Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

စာရေးသားနည်း၏ “ စံ ” အဖြစ် အားထားရာ အာနန္ဒစန္ဒြမင်းကျောက်စာ

စာရေးသားနည်း၏ “ စံ ”  အဖြစ် အားထားရာ အာနန္ဒစန္ဒြမင်းကျောက်စာ
******************************
===============================



ယနေ့မြန်မာနိုင်ငံတွင် ရေးသားနေကြသော စာအရေးအသား ရေးသားနည်းများသည် ခေတ်အဆက်ဆက် သုတ်သင်တည်းဖြတ်လာခဲ့သောကြောင့် စနစ်ကျသော စာရေးသားနည်းပုံစံ ရောက်ရှိလာခြင်းဖြစ်ပေသည်။ ထိုစာရေးသားနည်းများသည် ရှေးက မင်း၊ ပညာရှိ၊ စာဆိုတော်၊ စာပေပညာရှင် က၀ိကျော် ဆရာ့ ဆရာကြီးများ က ကျောက်စာ ပေစာ၊ မော်ကွန်းစာ၊ ကြေးပြားစာ၊ အုတ်ချပ်စာ၊ ပေစာများတွင် ရေးထိုးထားခဲ့သော ရေးနည်း များ ကို မှီငြမ်းအတုယူက ပြုပြင်လာသောကြောင့် စနစ်ကျသော ရေးနည်း( စံ ) တစ်ခုအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။
*
ထို စနစ်ကျသော စာရေးနည်း (စံ)တစ်ခု အဖြစ် ရေးသားနည်းကို ခြေရာခံ လေ့လာကြည့်ရာ၌ ယနေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်း ဘုရားမုခ်ဝ ဘယ်ဘက်တွင် (649 A.D) တွင် ရခိုင်ဝေသာလီပြည်ရှင် အာနန္ဒစန္ဒြမင်းကြီးသည် နာဂရီအက္ခရာ သက္ကတဘာသာဖြင့်  ရေးထိုးခဲ့သော အာနန္ဒစန္ဒြကျောက်စာပါ စာအရေးအသားများ သည်  စာရေးနည်း“ စံ ” တစ်ခုအတွင်းမှာ စနစ်တကျ ရှိနေသည်ကို အထက်ဇယားပါ ကျောက်စာမင်ကူးပုံများကို ကြည့်ခြင်း အား ဖြင့် သိသာ မြင်သာနိုင်ပေသည်။

**
ယနေ့ ခေတ်အဆက်ဆက် တည်းဖြတ်သုတ်သင်လာသော ပါဠိဘာသာ အဘိဓါန်၊ ပါဠိသဒ္ဒါကျမ်းများတွင် လည်းကောင်း၊ သက္ကတသဒ္ဒကျမ်းများတွင် လည်းကောင်း ရှိသော သဗ္ဗ၊ ပုဗ္ဗ၊  ဓမ္မ ၊စာလုံးတို့သည် အာနန္ဒစန္ဒြမင်းေ ကျာက်စာ ပါ စာရေးနည်းအတိုင်း (စံ ) စနစ်တစ်ခု အတွင်းမှာ တူညီသော ပုံစံတစ်ခု ဖြစ်နေသည်ကို တွေ့မြင်ရပေသည်။

***
အာနန္ဒစန္ဒြမင်းကျောက်စာသည်ကား ရခိုင်မြေရှိ လူမျိုးများအတွက် အလွန် ဂုဏ်ယူစရာကောင်းသော ကျောက်စာတစ်ချပ်ဖြစ်သလို၊ အာရှပစိဖိတ် အမွေအနှစ်စာရင်းဝင် ကျောက်စာတစ်ချပ်လည်း ဖြစ်ပေသည်။ ထိုအပြင် တိကျမှန်ကန်ခိုင်လုံသော ရခိုင်သမိုင်း ကျောက်ထွင်း စာအုပ်တစ်အုပ် လည်းဖြစ်ပါပေသည်။

****
အာနန္ဒစန္ဒြကျောက်စာသည် ယနေ့ခေတ် စာရေးသား နည်း၏ မှီငြမ်း အားထားရာဖြစ်သည်ကို အာနန္ဒစန္ဒြမင်းကျောက်စာမင်ကူးမှ  အက္ခရာ တစ်ချို့ကို သက်သေအဖြစ် ထုတ်နှုတ်တင်ပြသွားပါမည်။ (ပုံစာနှင့် ယှဉ်၍ကြည့်ပါ။)

