Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

သျှစ်သောင်းပုထိုးတော်မှ ဣသိသိင်္ဂ ရုပ်တု ဇာတ်ကြောင်း၊

သျှစ်သောင်းပုထိုးတော်မှ ဣသိသိင်္ဂ ရုပ်တု ဇာတ်ကြောင်း၊
•••••••••••••••••••••••••••••••




၅၅၀ ဇာတ်တော်၊ ပဏ္ဏာသနိပါတ် နိလိနိကာဇာတ်လာ 

လူတို့၏အရေအတွက်အားဖြင့် တာဝတိံသာနတ်သက် သုံးကုဋေခြောက်သန်းပြည့်လုလုအချိန် နတ်တို့ထုံးစံ လက်ကတီးကြားမှ ချွေးယိုစီးခြင်း ၊နတ်ဝတ်တန်ဆာတို့ မှိန်ညှိုးခြင်းဖြင့် တန်ခိုးအင်အားနည်းလာချိန်......

ဟိမဝန္တာတောင်ခြေတစ်နေရာမှာ တရားကျင့်နေသော ရသေ့ကလေး ဣသိသိင်္ဂ၏
အကျင့်သည်ပြင်းထန်လွန်းလှပေသည် ။

ဤရသေ့ ကလေးသာမက သူ၏ဖခင် ကဿပရသေ့ကြီးရှိစဉ်ကပင် သူတို့၏သီလကြောင့် နတ်ကောင်းနတ်မြတ်များက တောရဲတိရိစ္ဆာန် အန္တရာယ်မျိုးစုံတို့မဆိုက်ရောက်စေရန် ကာကွယ်စောင့်ရှောက်ရပေသည် ။

ဖခင်ဖြစ်သူရသေ့ကြီးမှာလည်း လောကီကိုစွန့်ခွာပြီး ဤနေရာသို့တောထွက်ကာရသေ့ ရဟန်း ဝတ်လာခဲ့သူဖြစ်ပါတယ်။

သို့ရာတွင် ရသေ့ကြီး၏ ကျင်ငယ်ရည်အားသောက်မိသော သမင်မမှ မွေးဖွားလာရသည့်
ဣသိသိင်္ဂရသေ့ငယ်ဟာ လူ့လောကီအငွေ့အသက်တို့မှလည်းကင်းစင်လှသည့်အပြင်လူသားဟူ၍ဖခင်ရသေ့ကြီးကလွဲပြီး မိန်းမသားဟူ၍ မြင်ဖူးသူမဟုတ်ပါ ။

သို့ဖြစ်၍ ပြင်းထန်ခြိုးခြံလွန်းသော အကျင့်ကြောင့် သိကြားမင်းရဲ့နေရာကိုလုယူမည့်သူဟု သိကြားမင်းက ထင်မြင်မိပေသည်။
(ထိုအချိန်က သောတာပန်အရိယာသိကြားမင်း မဖြစ်သေးပါ ။ )

ထိုရသေ့ငယ်သည် တရားရှင်ဖြစ်သော်လည်း သိကြားဦးမာဃအတွက် ရန်သူသဖွယ်ဖြစ်နေသဖြင့် အလမ္ဗုသာနတ်သမီးအားစေလွှတ်၍ ရသေ့ကလေး၏ အကျင့်အားဖျက်ရန်စေခိုင်းခဲ့သည် ။

ပကတိလူသားမိန်းမအသွင် မလုံတလုံအဝတ်အစားဖြင့် ရသေ့လေးအနားရုတ်တရက်ပေါ်လာရာ သင်္ခမ်းအပြင် တံမြက်လှည်းနေရာမှ အံ့သြကြောက်ရွံ့စွာဖြင့် နောက်သို့ဆုတ်သွားခဲ့သည် ။

ကျွန်မကို ဘီလူးလို့များထင်မှတ်နေပါသလားဆိုတဲ့ သာယာတဲ့အသံကြောင့် စူးစိုက်ကြည့်ပြီး နတ်သမီးရဲ့အလှအပမှာ နစ်မြောနေခဲ့ရသည်။ 
မမြင်စဖူးအမြင်ထူးပြီး ကျောင်းသင်္ခမ်းထဲဧည့်ခံဖို့ လက်ကိုဆွဲကိုင်ပြီးဖိတ်ခေါ်စဉ် အလမ္ဗုသာနတ်သမီးက ရသေ့လေးကို ရွှန်းရွှန်းစားစားကြည့်ပြီး ရသေ့ငယ်ရဲ့ခါးကိုအားရပါးရဆွဲယူပြီး တကိုယ်လုံးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပါတယ်။

