Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြောက်ဦး နန်းတော်ဟောင်း

မြောက်ဦး နန်းတော်ဟောင်း
~~~~~~~~~~~~

ရခိုင်လူမျိုးများ ၏ နန်းမြို့ဟောင်း

ရခိုင်မင်းဆက်ရဲ့ နောက်ဆုံးတည်ထားတဲ့သော မြောက်ဦး နန်းမြို့ဟောင်းကြီးဖြစ်ပါတယ်။ မန္တလေး နန်းမြို့ရိုးနဲ့ မတူ ကွဲပြားတဲ့အချက်က မြောက်ဦးနန်းတော်နဲ့ နန်းမြို့ရိုးတွေဟာ အုတ်နဲ့ ဆောက်တာ မဟုတ်ဘဲ သဲကျောက် အညိုတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အနီရဲရဲ နန်းမြို့ရိုးနဲ့မတူဘဲ တစ်မျိုးတစ်ဘာသာ ဖြစ်နေတဲ့ ရှေးဟောင်း နန်းမြို့ဟောင်းကြီးကို မြင်ရတာကိုက ရသတစ်မျိုးကို ခံစားနိုင်စွမ်းရှိပါတယ်။ မြောက်ဦး နန်းတော်ဟောင်းကို ရောက်တာနဲ့ စစချင်း မြင်လိုက်ရတာကတော့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပြီး ကျယ်ဝန်း ခိုင်ခံ့လှတဲ့ နန်းမြို့ရိုးကြီးကို အံ့သြဖွယ် တွေ့မြင်ရပါတော့တယ်။ မြောက်ဦးမြို့ရဲ့ နန်းမြို့ရိုးက ကျောက်တုံးကြီးတွေ၊ ကျောက်လှေခါးထစ်ကြီးတွေလည်း ကြီးမားလှတဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာကို ကြည့်ခြင်းအားဖြင့် ရှေးခေတ်လူတွေရဲ့ ခွန်အားနဲ့ လုံ့လကြီးမားပုံတွေကို မှန်းဆကြည့်နိုင်ပါတယ်။

မြောက်ဦးနန်းတော်ဟာ စတုရန်းမိုင် ၁.၂မိုင်ကျယ်ဝန်းပြီး အမြင့်ပေ ၅၀ ခန့်ရှိပြီး ကျောက်တံတိုင်း သုံးထပ် ကာရံထားပါတယ်။ အပြင်ဘက်ဆုံး တံတိုင်းဟာ တောင်မှ မြောက်သို့ ပေ ၁၆၀၆ပေ၊၊ အရှေ့မှ အနောက်သို့ ပေ ၁၇၄၀ ရှည်လျားပြီး ၂၅ပေမြင့်ကြောင်း သိရပါတယ်။ ဒုတိယတံတိုင်းမှာ တောင်မြောက် ပေ ၈၀၀ အရှေ့အနောက် ပေ ၁၀၀၀ ရှိပြီး အတွင်းအကျဆုံးတံတိုင်းမှာ စတုရန်းပုံဖြစ်ပြီး တစ်ဖက်လျှင် ပေ ၆၀၀ခန့် ရှည်လျားပါတယ်။ နန်းမြို့ရိုး သုံးထပ်စလုံးကို အုတ်မသုံးဘဲ ၂ပေမှ ၃ပေခန့်ကြီးမားတဲ့ သဲကျောက်အညိုရောင်များကို သုံးထားတာ တွေ့ရပါတယ်။ အချို့နေရာများမှာ ၆ပေခန့်ကြီးများတဲ့ ကျောက်တုံးကြီးများကိုပင် တွေ့ရပါတယ်။ နန်းတော်ကြီးထဲမှာ ရွှေနန်းကိုးဆောင်၊ မြေနန်းဆောင်များ၊ ပရိတ်ဆောင်၊ မှန်နန်းဆောင်၊ နိဗ္ဗာန်ဆောင်၊ ဗြဲတိုက်ဆောင်၊ မြောက်စမုတ်ဆောင်၊ တောင်စမုတ်ဆောင်၊ ပွဲတော်ဆောင်၊ လွှတ်တော်ရုံးများ၊ ဘိသိက်သွန်းသည့် ရေကြည်တော်များရှိရာ နံ့သာကန်၊ ဗဟိုရ်စည်တော်၊ နက္ခတ်ရုံ၊ ပန်းခုံတော်၊ လက်နက်တော်တိုက် စသည်တို့နဲ့ ဖွဲ့စည်းထားခဲ့တယ်လို့သိရပါတယ်။ အရှေ့ဖက်တွင် သစ်မွှေးဖြင့် ဆောက်လုပ်ခဲ့သော စန္ဒကူးဆောင်တော်လည်း ရှိခဲ့ပြီး မြောက်ဖက်မှာ ဆင်ဖြူတော်ကုန်းနဲ့ မိဖုရားတို့ရဲ့ အဆောင်တော်များ တည်ရှိပြီး နန်းတော်ရဲ့ တောင်ဘက်မှာတော့ လှေတော်များဆိုက်ကပ်ရပ်နားရာ သိင်္ဂနဒီချောင်းရှိခဲ့ပါတယ်။ ရှေးရခိုင်ခေတ်မှာ ဆင်တပ်၊မြင်းတပ်များလည်း ရှိခဲ့ပြီး မြစ်ချောင်း ပေါများလှတာကြောင့် လှေကိုလည်း အများဆုံး အသုံးပြုခဲ့ကြဟန် ရှိပါတယ်။

