Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန
အာနန္ဒစန္ဒမင်းကျောက်စာ (ဂါထာ-၃၃)ပါ မင်းအမည်သည် “မဟာဝီရမင်း” မဟုတ်ကြောင်းရှင်းလင်းချက်
*******************************************

ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှိ “အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာ”တွင် ရခိုင်ဝေသာလီတွင် စိုးစံခဲ့သော မင်းဆက်သုံးဆက် ရေးထိုးပါရှိသည်။ ပထမမင်းဆက်သည် (ဂါထာ-၃)မှ (ဂါထာ- ၁၇)ထိဖြစ်ပြီး၊ ထိုမင်းဆက်၌ မင်း(၁၅)ပါး ရှိသည်။ ပထမမင်းဆက်တွင် အစဦးဆုံး မင်းအမည်မှာ ပျက်နေပြီး နောက်ဆုံးမင်းအမည်မှာ “လင်္ကီမင်း” ဖြစ်သည်။ ထိုမင်း(၁၅)ပါးတို့၏ နန်းစံနှစ်ကို  (ဂါထာ-၁၈)တွင် “ တစ်ထောင်နှစ်ထက် ဆယ်ခြောက်ခါ ပိုသည်” (၁၀၆၀) ဟူ၍ ရေး ထိုးပါရှိသည်။ 
ဒုတိယမင်းဆက်သည် (ဂါထာ-၁၉)မှ (ဂါထာ-၃၁)ထိဖြစ်သည်။  ဤမင်းဆက်တွင် ဒွင်္စန္ဒြမင်းမှ  အစပြုကာ ဓရိတိစန္ဒြမင်းထိ မင်း(၁၃)ပါး ရှိသည်။ ထိုမင်းတို့၏ နန်းစံနှစ်ပေါင်းကို (ဂါထာ-၃၂) တွင် “ တစ်ရာနှစ်ခါထက် သုံးဆယ်ပိုသည်” (၂၃၀) ဟုရေးထိုးထားသည်။
တတိယမင်းဆက်သည် (ဂါထာ-၃၃) မှ (ဂါထာ-၄၅) ထိဖြစ်သည်။ တတိယမင်းဆက်တွင် ဓမ္မရာဇမင်းမှ အစပြု ကာ အာနန္ဒစန္ဒြမင်းထိ မင်း(၉)ပါး ရှိသည်။ ကျောက်စာတွင် ရေးထိုးပါရှိသည့် ထိုမင်းတို့၏ နန်းစံနှစ်များကို စာရင်းချ ပေါင်းကြည့်သော် (၁၂၈-နှစ်)နှင့်(၉-လ)ဖြစ်လေသည်။

..
ဤပိုစ့်တွင် အဓိက တင်ပြလိုသည်မှာ အာနန္ဒစန္ဒြမင်းကျောက်စာကို ရှေးက ဖတ်ခဲ၊ရေးခဲ့ကြသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသော အောက်စဖို့စ် တက္ကသိုလ် ဘေလီယောကောလိပ်မှ ပါမောက္ခ အီး အိပ်(ခ်ျ) ဂျွန်စတင်၊ အိန္ဒိယ ကျောက်စာဝန်ဟောင်း ဒီ စီ ဆာကား၊ သြစတေးလျက ပင်မလာဂတ်တမင်၊ မြန်မာနိုင်ငံမှ မွန်ဘိုကေ ၊ ဆရာ ကြီးမင်းသုဝဏ်၊ ဆရာကြီး ဦးမြင့်ဆွေ(သက္ကတ) ၊ ဆရာကြီးဦးစံအောင်-ဟားဗတ်၊ ဒေါက်တာသန်းထွန်း ၊ ဆရာကြီးဦးအောင်သာဦး၊ ဆရာမောင်ပြူး(သံတွဲ) နှင့် အခြားအခြားသော စာရေးဆရာသုတေသီတို့သည် သူတို့ ရေးသားခဲ့ကြသော စာအုပ် စာတမ်းများတွင် အာနန္ဒစန္ဒြမင်းကျောက်စာ (ဂါထာ- ၃၃) ပါ  တတိယမင်း ဆက်မှ ပထမဆုံးမင်း ဖြစ်သော “ဓမ္မရာဇး” မင်းအမည်ကို (မဟာဝီရ) မင်း ဟူ၍ ရေးသားဖော်ပြခဲ့ကြသည်။
...

