Skip to main content
Featured
မာဂီစံ ( ရခိုင်သက္ကရာဇ်)
မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန
ရက္ခိုင့်တပ်တော် AA သည် ရခိုင်လူထု၏ ဆန္ဒလည်းဖြစ်သည်
ရခိုင်ပြည်၌ ရက္ခိုင့်တပ်တော် တည်ရှိရေးသည်
ရက္ခိုင့်တပ်တော်၏ ရည်မှန်းချက်သာမဟုတ်၊
 ရခိုင်လူထု၏ ဆန္ဒလည်းဖြစ်သည်
'Existing of Arakan Army in Arakan is not Just the Purpose of Arakan Army, but the Will of Arakan People' 
ရခိုင်ပြည်၌ လတ်တလောဖြစ်ပွားနေသော လက်နက်ကိုင် ပဋီပက္ခ၏ အသွားအလာမှာ နိုင်ငံ့တခြားဒေသများ၌ ဖြစ်ပွါးသော ပဋီပက္ခ ပုံစံများနှင့် သိသိသာသာ ကွာခြားလှပါသည်။ အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲ အပေါ် မြေပေါ်နိုင်ငံရေး ပုဂ္ဂိုလ်များ၊ လူထု၏ အမြင်မှာ ပို၍ ထူးခြားနေသည်။ 
ရခိုင့်ခေတ်သစ်တော်လှန်ရေးသမိုင်း၌ ယခုကဲ့သို့ ပြင်းပြင်းထန်ထန်၊ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့် ပြန့် လက်နက်ကိုင်တော်လှန်သည်မျိုးမရှိခဲ့လို ရခိုင်လူထုအတွက် မျော်လင့်ချက်နှင့်စိတ်လှုပ်ရှားဖွယ်ရာ အတိလည်းဖြစ်ပါသည်။
လွတ်လပ်ရေးခေတ်နောက်ပိုင်း နိုင်ငံတဝန်းလုံး၌ မြှောက်များပြင်းထန်လှသော ပုန်ကန်တော်လှန်မူများ ရှိခဲ့ကြသည်တိုင် ကာဆင်းဦးဆောင်သော မူဂျာဟစ်ဒင်သူပုန် ခေါ် မူဆလင်များသာ ၁၉၄၉ ရောင်စုံသူပုန်ကာလ၌ မြောက်ပိုင်အစွန်းမြို့ များဖြစ်သော ဘူးသီးတောင်၊ မောက်တောနယ်များ၌   တော်လှန်မူများ  တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်ခဲ့ပြီး၊ ရခိုင်အမျိုးသားများကတော့ ထိုစဉ်က အမျိုးသားရေးထက် ပြည်မရှိ လက်ဝဲတော်လှန်ရေးအုပ်စုများနှင့် ချိတ်ဆက်ကာ အကွဲကွဲအပြားပြားတော်လှန်ခဲ့ကြပါသည်။ထိုအထဲတွင် အင်အားအကောင်းဆုံးမှာ ဦးကျော်မြဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ရခိုင်တိုင်း) ဖြစ်ပါသည်။ 
ထိုစဉ်က ရခိုင်တော်လှန်ရေးထဲတွင် လက်ဝဲအုပ်စုများမှ အင်းအားကောင်းရသည်မှာ လယ်ဧက သိန်းချီပိုင်သော   လယ်ပိုင်ရှင်ကြီးများအောက်တွင် ရောက်ရှိနေသည့် ရခိုင်လယ်ယာမဲ့များကို သီးစားခမပေးရေး၊ မြေခွန်မပေးရေးနှင့် လယ်ယာမြေဝယ်ခြမ်းရေး စသည့် မူဝါဒများ၏ ဆွဲဆောင်မူ အားကောင်းခဲ့ခြင်းကြောင်းလည်းဖြစ်ပါသည်။
