ဘုရင်နှစ်ပါး မိဖုရားတစ်ပါး ရေးထိုးသော သက္ကရာဇ်ပါ ရှားပါး ဆင့်ထိုးကျောက်စာ။ (လေးမျက်နှာ)
ဘုရင်နှစ်ပါး မိဖုရားတစ်ပါး ရေးထိုးသော သက္ကရာဇ်ပါ ရှားပါး ဆင့်ထိုးကျောက်စာ။ (လေးမျက်နှာ)
###########################
အလှူရှင် နှင့် အလှူပြုချိန်
==============
(၁) ဘုရင်မင်းစောမွန် သက္ကရာဇ် (၇၈၃) ခု တပေါင်း လပြည့်နေ့ သီတင်းအဖိတ်နေ့။
(၂) ဘုရင် မင်းခေါင်ရာဇာ သက္ကရာဇ် (၈၆၅) ခု တပေါင်းလဆန်း(၁၄)ရက် ကြာသပတေးနေ့။
(၃) မိဖုရား မင်းစိုးလတ် သက္ကရာဇ် (၈၈၇) ခု သင်္ကြန် လဆန်း (၇)ရက် သောကြာနေ့။
အလှူပစ္စည်း = စေတီ, ကျောင်း, လမ်း, ကျွန်အိမ်ထောင်, စိုက်ပျိုးရ သောမြေ, လှေ, နွားသားအမိ စသည်တိုကိုလှူသည်။
ရည်ရွယ်ချက် = အလှူ ရှင်သည် နိဗ္ဗာန်ဆုကို ရလို၏။
ဆုတောင်း = အလှူကိုချီးမြှင့်သောသူတို့သည် မိမိနှင့်အတူ အလှူ အကျိုးကိုရရှိပြီးအရိမေတ္တိယျသာသနာတွင် အကြားရပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါစေ။
ကျိန်စာ = အလှူကိုဖျက်သော် အဝီစိငရဲ, သင်္ခါရခါနကငရဲ သစ်ငုတ်ဖြစ်ပြီး မြေမျို စေ, မိုးကြိုးကျစေ, ကျားစားစေ, ဘီလူးစားစေ, မီးကျောင်းစားစေ, အရိမေတ္တိယ သာသနာ၌လည်း လူမဖြစ် လူဖြစ်လာလျှင်
လည်း အကုန်း, အကွ, အနူ, အဝဲ, အရည်စက်စက်စို၍ စွန်တဝဲဝဲနှင့် ရွာထဲမဝင်နိုင် လူစံမမှီသော ငရဲကျစေ ဟုဆိုထားသည်။
လေ့လာချက် = ကျောက်စာသည် အလှူ မော်ကွန်းစာဖြစ်သည်။ ဘုရားလှူသည် ကျောင်းလှူသည်။ ၄င်း တို့အတွက် ဝတ်ကြီး ဝတ်ငယ်ပြုရန် စိုက်ပျိုးမြေများ ကျွန်များလှူသည်။ တရားပွဲများကျင်းပသည်။ စိုက်ပျိုး ရသောစပါးကို အလှူ ရှင်နှင့် လယ်လုပ်တစ်ဝက် ဘုရားအတွက်တစ်ဝက် ခွဲတမ်းကျလှူသည်။ ကျောက်စာသည် ဆင့်ထိုးကျောက်စာဖြစ်ပြီး လေးမြို့ခောတ်နှောင်းပိုင်းနှင့် မြောက်ဦးခေတ်အစောပိုင်း ခေတ်(၂) ခေတ် ရေးထိုးစာဖြစ်သည့်အတွက် အက္ခရာ နှင့် အသတ် ရရစ်များတည်ငြိမ်မှုမရှိ ဝေါဟာရပိုင်းမှာ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ် နှစ်မျိုးလုံးပါဝင်သည်။
ဝါကျများပြေပြစ်ပြီး တိုတိုနှင့်ရှင်းလင်းသည်။ ရခိုင်ဘာသာကိုသုံးပြီး ဗြဟ္မီပွါး အက္ခရာဖြင့် ရေးသားထားသည်။ ပါဋိသက္ကတမှ မွေးစားသော ဝေါဟာရဖြစ်သည့်" သောပဏ္ဍိမဟာမီ ရော အဋ္ဌအသိမာ" တို့ပါရှိနေ၍ ပါဋိစာပေ သြစာမကင်းကြောင်း လည်း တွေ့ရသည်။
ကျောက်စာတွင် ဘုရင်နှင့် နန်းတက်မိဖုရားတို့ပါဝင် နေသည့်အတွက် သာမန်အလှူရှင်များမဟုတ်ဘဲ ဘုရင့်အနွယ်ဝင်များဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ရက္ခသူရိန်
🌟━─━─━─━─━🌟━─━──━─━─━🌟
Zaw Zaw (ရက္ခပူရတိုင်း) Blogger.
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။