ထိုအခိုက်လေးသည်ပင် ရသေ့ကလေးတစ်သက်လုံးကျင့်သုံးလာခဲ့သော အဗြဟ္မစရိယ
သိက္ခာပုဒ်တော် ပျက်ယွင်းရှာလေပြီတည်း ။

ထိုမျှမကသေး သိကြားမင်း၏ဖန်ဆင်းမှုဖြင့်
နတ်ပလ္လင်နှင့်နတ်အိပ်ယာတို့ဖြစ်ပေါ်လာပြီး
ကာယအာရုံ ဖောဋ္ဌဗ္ဗာရုံကြောင့် နတ်သမီး၏
ရင်ခွင်ထက် မိန်းမူး မေ့လျော့နေခြင်းပင်ဖြစ်သည် ။

အဘယ်မျှမေ့မြောနေပါသနည်းဆိုသော် လူတို့အရေအတွက်အားဖြင့် သုံးနှစ်ကြာခဲ့ပါသည်။
ရသေ့ငယ် နိုးထ၍မျက်လုံးများပွင့်လာသော်
အိပ်ရာမှရုတ်ခြည်းထ၍ ပါတ်ဝန်းကျင်အားကြည့်၏။

ထို့နောက် နတ်သမီးအနီးမှထွက်ခွာကာ စူးစမ်းစိမ်းကားသောမျက်လုံးများ၊တရားအသိဖြင့်နိုးထလာပြီဖြစ်သော ရသေ့ကလေးသည်

" သင် ဘယ်သူလဲ "ဟုမေးရာ 

 " အလမ္ဗုသာ နတ်သမီးပါ "ဟု လက်အုပ်ချီ၍ဖြေကြားလိုက်ပါသည် ။

" နတ်သမီးတဲ့လား ၊နတ်သမီးဆိုတာမိန်းမပေါ့ ၊မိန်းမဆိုတာ တရားရဲ့ဆန့်ကျင်ဘက်ပေါ့။
ငါ့ဖခင် ကဿပရသေ့ကြီးက တောအတွင်းမှာ သင်တို့နဲ့တူတဲ့ သူယောင်မယ်ပန်းပွင့်တွေကိုပြပြီး 

ချစ်သား ဤအပွင့်နှင့်တူသော မိန်းမများကို
တွေ့လျှင် ဝေးစွာရှောင်ကြဉ်ရမည် ....လို့ဆုံးမခဲ့ဖူးပါ၏။သင့်ကိုတွေ့တော့ ဒီဆုံးမစကားကိုမေ့ပြီး သင့်အလိုသို့လိုက်မိခဲ့ပါသည်။

ယခုသော် ငါ့မှာတရားနှင့် ကင်းဝေးခဲ့ပါပြီ ။
စျာန်အဘိညာဉ်တို့လည်း ကွယ်ပျောက်ခဲ့ပါပြီ။တရားကျင့်သုံးမှု နေ့စဉ် ဝတ္တရားတို့နှင့်လည်းကင်းဝေးခဲ့ရပါပြီ ။ဆိုးရွားလေစွ အသင်နတ်သမီး "

      "သည်းခံတော်မူပါ အရှင်ရသေ့ ၊ကျွန်မအပေါ်တွင် အရှင်ပြစ်တင် စိတ်ဆိုးမည်ကို
ကြောက်ရွံ့လှပါသည် ၊တကယ်တော့ ကျွန်မကိုပိုင်စိုးသော သိကြားမင်း၏အမိန့်အရ ဤအမှုကို ပြုခဲ့ရခြင်းဖြစ်ပါတယ် ။"

    "ဘာတဲ့ ၊သိကြားမင်းတဲ့လား "

    "မှန်ပါတယ် ရှင်ရသေ့ ၊သိကြားမင်းသည် ရှင်ရသေ့၏ ပြင်းထန်သော အကျင့်ကြောင့်သူ့နေရာကိုလုယူမည်စိုး၍ ကျွန်မကို စေလွှတ်လို့ ရောက်လာရခြင်းပါ အရှင် "

     " မှားလေစွ သိကြားမင်း ၊မှားလေစွ ၊
ငါ့မေတ္တာကြောင့် သိကြားမင်းချမ်းသာပါစေသတည်း ။
ငါ့ကြောင့် သိကြားမင်းမှာ မည်သည့်ဆင်းရဲမျှမဖြစ်ပါစေသတည်း ။
      သင့်ကိုလည်း ငါသည်းခံပါ၏။
ငါ့မေတ္တာကြောင့် သင်လဲချမ်းသာပါစေသတည်း "

