ရခိုင် နှင့် တောင်ငူ ဆက်ဆံရေးသမိုင်း
ရခိုင် နှင့် တောင်ငူ ဆက်ဆံရေးသမိုင်း။
တောင်ငူဘုရင်မှ ဟံသာဝတီကို တိုက်ခိုက်လို၍ ရခိုင်ဘုရင်မင်းရာဇာကြီးအား သမီးကညာနှင့် ဘဏ္ဍာများ ဆက်သက်ခြင်း။ ••••••••••••••••••••••••••••••
သက္ကရာဇ် ၉၅၉ ခုတွင် မင်းရဲကျော်ထင် အမည်ရှိသော တောင်ငူမင်း သီဟသူသည် ဘကြီးတော် ကျော်ထင်အနော်ရထာ၏သား ဟံသဝတီပဲခူးမင်းကို လုပ်ကြံလို၍ ရခိုင်ဘုရင်မင်းရာဇာကြီးကို လက်ဆောင်ဘဏ္ဍာ နှင့် အကူအညီလာတောင်းသည်။
တောင်ငူမင်းသီဟသူက ရခိုင်ဘုရင်မင်းရာဇာကြီးအား ဟံသာဝတီကို ကူညီတိုက် ပေးတော်မူပါ ဟံသာဝတီကိုရလျှင် ဆင်ကြီး၊ မြင်းကြီး၊ သမီးကညာ နှင့် ဘဏ္ဍာများ ဆက်သက်ပါမည်ဟု ရွှေပေလွှာဖြင့် ရခိုင်ဘုရင်ထံ အကူအညီလာတောင်းသည် ရခိုင်ဘုရင်မင်းရာဇာကြီးက တောင်ငူမင်းသီဟသူ တောင်းခံမူကို လက်ခံပြီး ရခိုင်ဘုရင်မင်းရာဇာကြီး နှင့် တောင်ငူမင်းသီဟသူတို့ ပေါင်းပြီး
ဟံသာဝတီပဲခူးမြို့ကို တိုက်ခိုက်သိမ်းပစ်လိုက်တယ် အောင်မြင်တော်မှု၍ တောင်ငူမင်းသီဟသူသည် ရခိုင်ဘုရင်မင်းရာဇာကြီး တပ်တို့ကို အထူးထူးသော ပစ္စည်းများ ဆက်သက်ပြီး ဟံသာဝတီထီးနန်း ဘဏ္ဍာ အသီးသီးနှင့်တကွက် ပဲခူးမင်းသမီး ခင်မနှောင်းကို ရခိုင်ဘုရင်မင်းရာဇာကြီးကို ဆက်သက်လိုက်တယ်။
{{ #ဤနေရာမှာ....ဟံသာဝတီ ထီးနန်းကို မီးရှို့တာ ရခိုင်မဟုတ်ပဲ... တောင်ငူဘုရင်ရဲ့ တပ်တွေသာဖြစ်တယ်။
ပဲခူး(ဟံသာဝတီ) နဲ့ တောင်ငူဘုရင်တို့ဟာ ဆွေးမျိုးသားချင်းချင်း ဗမာ ဗမာချင်း တိုက်တဲ့ တိုက်ပွဲပဲဖြစ်တယ်။ ဟံသာဝတီကို တိုက်ချင်နေတာက ရခိုင်မဟုတ် တောင်ငူမင်းသီဟသူဖြစ်တယ်
ဒီတော့ ဟံသာဝတီ ထီးနန်းကို မီးရှို့ခဲ့တာ တောင်ငူမင်းသီဟသူရဲ့ တပ်တွေပဲဖြစ်တယ်။
ဗမာဘုရင်တွေရဲ့ အစဉ်အဆက်ကို ကြည့်မယ်ဆိုရင် မတရားလုပ်ခဲ့တာကြီးပဲတွေ့ပါလိမ့်မယ်။
#မွန်ပြည်ကို တိုက်ခိုက်တယ် .. ဘာတွေလုပ်ခဲ့သလဲ့ မွန်တွေအသိဆုံးဖြစ်မယ်။