တန်ခိုးထိန်တောက် ဘုန်းလျှံမှောက်ခဲ့စဉ်က မြောက်ဦးနန်းတော်ကို ပုံဖော်ရမည်ဆိုပါက ရတနာနန်းဆောင်တော်ကို နံရံကို ရွှေပြားများနဲ့တန်ဆာဆင်ထားပြီး မျက်နှာကျက်ပေါ်မှာ ရွှေနွယ်ပင်များ၊ ရွှေဘူးသီး၊ ရွှေဖရုံသီးများ ဖူးပွင့်နေဟန်ကို ရွှေစင်ရွှေသားများနဲ့ ပုံဖော်ထားခဲ့ပြီး အသီးအရွက်များကို ရတနာစိန်ကျောက်များဖြင့် စီခြယ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဆောင်တော်တွင်း မှာလည်းသာမန်လူတစ်ယောက် အရွယ်အစားအတိုင်း ရွှေသားအတိနဲ့ ပြုလုပ်ထားတဲ့ ရွှေရုပ်နှစ်ရုပ် ရှိခဲ့ကြောင်းဆိုပါတယ်။ နန်းတော်အိုးခေါင်စွန်းများတွင် မကန်းကွက်၊ ကြာမုံ၊ ကြာချပ်၊ ကိန္ဒရာ၊ နတ်သားရုပ်များ ၊ ဥဒေါင်းရုပ်များ၊ ဆည်းလည်းများ၊ ခြူးပန်းနွယ်များ၊ စိန်ပန်းများ၊ ကျေးငှက်သာရကာ ပျော်မြူးနေကြဟန် လက်ရာများ ရှိခဲ့ကြောင်းကို ရခိုင်စာဆိုများ ဖွဲ့ဆိုခဲ့သော ပိုဒ်စုံရတုတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အေဒီ ၁၅၁၅ခုမှ စကာ ပေါ်တူဂီတို့နှင့် ကုန်သွယ်ရေကြောင်း အဆက်အသွယ်များ ရှိလာခဲ့ရာ ရခိုင်နန်းတော်ကြီးကို ရောက်ခဲ့ဖူးသည့် ပေါ်တူဂီဘုန်းတော်ကြီး မန်နရိတ်ကလည်း ရခိုင်ဘုရင်တို့ရဲ့ ရွှေနန်းတော်ခေါင်စွန်းကြီး ငါးစွန်းဟာ မိုးသို့ထိုးထွက်လျှက်ရှိနေပြီး ဖြောင့်တန်းရှည်လျားသည့် နန်းတော်ကြီးတွင် ရွှေရောင်နောက်ခံနှင့် ဟင်္သာပြဒါးအနီရောင်များ ခြယ်သထားသည်။ အမိုးကိုလည်း အရောင်များ ဝင်းလက်တောက်ပနေသည့် ရွှေပြားကြီးများဖြင့် မိုးထားပြီး နေရောင်အောက်မှာ ဖြိုးဖြိုးပြက်ပြက် ဝင်းလက် တောက်ပနေသည်ဟု သူ၏ မှတ်တမ်းတွင် ဖော်ပြခဲ့သည် ဆိုပါသည်။ ပေါ်တူဂီတို့နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ပေါ်တူဂီတို့ဟာ မြို့ပြတည်ဆောက်ရေးနဲ့ စစ်ရေးများကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ရခိုင်ရေတပ်ကြီးသည် ဘင်္ဂလားပင်လယ်အော်တွင် ခေတ်မီရေတပ်ကြီး ဖြစ်ခဲ့ကြောင်း သိရပြီး ဘင်္ဂလားနယ်များကိုပင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရခိုင်ဘုရင်တို့ရဲ့ စစ်တပ်အတွင်းမှာပါ ပေါ်တူဂီစစ်သားများ ရှိခဲ့တယ်လို့ သိရပါတယ်။ ထို့နောက်တွင် ဒတ်ခ်ျလူမျိုးတို့နဲ့ပါ အဆက်အသွယ်များ ရှိလာခဲ့ပြီး ကုန်သွယ်ကူးသန်းလာခဲ့ကြပါတယ်။




Photo_Mrauk U Kingdom

Comments