Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အမျိုးသမီး စာဆိုရှင် ရှင်နှောင်း၏ ရခိုင်နန်းတော်ကို ဖွဲ့ဆို ရေးသားထားခဲ့သော ရတု( ၃ )ပိုဒ်

ရခိုင်နန်းတော်ကို ရောက်ရှိခဲ့သော ပဲခူးသူ ဟံသာဝတီနန်တော်မှ အမျိုးသမီး စာဆိုရှင် ရှင်နှောင်း၏ ရခိုင်နန်းတော်ကို ဖွဲ့ဆို ရေးသားထားခဲ့သော ရတု( ၃ )ပိုဒ်
~~~~~~~~~~~~~~~~~~~
ရခိုင်သက္ကရာဇ် ၉၅၅-ခုနှစ် ဝါဆိုလဆန်း( ၆ )ရက် တနင်္ဂနွေနေ့တွင် မင်းရာဇာကြီး၏ ခမည်တော် မင်းဖလောင်း နတ်ရွာစံ၍ သားတော်မင်းရာဇာကြီး နန်းတက်တော်မူပြီးလျှင် ရခိုင်သက္ကရာဇ် ၉၆၁-ခုနှစ်တွင် မြောက်ဦးရွှေနန်းတော်သို့ ရောက်ရှိလာခဲ့သည် ပဲခူးသူ  ဟံသာဝတီ ပဲခူးဘုရင် သို့မ ဟုတ် ငါးမည်ရ နန္ဒဘုရင်၏ သမီးတော် ရှင်နှောင်း သို့မ ဟုတ် ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဘဂိုးဖြူမိဖုရား သို့မဟုတ် တန်ဆောင်မိဖုရား ဖွဲ့ဆိုရေးသားထားသော မြောက်ဦးရွှေနန်းတော်၏ ရတု( ၃ )ပိုဒ် ဖြစ်သည်၊

ရှင်နှောင်းသည် ရခိုင်ထီးဟန် နန်းဟန်ကို သဘောပေါက်နားလည်လာ၍ မြောက်ဦးရွှေနန်းတော်၏ တည်ရှိနေပုံကို မိမိ၏ခံစားချက်ဖြင့် တွေ့မြင်ရသော နှလုံးသားမှ ပုံရိပ်လွှာဖြင့် ပိုဒ်စုံရတု( ၃ )ပိုဒ်ကို ဖန်တီး၍ ထူးခြားစွာ ရေးဖွဲ့နိုင်ခဲ့သည်၊

ရတု( ၃ )ပိုဒ်တွင် ပထမပိုဒ်သည် မြောက်ဦး ရွှေနန်းတော်၏ တည်ရှိနေပုံကို ရေးဖွဲ့ထားသည်၊ မြောက်ဦးရွှေနန်းသည် တောင်ကုန်းတစ်ခုကို အခြေ ခံ၍ တည်ဆောက်ထားသည်၊ ဗဟိုနန်းမသည် ခေါင်စွန်းငါးဆင့်ဖြင့် ဖွဲ့စည်းထားသည်၊ ခြင်္သေ့တစ်ကောင်ကဲ့သို့ မားမားမတ်မတ်ရှိလှသည်၊ အထက်မကိုဋ်သည် ကြာများ ပွင့်နေဟန် ရှိခဲ့သည်၊ ထောင့်စွန်းများတွင်လည်း နတ် သားရုပ်များဖြင့် တန်ဆာဆင်ထားသည်၊ နန်းတော်၏ ပုံသဏ္ဌာန်သည် ရွှေဒေါင်းတွန်သကဲ့သို့ ကြွကြွရွရွရှိလှသည်၊ အထူးသဖြင့် ဤနန်း၏ တန်ဆာဆင် အဆောက်အအုံသည် အရောင်အသွေးအားဖြင့် ထွန်းတောက်မှုရှိခြင် l နံနက် စောစောနေရောင်ခြည်အောက်တွင် ကြည်ရှုရသည်မှာ အရောင် တဖျတ်ဖျတ်ဖြင့် နေနှစ်ဆူ ထွက်နေသည်ဟူ၍ တွေးထင်စရာ ရှိခဲ့ကြောင်းကို သိပ်သိပ်သည်းသည်း ဖွဲ့နွဲ့ထားသည်၊

ရတု( ၃ )ပိုဒ်ထဲက ပထမဆုံး ရတု  နံပါတ်( ၁ )
--------------------------------------
တက်ထွန်းလတ်နေ လက်ယာခွေ၍ ဥဒေတောင်ထွဋ် သောင်းကျွန်းပတ်၍ ထွန်းတက်သောင်းသောင်း မောင်းလည်းပြန်ခေါက် သောက်ခြည်ရောက်က ထွန်းတောက်ပြောင်သူ နေနှစ်ဆူလျှင် ထွက်ပြူသည်လော တွေးထင်မောစွ ပေါပေါတောင်ညို လယ်ထိပ်ပိုထက် ဗဟိုရ်ရွှေနန်း ခေါင်စွန်းငါးဆင့် ခြ င်္သေ့သင့်လျက် ယပ်နှင့်စမြင် မိုးပြင်ကြွားကြွား သိကြားလျှပ်စွဲ ပျံဝဲဘနန်း မကန်းကွက်စုံ ပွင့်ငုံချပ်ကြာ ကိန္နရာသွင် ထောင့်တွင်ယွင့်မိုး ရိုးရိုးရွားရွား စောင့်နတ်သားနှင့် ယပ်မားတင့်ဆန်း ဒေါင်းလျှပ်ပန်းရုံ ပဒုံကြာလျောက် ကြာမောက်ကြာတိုက် ထီးစိုက်ဖြောင့်မှန် ရွှေဒေါင်းတွန်သို့ လှံချွန်မှန်ဖူး လင်းရောင်မြူးသည် စည်ရှူးထွန်းချက်ဟန် တကား၊