#ယိုးဒယားကို တိုက်ခိုက်တယ် ဗမာဘုရင်တွေ ဘာတွေ လုပ်ခဲ့သလဲ့ ဒီနေ့ထိ သက်သေရှိနေဆဲ။
#ရခိုင်ကိုတိုက်ခိုက်တယ်.. ရခိုင်နန်းတော်ကို မီးရှို့ရုံမကသေး.. သင်္ချိုင်းမြေနဲ့ပါ ဖုံးလိုက်သေးတယ်.. ရခိုင်နန်းတော်ခေါင်မိုတွေကိုယူပြီး အရည်ကျိုကာ ခေါင်လောင်းသွန်းပစ်လိုက်တယ် > ( မမင်းဖြူမှန်မှန်ပြော> #မင်းကွန်းခေါင်းလောင်း)
ရခိုင် ပိဋကတ်ကျမ်းများပါအကျန် မီးရှိူ့ဖျက်စီးတယ် တချို့ယူသွားတယ်။ မောင်ဝိုင်းယူသွားတဲ့ ရခိုင်ပြည်က ကျောက်စာတွေ ဗမာပြည်မှာ ရှိတယ် (အရည်အတွက် သေချာ မမှတ်မိဘူး)။
ဗမာဘုရင်တွေရဲ့ ခေတ်အဆက်ဆက်ကို ကြည့်ရင် အဲ့လို မတရားမှုတွေရဲ့ အကျင့်စရိုက်တွေ များများတွေ့ရပါလိမ့်မယ်။ ဗမာတွေရဲ့ စစ်ရေးက ဒီနေ့အချိန်ထိ အဲ့တိုင်းပါပဲ။ မီးရှို့တဲ့အကျင့်စရိုက် အခုထိရှိသေးတယ်။ မနိုင်ရင် နိုင်တာကို မီးရှို့ဖျက်စီးလိုစိတ်အမြဲရှိတယ်။
ရခိုင်သမိုင်းကို လှန်ကြည့်လိုက်ရင်
ရခိုင်တွေဟာ မင်းကျင့်တရားနဲ့အညီ နေတဲ့ လူမျိုးဆိုတာ များများတွေ့ရလိမ့်မယ်။ တရားစောင့်တဲ့ ရခိုင်ဘုရင်မင်းထီး အကြောင်းကိုလည်း ကြားဖူးပါမှာ မိမိထုတ်တဲ့စည်းကို သတိမမူပဲ နန်းတိုင်မှာ ထုံးသုတ်မိလို့ မိမိလက်ညိုးကို ကိုယ်တိုင်ဖြတ်ခဲ့တာ..အဲ့လောက်ထိ စိတ်ဓာတ်မြင့်မြတ်တယ်
ရခိုင်တွေသမိုင်းမှာ အကျင့်ဆိုးမရှိသလောက်ပဲ။ ပညာကျော်အမတ်ဆိုတာ လူတိုင်းသိတဲ့ ပညာရှိအမတ်ကြီးပါ။ ဘုရင်အနားမှာ ကောင်းမူ မကောင်းမူ သင့်၏ မသင့်၏ကို အမြဲထောက်ပြလေ့ရှိတဲ့ ဘုရင်အနားက အမတ်ကြီးပါ။ ရှေ့ရှေ့က ရခိုင်သမိုင်းစဉ်တွေကိုကြည့်ရင် ရန်သူကို ရတာတောင် မတရားလုပ်ခြင်း Tတ်ခြင်း မပြုပဲ ပြန်လွတ်တာများတယ်။ လိုရင်းကိုရရင်ပြီးပြီ ကျန်တာ မဆိုင်တာတွေကို မီးမရှို့ မတရားမလုပ် ဆိုတဲ့ ရခိုင်တွေရဲ့ အကျင့်စရိုက်အခုထိမြင်နိုင်တယ်။
တောင်ငူ နှင့် ဟံသာဝတီကို ရခိုင်သာ မောင်ပိုင်စီးလိုစိတ်ရှိခဲ့ရင် တောင်ငူမြို့ ဟံသာဝတီပဲခူးမြို့တွေ ရခိုင်ပိုင်နယ်မြေ ဖြစ်ခဲ့တာကြပြီ။ #ဟံသာဝတီထီးနန်းပြီးရင်လည်း နောက်ထက် မင်းဆက် ပြုတ်ခဲ့တာကြာပေါ့ ။ #အခုတော့ဗမာဘုရင်