နတ်သမီးလည်း ရသေ့လေးကို အကြိမ်ကြိမ်ဦးနှိမ်၍ ဗိမာန်နဲ့တကွ ကောင်းကင်သို့ပြန်တက်ခဲ့သည် ။

ပြုံးရွှင်သော မျက်နှာဖြင့်ကြိုဆိုနေသော
သိကြားမင်းက သင်အလိုရှိသောဆုကိုပေးမည် ၊လိုရာဆုကိုတောင်းပေတော့ ဟုအရေးတယူ ဆိုခဲ့ရာ ......

🌺🌺🌺ကောင်းလှပါပြီ သိကြားမင်း 

💖💗💝ကျွန်မသည် ယခုပြုအပ်ခဲ့သောအမှုကြောင့် ယခုဘဝမှ စ၍ ဖြစ်လေရာ ဘဝတိုင်း၌ တရားရှင် ရသေ့ ၊ ရဟန်းတို့အားဖျက်ဆီးသောသူ " ကျောင်းကြီးဖျက်မ " ဘဝသို့  မရောက်ရပါလို၏ အရှင်သိကြားမင်း
🌸🌸🌸

********************
👉👉👉သိကြားမင်းသော်မှ
မိမိစည်းစိမ် ရာထူး ဂုဏ်သိမ်တို့ကြောင့်
ရသေ့ ၊ရဟန်းတို့ရဲ့ အကျင့်သီလကို ဖျက်ဆီးကြပေသည် ။

သာမန်မျှသော ပုထုဇဉ် လူသားတို့ အဖို့မှာမူ

ထိုထက် ပိုမို ဆိုးရွားစွာ ဆောင်ရွက်ကြကုန်သည်သာတည်း ။

ရေးသားသူ
#ဦးဇော်ဝင်းမြင့်

 မိုးခေါင်ခြင်းသည် တောင်ဖီလာဆရာတော် အကျင့်သီလပြင်းထန်၍ဟု အမတ်အချို့
က သံတော်ဦးတင်ကြသည်။ မင်းကြီးကား မယုံလေ။ထိုအမတ်တို့က နိလိနိကာဇာတ်
တွင် ဣသိသိင်္ဂရသေ့ အကျင့်ပြင်းထန်၍ ကာသိတိုင်း၌ မိုးသုံးနှစ် ခေါင်နေသဖြင့် သိကြားမင်းသည်ပင် ဗာရာဏသီမင်း၏ သမီး နိလိနိကာအား အဖျက်ခိုင်းရဖူးလေသည်ဟု သာဓက ဆောင်ကြပြန်လေသည်။ 


•••••
သျှစ်သောင်းပုထိုးတော်၏ ဒါယကာ မင်းဗာဘုရင်လည် ပုထိုးတော်၏ နံရံတွေမှာ တိုင်းသူပြည်သားများ အကျင့်သီလ ကောင်းမွန်ရေး၊ တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွားနဲ့ ပတ်သက်လာရင် စွန့်လွှတ်အနစ်နာခံရေးတွေကို မျှော်ကိုးလို့ (အခုခေတ် ကြေငြာဆိုင်းဘုတ်တွေ စာရွက်တွေ ကပ်သလို) ဇာတ်နိပါတ်တော်တွေထဲက သင့်နိုးရာရာကို ရွေးချယ်ပြီးတော့ ရံနံတွေမှာ ထွင်းထု အသိပညာပေ မျှဝီ ကြေငြာပေးခဲ့ခြင်းဖြစ်ပါတယ်။ 

အသွင်သဏ္ဍန်ဖြစ်တဲ့ အနုပညာပစ္စည်း(ရုပ်ဝတ္ထု)တခု၏ နောက်ကွယ်က အနက်အဓိပ္ပါယ်တွေကို သိအောင်လုပ်ပြီးမှ ဝေဖန်သင့်ပါကြောင်း  တိုက်တွန်းလိုက်ပါတယ်။ 

ကျမ်းကိုး-
သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ၊ ပဏ္ဏာသ နိပါတ၊ 
နိလိနိကာ ဇာတက။

သာရ လင်္ကာ 
၅၊ ၉၊ ၂၀၂၁

Zaw Wong (ဓညဝတီတိုင်း)

Comments