ဒုတိယ ရတုပိုဒ်မှာ နန်းတွင်းတည်ရှိဟန်ကို ရေးဖွဲ့ထားပါသည်၊ ပမာအားဖြင့် နန်းတွင်း သည် ဝေဇယန္တာ နန်းကဲသို့နှယ်တည်ရှိသည်၊ ခြူးပန်းခြူးနွယ်တို့ဖြင့် ယှက်နွယ်ထား သည်၊ စိန်ရွက်သဏ္ဌာန်ရှိသော ပန်းများကိုလည်း ထည့်သွင်းထားသည်၊ ရတနာကိုးပါးဖြင့် စီခြယ်ထားသည့် နန်းတွင်းသည် ညဉ့်အမှောင်မှာပင် ကျောက်မျက် ရတနာတို့မှ ထွက်လာသော ရောင်ခြည်တို့ကြောင့် ဝင်းထိန်လို့နေပါသည်၊ သိကြားနတ်ဘုံနှင့် မခြားမရှိကြောင်းကို စာဆိုရှင်က ဤသို့ဖွဲ့နွဲ့ထားသည်၊

ရတု( ၃ )ပိုဒ်ထဲက ဒုတိယပိုဒ် ရတု  နံပါတ်( ၂ )
--------------------------------------
စက်ဝန်းပတ်ခွေ ကျွန်းလုံးမွှေမျှ ဥဒေခေါ်မှန်း ဗွေထွန်းများမြောင် ကုဋေတောင်ထိ မြင့်တောင်ထိပ်မှာ ဝေဇယန္တာနှင့် ပမာတမျှ တူမောလှရှင် ပါဒနက်သန် ဗိမ္မာန်ညောင်ရွက် ကွမ်းချက်တောက်တဲ အောင်ဆွဲလူလူ ခြူလည်းသွင်သွင် ကြယ်လပြင်တိ ပျံဝင်ကိုးပါး မျက်စုံနားလျက် ခြူးသားပြောက်နွယ် ဆန်းကြယ်ပေါ်ထုတ် ဖွေနှုတ်ညွတ်ညောင်း စုံပေါင်းများဖျင် လည်တင်ရင်ဘက် စိန်ရွက်ငုံချွန်း ပန်းလည်းချိန်သင့် ဆိုင်၍ဖွင့်သို့ ဝတ်
ရင့်ချိုးပျား ယူစားကျေးငှက် တောင်ယှက်စာပြန် ခွံ့ဝယ်ဟန်လည်း သဏ္ဌာန်မခြား ထွေထွေများကို သိကြားဘုံမှာ သာကြပါလိမ့် ဘယ်မှာခွဲခြမ်း ရနိုင်စွမ်းလိမ့် မှောင်ထွန်းညဉ့်တွင်း မီးသို့ဝင်းသည် လျှံလင်းမချွတ် ဟန်တကား၊

တတိယ ရတုပိုဒ်ကို နန်းတွင်းထီးနန်းစိုက်ရာ ရာဇပလ္လင် တည်နေဟန်ကို ရေးဖွဲ့ထား သည်၊ မြင့်မားသော ပလ္လင်တော်သည် ရတနာရောင်စုံ ဟုန်လျှံဝင်းလျက်နေသည်၊ ပန်းအကွေ့အလိမ်များကိုလည်း ထည်သွင်းထားသည်၊ ကြငှာန်းမှာ နှစ်ခုပြိုင်၍ တည်ရှိသည် အပေါ်၌ ထီးဖြူကိုမိုးထားသည်၊ ခါးပန်းတို့တွင် စိန်ကြောင်နီလာ အစရှိသော နဝရတ်ကိုးသွယ်ကို စီခြယ်ထားသည်၊ သလွန်ညောင်စောင်းမှာလည်း အုန်းသားရွှေရောင်ဖြင့် ဝင်း ပြောင်လို့နေပါသည်၊

ရတု( ၃ )ပိုဒ်ထဲက တတိယပိုဒ် ရတု  နံပါတ်( ၃ )
---------------------------------------
ဘက်ကျွန်းလွတ်ထွေ ဇမ္ဗူမြေ၌ မင်းနေဘုံသာ လောကနာ၏ ရတနာစုံ ရောင်ဟုံလျှံမြေ့ ကွေ့ကွေ့လက်လိမ် မွမ်းထိမ်လက်တန် ငုံဟန်စံကား ဆက်သွားရိုးစိုင် မြင့်ဆိုင်ပလ္လင် ဥက္ကင်သလုံး ကုံးသို့အဟန် မျက်ပျံချယ်ပြီး စံထီးရောင်ရွှန်း ကြငှန်းဥရူ နှစ်ဆူပြိုင်တောက် ထီးဖြူအောက်ဝယ် ပြိုးပြောက်ပျံ့ထွား ဝေပူဖျားဝယ် အုန်းတားလက်တင် မျက်ရှင်မြနှစ် နားရစ်ခြယ်သန်း ခါးပန်းသွယ်မျောင် စိန်ကြောင်မျက်မြတ် နဝရတ်တိ မိုးစွန်တိမ်သွင် ဇာဘုရင်ကို ပုံပြင်လွှမ်းထား အုန်းသားရွှေပြောက် ဓနုဖောက်လျက် ရိုက်ခေါက်သံ တောင်း အနီမောင်းသည် ညောင်စောင်းနတ်စက် ဟန်တကား၊

ဤသည်ကား ပဲခူးသူ ရှင်နှာင်း၏  ပိုဒ်စုံရတု ဖြစ်ပါသည်။

                                Tun Tha Khin


Comments