 နောက်ပိုင်းတွင်တော့ လက်ဝဲဝါဒမှ အမျိုးသားရေးအလံတော်အောက်ကို  တဖြည်းဖြည်းရွေ့ လာခဲ့ကြသည်။ သို့ သော် ထိုအဖွဲ့ များ၏ တော်လှန်ရေးခရီးမှာ လိုသလောက်ခရီးမရောက်ဘဲ အင်းအားကောင်းလာလိုက်၊ လျော့သွားလိုက်နှင့် လက်ဝဲအိုင်ဒီယာ အကျနှင့်အတူ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
ဤသည်ပင် ခေတ်သစ် ရခိုင်တော်လှန်ရေး ပထမမျိုးဆက်ဖြစ်ပါသည်။
ဒုတိယမျိုးဆက်
ရခိုင်လက်နက်ကိုင်တော်လှန်ရေး၏ ဒုတိယမျိုးဆက်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့ (AIO) တို့ မှ စတင်သည်။ 
သည်လိုနှင့် ALP မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ အကူအညီရရန်ကြိုးပမ်းခဲ့သလို၊ AIO မှာလည်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ထံသို့ ချဉ်းကပ်ခဲ့ပါသည်။ အဆိုပါ ရခိုင်အမျိုးသားလက်နက်ကိုင်အင်အားစု နှစ်ခု စလုံးမှာ ရခိုင်ပြည်ပြင်ပ၌ အခြေစိုက်ခဲ့ကြသော်လည်း သူတို့ ၏ အဓိကရည်မှန်းချက်မှာ တစ်ချိန်ချိန် ရခိုင်ပြည်ထဲသို့ အခြေစိုက်ဝင်ရောက်ပြီး၊ တော်လှန်ကြဖို့ ပင်ဖြစ်ပါသည်။
ပြည်တော်ပြန်ခရီး
ထိုစဉ် ALP မှာ ၁၉၇၄ ခုနှစ်မှ ပြည်လည် အသက်သွင်းနိုင်ခဲ့ပြီး၊ KNU နယ်မြေ၌ပင် စစ်ရေးသင်တန်းများစတင်နိုင်ခဲ့သည်။
သည်လိုနှင့် ၁၉၇၆ ခုနှစ်ရောက်မှသာ ALPမှာ ကရင်ပြည်မှ ရခိုင်ပြည်သို့ ရောက်ရန် ကရင်မှ ထိုင်း၊ ထိုမှ Pao National Organisation(PNO)၏ ပအိုဝ့်နယ်မြေ၊
 Shan State Progressive Party(SSPP)၏ ရှမ်းနယ်မြေ၊ နောက် Kachin Independence Organization(KIO)၏ ကချင်နယ်မြေ၊ ထိုမှသည် National Socialist Council(Ngaland)(NSC-N)၏ နာဂနယ်မြေ၊ ထို့ နောက် ချင်းပြည် စသည်ဖြင့် မိုင်ပေါင်း ၂၀၀၀ ခရီးရှည်ကြီးစတင်ချီတက်ခဲ့သည်။
အဆိုပါ ခရီးစဉ်၌ ALP မှ ကချင်ပြည် KIA ဒေသသို့ ရောက်ချိန်တွင် AIO အနေဖြင့် ကချင်ပြည်မှ ရခိုင်ပြည်သို့ လွန်ခဲ့သော ၂ ပတ်ခန့် (၁၉၇၇၊ဇန်နဝါရီ)ကပင် ခရီးနှင်ခဲ့ပြီးဖြစ်ပါသည်။ 
ကျဆုံးခန်း
သို့ သော် ပြည်တော်ပြန် ရခိုင်တော်လှန်ရေးအဖွဲ့ များမှာ နေလာနှင်းပျောက်အဖြစ်နှင့်သာ ကြုံတွေခဲ့ကြရပြီး၊ အဖပြည်သို့ မရောက်ခင်မှာပင် အစိုးရစစ်တပ်မှ ဖြတ်တိုက်ခြင်းကိုခံခဲ့ကြရသည်။
AIO မှာ ALP ထက် စောစီးစွာ ခရီးနှင်ခဲ့သော်လည်း ALP ဥက္ကဋ္ဌ ခိုင်မိုးလင်းမှာ ၁၉၇၇ ဇွန်လ ၄ ရက်တွင်ကျဆုံးပြီး၊ AIO အတွင်းရေးမှုး ဦးစံကျော်ထွန်းကတော့ ၁၉၇၇ ဇူလှိုင်လ ၂၄ ရက်နေ့ မှ ရှေ့ဆင့်၊ နောက်ဆင့် ဆိုသလို ချင်းပြည်တောင်တန်းတစ်နေရာတွင် ကျဆုံးခဲ့ကြပါသည်။သို့ သော် အဖွဲ့ အစည်း နှစ်ခုစလုံးမှာ လုံးဝပျက်သုဉ်းသွားကြသည်တော့ မဟုတ်ပေ။