မင်းတွေ အဆက်ဆက် စိုးစံခဲ့ကြတာပဲ မဟုတ်လား ။ အဲ့ဒါ ဘယ်သူကောင်းမူတွေလဲ့ မြင်အောင်ကြည့်တတ်ပါစေ။
ရခိုင်ဘုရင်မင်းရာဇာကြီးက တောင်ငူမင်းသီဟသူတောင်းခံမူကို လက်ခံပြီး ရခိုင်ဘုရင်မင်းရာဇာကြီး နှင့် #တောင်ငူမင်းသီဟသူတို့ ပေါင်းပြီး ဟံသာဝတီပဲခူးမြို့ကို တိုက်ခိုက်သိမ်းပစ်လိုက်တယ် ။
ဒီတော့ ပဲခူး(ဟံသာဝတီ) ထီးနန်းကို ရခိုင်တွေမီးရှို့နိုင်လား.. တောင်ငူမင်းသီဟသူ တပ်တို့ မီးရှို့နိုင်လားဆိုတာ မြင်အောင်ကြည့်ရင် မြင်နိုင်ပါတယ်။ ဗမာဘုရင်တွေရဲ့ အမှုအကျင့်တို့ကို အပေါ်မှာ ပြောခဲ့ပြီးပါပြီ။ }}
ဟံသာဝတီကနေ ရခိုင်ကိုပြန်တော်မူတဲ့ မင်းရာဇာကြီး ခရီးစဉ် ပြန်ဆက်ပါမယ်။ >>
#ရခိုင်တွေကျေးဇူးကြောင်း တောင်ငူနှင့် ဟံသာဝတီ ယိုးဒယားလက်အောက်လို့ မကျရောက်ခဲ့>>••••••••••••••••••••••••••
ယင်းအချိန် ယိုးဒယားဘုရင် ဗြနရာဇ်သည် ဟံသာဝတီ ၊ တောင်ငူ စသည်တွေကို စစ်ချီလာသည် ။ ထိုအခါ ရခိုင်ဘုရင်မင်းရာဇာကြီး၏သား မင်းခမောင်းက ရိက္ခာပို့လာသော တပ်ကို တိုက်ပြီး ရှေ့တန်းယိုးဒယားတပ်ကို ရိက္ခာဖြတ်ထားလည်သည် တစ်လခန့်ကြာသော်.. ယိုးဒယားတပ် တောင်ငူက ခွာပြီး အပြန် သက်မင်းတပ်က လမ်း၌ ဆို့၍ တိုက်၏ ယိုးဒယားမင်းညီ ဗြသမွန်ကို ရ၍ ပြည်ရှင်မင်းရာဇာကြီးသို့ ဆက်သက်လိုက်၏ ယိုးဒယား ဗြသမွန်ကို ကောင်းစွာထား၍ ယိုးဒယားပြည်ရှိ လက်နက် ဘဏ္ဍာများကို တောင်းရာ ယိုးဒယားဘုရင်က ရခိုင်ဘုရင်အား ပြောင်းလက်နက်အမျိုးမျိုးကို ဆက်သက်လိုက်၏ ရခိုင်ဘုရင်ကလည်း ယိုးဒယားမင်းညီတော်ကိုလည်း ပြန်လွတ်ပေးလိုက်သည်။
တောင်ငူမင်းကလည်း ဟံသာဝတီဘကြီးတော် အနော်ရထာတုန်းက ယူထားသော ယိုးဒယားကြေးရုပ်များနှင့် ရွှေငွေဘဏ္ဍာအသီးသီးကို ရခိုင်ဘုရင်မင်းရာဇာကြီးအား ဆက်သက်လိုက်တယ် ။