(ဓမ္မ=Dharma) ဟူသောစာလုံးရေးနည်း
-------------------------------------------

နံပါတ် ၁ ဇယားကွက်ပါ  ကျောက်စာမင်းကူး  ( ဓရမ = Dharma) ဆိုသော စာလုံးသည် အာနန္ဒစန္ဒြ မင်း ကျောက်စာ၌် စာကြောင်းရေ (၃၁)(၃၄)(၃၆)(၃၇)(၄၀)(၅၄)(၆၁)(၆၄)(၆၆)(၆၇)တို့တွင်  ရေးထိုးထားသည်ကို တွေ့ရပါသည်။
ထိုအာနန္ဒစန္ဒြမင်းကျောက်စာပါအက္ခရာစာလုံးများကို ရေးသည့် စာရေးနည်း ပုံစံအတိုင်း ယနေ့ သက္ကတသဒ္ဒါ ကျမ်း၊ ပါဠိသဒ္ဒါကျမ်းများတွင် ရေးသားေ နကြသည်ကိုတွေ့ရပေသည်။ ပုံစံအားဖြင့် အာနန္ဒစန္ဒြမင်း ကျောက်စာ တွင် ပါသော ( ဓရမ= Dharma) ဆိုသော စာလုံးကို သက္ကတသဒ္ဒါကျမ်းတွင် (ဓမေ=Dharma) ဟူ၍လည်း ကောင်း ပါဠိသဒ္ဒါကျမ်းတွင် (ဓမ္မ=Dharma) ဟူ၍လည်းကောင်း ရေးသားဖေါ်ပြကြသည်ကိုတွေ့ရပေသည်။

(သဗ္ဗ=Sarva) ဟူသော စာလုံး ရေးနည်း
---------------------------------------------

            နံပါတ် ၂ ဇယားကွက်ပါ  ကျောက်စာမင်းကူး  ( သရဗ = Sarva) ဆိုသော စာလုံးသည် အာနန္ဒစန္ဒြ မင်း ကျောက်စာ၌် စာကြောင်းရေ (၁၄) ( ၅၃ ) ( ၅၅) (၆၂) တို့တွင်  ရေးထိုးထားသည်ကို တွေ့ရပါသည်။ ထိုအာနန္ဒစန္ဒြမင်းကျောက်စာပါ (သရဗ=Sarva) ရေးနည်းအတိုင်းပင် ယနေ့ သက္ကတသဒ္ဒါကျမ်းများတွင်( သဝေ= Sarva) ဟူ၍လည်းကောင်း၊ ပါဠိသဒ္ဒါ ကျမ်းများတွင် ( သဗ္ဗ=Sarva) ဟူ၍လည်းကောင်း အာနန္ဒစန္ဒြ မင်းကျောက် စာ ပါ ရေးနည်းအတိုင်း ရေးသားကြသည်ကို တွေ့ရပေသည်။

(ပုဗ္ဗ=Pῡrva) ဟူသောစာလုံးရေးနည်း
---------------------------------------

            နံပါတ် ၃ ဇယားကွက်ပါ  ကျောက်စာမင်းကူး  ( ပုရဗ = Pῡrva) ဆိုသော စာလုံးသည် အာနန္ဒစန္ဒြ မင်း ကျောက်စာ၌် စာကြောင်းရေ (၅၈) (၆၁)တို့တွင်  ရေးထိုးထားသည်ကို တွေ့ရပါသည်။ ထိုအာနန္ဒစန္ဒြမင်းကျောက်စာပါ (ပုရဗ = Pῡrva) ရေးနည်းအတိုင်းပင် ယနေ့ သက္ကတသဒ္ဒါကျမ်းများတွင်(ပုဗေ = Pῡrva) ဟူ၍လည်းကောင်း၊ ပါဠိသဒ္ဒါ ကျမ်းများတွင် (ပုဗ္ဗ = Pῡrva) ဟူ၍လည်းကောင်း အာနန္ဒစန္ဒြ မင်းကျောက် စာပါ စာရေးနည်းအတိုင်း ရေးသားကြသည်ကို တွေ့ရပေသည်။

***
မှတ်ချက်- (သရဗ= Sarva)နှင့် (ဓရမ=Dharma)ဟူသော စာလုံးသည် နီတိစန္ဒြမင်းမိဖုရား သာဝိတာစန္ဒြကျောက်စာတွင်လည်း တွေ့ရသည့်အပြင် ဝေသာလီ ပထမခေါင်းလောင်းစာ တွင်လည်း (သရဗ=Sarva) (ဓရမ=Dharma) ဟူသော စာလုံးများကိုတွေ့ရပေသည်။

တစ်ချို့သော သက္ကတပုံစံ ဖေါင့် ရေး၍မရပါသောကြောင့် ပုံစာကို သာ အတည်ယူကြပါရန်။
*******************

မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့
3.8.2018/ 11 14 PM

Comments