AIO ၌ ရခိုင်ပြည်ထဲ ရှိနှင့်ပြီး ဥက္ကဋ္ဌ ဦးထွန်းရွှေမောင်နှင့် အဖွဲ့ ကျန်ခဲ့ပြီး၊ ALP၌ ခိုင်စိုးနိုင်အောင် အဖွဲ့ မှာလည်း KNU နယ်မြေထဲ၌ ကျန်ရစ်ခဲ့ပါသည်။၁၉၈၀ အရောက်မှာတော့ AIO ဥက္ကဋ္ဌ ဦးထွန်ရွှေမောင်မှာ အလင်းဝင်သွားခဲ့ရာ တဖြည်းဖြည်းအင်းအားလျော့သွားရပါတော့သည်။
ထို့ နောက် ၁၉၈၀ အစိုးရလွတ်ငြိမ်းချမ်းသာခွင့်ဖြင် ပြန်လည်လွတ်မြောက်လာသော ALP အဖွဲ့ ဝင်အဟောင်းများမှာ လက်ကျန် ALP ကိုပြန်လည် စုစည်းခဲ့ကြသည်။ သို့ သော် သည်တစ်ကြိမ်တွင်တော့ ယခင်ကလို အဖွဲ့ လိုက်ခရီးရှည် ချီတက်သည်မျိုးကို မလုပ်တော့ဘဲ 
တခြားနည်းလမ်းများဖြင့်သာတော်လှန်ရေးဆင်နွဲနိုင်
ရန် လုံးပမ်းကြတော့သည်။
ထို့ ကြောင့် ၁၉၈၀ ခုနှစ်များမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေး၏ အမှောင်ခေတ်ဖြစ်သလို၊ လူထုကြားတွင်လည်း လက်နက်ကိုင်တော်လှန်ရေးအပေါ် ယုံကြည်မူကျဆင်းသော အချိန်လည်းဖြစ်သည်။
ရှစ်လေးလုံးအရေးတော်ပုံအလွန်
တခြားဒေသများနည်းတူ ၁၉၈၈ တွင် ရခိုင်ဒေသတွင်လည်း လူထုအုံကြွမူများဖြစ်ခဲ့ပါသည်။ထိုမှတဖန် 
နိုင်ငံရေးတက်ကြွသူ ကျောင်းသားအများစုမှာ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ တိမ်းရှောင်ခဲ့ကြပြီး၊ လက်နက်ကိုင်တော်လှန်ရေးကို ပြန်လည်း ရွေးချယ်လာကြသည်။ ထို့ နောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရောက် ကျောင်းသားများက All Arakan Students and Youth Congress(AASYC) ကို ဖွဲ့ စည်းခဲ့ကြပြီး၊ ထိုမှ ရခိုင်ပြည်ကွန်မြူနစ်ပါတီ(Arakan Communist Party-ACP)၊ ALP၊ AASYC နှင့် ALO လက်ကျန်
များစုပေါင်းပြီး၊ National United Front of Arakan(NUFA) ကို ၁၉၈၈ အောက်တိုဘာလတွင် ဖွဲ့ စည်းခဲ့ကြသည်။
ခိုင်ရာဇာ၏ AAနှင့် ရခိုင့်တော်လှန်ရေးဇာတ်ရှုပ်
သည်နေရာတွင် ရခိုင့်တော်လှန်ရေးအရေးတော်ပုံမှာ 
စပြီးရှုပ်ထွေးလာပါသည်။ အင်အားစု အသီးသီးမှာ စုလိုက်၊ ကွဲလိုက်ရှိကြပြီး ရှင်းမရလောက်အောင်ပင် 
ရှုပ်ထွေးလှသည်။ 
ခိုင်ရာဇာမှာ ရခိုင့်တော်လှန်ရေးလောကထဲတွင် နာမည်ကြီးသူဖြစ်ပါသည်။၁၉၉၁ တွင် ALP မှ ခွဲထွက်ပြီး AA ခေါ် ရက္ခိုင့်တပ်မတော်ကို ထူထောင်ခဲ့ပါသည်။ 
ထို့ နောက် နိုင်ငံရေးအားဖြင့် NUFA အစား National United Party of Arakan (NUPA) ကို 
စတင်ထူထောင်ခဲ့သည်။
သို့ သော် သူသည် နိုင်ငံရေးထက် စစ်ရေးကိုသာ ပိုအားသန်သူအဖြစ် နာမည်ကြီးပါသည်။ ၁၉၉၈ ထိုင်းမှ 
