထန်ထန်၊ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့် ပြန့် လက်နက်ကိုင်တော်လှန်သည်မျိုးမရှိခဲ့လို ရခိုင်လူထုအတွက် မျော်လင့်ချက်နှင့်စိတ်လှုပ်ရှားဖွယ်ရာ အတိလည်းဖြစ်ပါသည်။ လွတ်လပ်ရေးခေတ်နောက်ပိုင်း နိုင်ငံတဝန်းလုံး၌ မြှောက်များပြင်းထန်လှသော ပုန်ကန်တော်လှန်မူများ ရှိခဲ့ကြသည်တိုင် ကာဆင်းဦးဆောင်သော မူဂျာဟစ်ဒင်သူပုန် ခေါ် မူဆလင်များသာ ၁၉၄၉ ရောင်စုံသူပုန်ကာလ၌ မြောက်ပိုင်အစွန်းမြို့ များဖြစ်သော ဘူးသီးတောင်၊ မောက်တောနယ်များ၌ တော်လှန်မူများ တွင်တွင်ကျ...