ဗြဟ္မဏအယူရှိသော ဟိန္ဒူမင်းများသည် ရခိုင်ဝေသာလီခေတ် တွင် မည်သည့်ကျောက်စာကို ရေးထိုးခဲ့ကြသနည်း

ဗြဟ္မဏအယူရှိသော ဟိန္ဒူမင်းများသည် ရခိုင်ဝေသာလီခေတ် တွင် မည်သည့်ကျောက်စာကို ရေးထိုးခဲ့ကြသနည်း ========================== *********************************** ရခိုင်ဝေသာလီခေတ်မှာ စိုးစံအုပ်ချုပ်ခဲ့သော မင်းများသည် ဟိန္ဒူမင်းများ၊ ဗြဟ္မဏအယူရှိသောမင်းများ ၊သီ၀နတ်မင်းအနွယ်ကဆင်း သက်လာေ သာမင်းများ ဖြစ်သည်ဟု ရှေးက ပြောဆိုရေးသားခဲ့ကြသည်။ ** ရခိုင်ဝေသာလီခေတ်တွင် အေဒီ ၄ ရာစုမှ အေဒီ ၁၀ ထိ ရေးးထိုးထား ခဲ့သော ကျောက်စာ အများအပြားကို မြောက်ဦးပြတိုက်တွင် ထိန်းသိမ်းပြသ ထားသည်။ မည်သည့်ကျောက်စာကို အကိုးအကားပြု၍ ရခိုင်ဝေသာလီ တွင် အုပ်ချုပ်ခဲ့သောမင်းများသည် ဟိန္ဒူမင်းများဖြစ်သည်။ ဗြဟ္မဏအယူဝါဒရှိသော မင်းများဖြစ်သည်ဟု ထုတ်ဖေါ်ပြောကြသည်ကို မတွေ့ရပေ။ *** (ခြွင်းချက်) အနေဖြင့် ပြောရမည်ဆိုလျှင် အာနန္ဒစနြ္ဒမင်းကျောက်စာ စာကြောင်းရေ ( ၂၈ )နှင့် စာကြောင်းရေ (၃၉) ပါ (ဤဂါနွယ= ဤသျ+အနွယ) မင်းမျိုးမငးန်ွယ် စာလုံးကို “သီ၀နတ်မင်းအနွယ်” ဟု ပါမောက္ခ ဂျွန်စတင်မှ စတင်၍ အဓိပ္ပါယ်ဖွင့်ဆိုခဲ့သောကြောင့် ပါမောက္ခဂျွန်စတင်နောက်ပိုင်း အာနန္ဒစနြ္ဒမင်းကျောက်စာကို လေ့လာလိုက် စားကြသော ပညာရှင်အပ...