ဘင်္ဂလားဒေ့ရှ် သို့ လက်နက်သယ်ဆောင်မူ ခရီးစဉ်အတွင်း အိန္ဒိထောက်လှမ်းရေးမှ အက်ဒမန်ကျွန်းစု၌ အယုံသွင်း သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
အထက်ပါ ခိုင်ရာဇာ ဖွဲ့ စည်းခဲ့သော NUPA ထဲတွင် ALP မှလွဲ၍ ကျန် နိုင်ငံရေးအင်အားစုများပါဝင်ခဲ့ပါသည်။သို့ သော် နောက်ပိုင်းတွင်တော့ ပါဝင်သော အဖွဲ့ များမှာ စုစည်းမူပြိုကွဲပြီး၊ အင်အားယျော့နည်းသွားခဲ့ပါ
သည်။
ထို့ နောက် တစ်ဖက်တွင်လည်း ရခိုင်အမျိုးသားကောင်စီ(ANC)ကို ၂၀၀၄ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်
(ပြည်ပ)၊ ALP၊ Democratic Party of Arakan(DPA)၊NUPA၊ AASYC၊ Rakhaing Women Union(RWU)၊ Arakan Women Walfare Association(AWWA) နှင့် Rakhine Sanga Union(RSU)တို့ မှ တပ်ပေါင်းစု ပုံစံမျိုးဖြင့် ကျယ်ကျယ်ပြန့် ပြန့် ဖွဲ့ စည်းခဲ့ကြသည်။
သို့ သော် နောက်ပိုင်းတွင် သဘောထားကွဲလွဲမူများ
ကြောင့် ALPနှင့် DPA တို့ မှ ဆက်လက်မပါဝင်တော့ပါ။ ထို့ နောက် ANC မှပင် AA ခေါ် ရခိုင်ပြည်တပ်
မတော် တစ်ခုဖွဲ့ စည်းပြီး အင်အားစုဆောင်း
လျှက်ရှိသော်လည်း သိသိသာသာ ကြီးထွားလာခြင်းမရှိပေ။ ယခုအချိန်မှာတော့ NCA လက်မှတ်ရေးထိုးရန် အစိုးရနှင့် ညှိ့နိုင်းနေဆဲဖြစ်ပါသည်။ 
ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ များ၏ အထက်ပါဖြစ်စဉ်ကို
 ကြည့်လိုက်လျှင် လက်နက်ကိုင်အဖွဲ့ အစည်းများမှာ 
အင်းအားကြီးထွားမူမရှိဘဲ တစ်ဖက်တွင် စုစည်းမူလည်း မရှိကြသည်ကို တွေ့ ရပါသည်။
ရက္ခိုင့်တပ်တ်ာနှင့် ရခိုင်အမျိုးသားဖွဲ့ ချူပ်    (AA/ULA)
(Arakan Army and United League of Arakan)
ရက္ခိုင်တပ်တော်၏ မူလအစမှာ ၁၉၉၇ ခုနှစ်ကတည်းက ထိုစဉ် တက္ကသိုလ်ကျောင်းသားလူငယ်၊ လူလတ်များမှ အကွဲကွဲအပြားပြားဖြစ်နေသော ရခိုင်တော်လှန်ရေးအင်အားစုများကို အမျိုးသားအလံတော်တစ်ခုတည်း
အောက်တွင် စုစည်းဖို့ ကြိုးစားရာမှ ဖြစ်ပါသည်။ 
ထို့ ကြောင့် သူတို့ သည် ထိုအချိန်တွင် သီးသန့်
တပ်မတော်တစ်ခုထူထောင်ဖို့ ထက် ကွဲပြားနေသော အဖွဲ့ အစည်းအသီးသီးကို စုစည်းနိုင်ရန် ဦးစားကြိုးပမ်းခဲ့ကြသည်မှာ ၂၀၀၅ ခုနှစ်အထိပင်ဖြစ်သည်။ သို့ သော် ပါတီစွဲ၊ ဂုဏ်းဂဏစွဲ လူပုဂ္ဂိုလ်များကြောင့် ထိုကြိုးပမ်းမူများမှာ သဲထဲရေသွန်သာဖြစ်ခဲ့ရသည်။
ထိုသင်ခန်းစာများမှ 'အင်အားစုအသီးသီးကို 
စုစည်းဖို့ ကြိုးစားသည်ထက် အင်အားကောင်းသော 