ယိုဒယား ၊ တောင်ငူတို့က ဆက်သက်သော ဘဏ္ဍာများကိုယူဆောင်ပြီး ရခိုင်ပြည်သို့ ပြန်လည်ချိန် မော်တင်စွန်းတွင် အမတ် မဟာပညာကျော် ကွယ်လွန်တော်မူ၏ ။ ((ဧရာဝတီ မော်တင်စွန်းတွင် ရခိုင် မဟာပညာကျော်အမတ် အုတ်ဂူ ယနေ့ထိတိုင် ရှိနေဆဲပါ။))
တောင်ငူဘုရင်က နောင်တော်ဟံသာဝတီဘုရင့်သမီးတော် ခင်မနှောင်းကို လက်ဆောင်ဆက်သလိုက်သဖြင့် တောင်ငူမင်းက ရခိုင်ဘုရင်မင်းရာဇာကြီးကို တူတော်ဟု ခေါ်တော်မူသည်။ ရခိုင်ဘုရင်မင်းရာဇာကြီးကလည်း တောင်ငူဘုရင်ကို ဦးရီးတော်ဟု ခေါ်တော်မူ၍ မပြတ်မင်းစေတမန်လွှတ်၍ သင့်မြတ်ချစ်ကြည်စွာ ရှိကြလေသည်။
ဤသည်မှာ ရခိုင်ဘုရင်မင်းရာဇာကြီးကို တောင်ငူမင်းသီဟသူ၏ အကူအညီတောင်းခံမှုကြောင်း ဟံသာဝတီသို့ စစ်ချီရခြင်း အကြောင်းအရာပင်ဖြစ်သည်။
၎င်း မင်းရာဇာကြီးအချိန်ကာလ ရခိုင်ဟာ အင်အားအကောင်းဆုံးအချိန်ဖြစ်၍..
သက်မင်းဖမ်းမိတဲ့ ယိုးဒယား ဗြသမွန်အား ရခိုင်ဘုရင်မင်းရာဇာကြီးကို ဆက်သက်ရ၏။
တောင်ငူမင်းကလည်း လက်ဆောင်ဘဏ္ဍာဆက်သက်ရ၏။
ယိုးဒယားကလည်း လက်ဆောင်ဘဏ္ဍာဆက်သက်ရ၏..
(ရခိုင်သမိုင်းအဆက်ဆက်တို့၌ ရခိုင်တို့သည် တခြားတိုင်းပြည်များအား သမီးကညာနှင့် ဘဏ္ဍာများဆက်သက်တယ်ဆိုတာ ရခိုင်တို့သမိုင်းမှာ မရှိခဲ့ပါ။
ရခိုင်တို့ကိုသာကို တခြားတိုင်းပြည်အသီးသီးတို့မှ ဆက်သက်ရခြင်းပဲရှိခဲ့ပါတယ်။ )
မင်းရာဇာကြီး သံတွဲမြို့ကို ရောက်တဲ့အခါ စစ်မထွတ်ခင် ဟောတော်မူခဲ့ ရဟန်းကို ရွှေကျောင်းတော် ဆောက်လုပ်လှူမယ်ဟု ပေးခဲ့တဲ့ ကတိအတိုင်း ဆောက်လုပ်လှူဒါန်းခဲ့၏ ၎င်း ကို ယနေ့ထိတိုင် သံတွဲမြို့မှာ ရွှေကျောင်းပြင် ( ရွှေကျောင်းပြင်ရွာ) ဟုခေါ်တင်၏။
(ပုံများကို သေချာထောက်ကြည့်ဖတ်ပါ.. ) 👇👇
ကိုးကား...
- ဦးကုလား မဟာရာဇဝင်ကြီး
- ရခိုင်ရာဇာဝင်သစ်ကျမ်း..
#fvpシviral #ဘင်္ဂ၁၂မြို့ #Chittagong #history #followerseveryone #follower #ရခိုင်သမိုင်း #တောင်ငူ #ယိုးဒယား













Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။