တပ်မတော်တစ်ရပ် ပေါ်ထွက်လာဖို့ ပိုအရေးကြီးသည်' ဆိုတဲ့ ခံယူချက်ဖြင့် သီးခြားတပ်မတော်တစ်ရပ်ထူထောင်ဖို့ 
ရည်မှန်းခဲ့ကြသည်။
သည်လိုနှင့် ၂၀၀၆ တွင် ရန်ကုန်ရှိကချင်လူငယ်များနှင့် အဆက်အသွယ်ရခဲ့ရာ ကချင်ပြည် KIA နယ်မြေ၌ ရက္ခိုင်တပ်တော် ပေါ်ထွန်းရေးအတွက် လမ်းစပွင့်သွားတော့သည်။ထို့ နောက် ၂၀၀၉ ခုနှစ် ဧပြီ ၉ ရက်နေ့ တွင် 
လူငယ် ၂၆ ဦးဖြင့် စစ်သင်တန်း ပထမအပြတ်ပြီး
မြောက်သွားပြီး၊ ၁၀ ရက်နေ့ တွင် 
ရက္ခိုင်တပ်တော်(AA) ကိုစတင်ဖွဲ့ စည်းခဲ့ပါသည်။ 
၁၀ နှစ်ပြည့်ကာလ ယနေ့ အချိန်မှာတော့ 
အင်အားစုစုပေါင်း သောင်းဂဏန်းကျော်အဖြစ် ခန့် မှန်းထားကြသည်။ ထိုအတိုင်းဆိုလျှင် လက်နက်ကိုင်အင်အားစုများထဲတွင် တတိယမြောက်အင်အားအကောင်းဆုံးစစ်တပ်လည်း ဖြစ်ပါလိမ့်မည်။
ယခုအချိန်မှာတော့ ရခိုင်တော်လှန်ရေးအင်အားစုများထဲတွင် စစ်ရေးအားဖြင့် အခိုင်အမာဆုံး၊ နိုင်ငံရေး
အားဖြင့် လူထုယုံကြည်အားကိုးမူ အရှိဆုံး၊ တပ်တော်တစ်ရပ်အဖြစ်တည်ရှိနေပြီး၊ အမျိုးသားရေးအနာဂတ်အဖြစ် 'အာရကန်ဒရီန်း' ခေါ် 'ရခိုင့်အိမ်မက်' အဖြစ် 
ကျယ်ပြန့် သော အမျိုးသားရေးမူဝါဒများဖြင့် တိုက်ပွဲဝင်လျှက်ရှိသည်။
တော်လှန်ရေး၏ နိဂုံး
ဆိုရိုးတစ်ခုရှိပါသည်။'တော်လှန်ရေး၏ ရည်မှန်းချက်
သည် တော်လှန်ဖို့ မဟုတ်၊ အစိုးရလုပ်ဖိြု့ဖြစ်သည်။
 တော်ခိုခြင်း၏ ရည်ရွယ်ချက်မှာ တော်မှာနေဖို့မဟုတ်၊
မြို့အုပ်ချူပ်ဖိုသည်' ဟူ၏။
သည်အတိုင်းဆိုလျှင် ရခိုင်ပြည်အတွင်း၌ လက်ရှိဖြစ်ပွါးနေသော စစ်ရေးမှသည် ထိုအခြေအနေသို့ ရောက်ရန် ရက္ခိုင်တပ်တော်အနေဖြင့်မည်ကဲ့သို့ တက်လှမ်းမည်ကိုတော့ စိတ်ဝင်စားဖွယ်ရာအတိဖြစ်ပါသည်။
လက်တလော စစ်ရေးတွင်လည်း ရက္ခိုင်တပ်တော်ကို အဓိကအားသာစေသည်မှာ မည်သည့်ဒေသနှင့်မှ မတူသည့် လူထုပါဝင်မူပင်ဖြစ်ပါသည်။ အစိုးရအုပ်ချူပ်ရေး ယန္တရားများမှာ တဖြည်းဖြည်းယိုယွင်းလာနေသော
အခြေအနေဖြစ်သလို၊ တစ်ခြားတစ်ဖက်တွင်လည်း ULA မှာ လူထုကြားထဲသို ပိုပိုပြီးစိမ့်ဝင်နေချိန်လည်
ဖြစ်ပါသည်။
ထိုအခြေအနေအောက်တွင် ရက္ခိုင်တပ်တော်ကို 
ရခိုင်ပြည်ထဲမှ ဆွဲထုတ်ဖို့ ဆိုသည်မှာလည်း 'ဘိန်းစားအိပ်မက်' မက်နေကြခြင်းသာဖြစ်ပါလိမ့်မည်။ 
အကြောင်းမှာ 'ရခိုင်ပြည်ထဲ၌ ရက္ခိုင့်တပ်တော်တည်ရှိ
ရေးသည် ရက္ခိုင့်တပ်တော်၏ ရည်မှန်းချက်သာမဟုတ်၊ ရခိုင်လူထု၏ ဆန္ဒလည်းဖြစ်သောကြောင်း'ြ
ဖြစ်ပါသည်။
                            အယ်ဒီတာတစ်ဦး