စာရေးသူကိုယ်တိုင်လည်း ယခုလထွက်လာမည့် (အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီသင်္ဂါယနာ) စာအုပ်တွင် (ဂါထာ-၃၃)ပါ မင်းအမည်ကို ရှေးက ဆရာကြီးများရေးသားဖော်ပြခဲ့သည့်များကို  ကိုကားကာ (မဟာဝီရ) ဟု ဖော်ပြခဲ့မိပါသည်။ယခင် ထိုဂါထာ(၃၃) ကိုရေးသားဖော်ပြခဲ့ကြသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။ 

 “ထို့နောက်တွင် ပူရေပူင်္ရမှ လူတို့၏ အရှင်မင်း မဟာဝီရသည်  ထိုအခါ  တရားတော်နှင့်အညီ ၁၂ နှစ် တိုင်အောင် မင်းပြုလေ၏။”   ဟုရေးသားဖော်ပြခဲ့ကြသည်။

...

(ဂါထာ-၃၃) ပါ စကားရပ်များကို  အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် (မဟာဝီရ=အလွန်ရဲရင့်သော) ဟူသည့်စကား ရပ်ကို မင်းအမည် ဖော်ပြခဲ့ကြပြီး၊ (ဓမ္မရာဇျံ =တရားမင်း) ဟူသော စကားရပ်ကို ဂုဏ်ပုဒ် အဖြစ်ဖော်ပြခဲ့ကြ သည်မှာ  မင်းအမည်နှင့် ဂုဏ်ပုဒ် စကားရပ်တို့သည် ပြောင်းပြန်ဖြစ်နေပါသည်။ 
ထို့ကြောင့် ဂါထာ-၃၃ ကို ပြည်လည်အဓိပ္ပာယ်ဖွင့်လိုသည်မှာ   အောက်ပါ အတိုင်းဖြစ်သည်။

[တတပသ္စာ-ထိုမင်းပြီးနောက်၊  ပူရေပူင်္ရ-ပူရေင်္ပူရမည်သော၊ နရေဆျွရ=နာဂရေဆျွရ- မြို့၏အရှင်(၀ါ) အုပ်ချုပ်သူဖြစ်သော၊ မဟာဝီရ-အလွန်ရဲရင့်သည့်၊  ဓမ္မရာဇျံ- ဓမ္မရာဇာမည်သော  တရားမင်းသည်။ တဒါ- ထိုအခါ၌ ၊ ဒွါဒသ၀ဿျာဏိ-၁၂ နှစ်တိုင်တိုင်၊ ကရိတံ-မင်းပြုအုပ်ချုပ်လေသည်။] 

တစ်နည်း -သက္ကတစာလုံးများမပါဘဲဆိုလျှင်

[ထိုမင်းပြီးနောက်၊ ပူရေင်္ပူရမည်သော၊ မြို့၏အရှင်သခင် (၀ါ) အုပ်ချုပ်သူဖြစ်သော၊ အလွန်ရဲရင့်သည့်  “ဓမ္မရာဇာ” မည်သောမင်းသည်။  ထိုအခါ၌  ၁၂ နှစ်တိုင်တိုင်၊ မင်းပြုအုပ်ချုပ်လေသည်။] 
ဟူ၍ အဓိပ္ပာယ်ဖွင့်လိုပါသည်။ 

အာနန္ဒစန္ဒြမင်းကျောက်စာ (ဂါထာ-၃၃)ပါ မင်းအမည်သည် “ဓမ္မရာဇး” သာဖြစ်ကြောင်း၊ မဟာဝီရဆိုသည်မှာ ဂုဏ်ပုဒ်တစ်ခုသာဖြစ်ကြောင်း၊ မင်းအမည် မဟုတ်ကြောင်းကို အဓိက သက်သေအဖြစ် တင်ပြလိုသည်မှာ “ဓမ္မရာဇး”မင်းခပ်နှိပ်ခဲ့သော ဒင်္ဂါးပင် ဖြစ်သည်။ (ဓမ္မရာဇးမင်းဒင်္ဂါးပုံ-၁)

ယင်းမင်းအမည်သည် ဓမ္မရာဇး ဖြစ်ကို ထောက်ခံပေးနေသောသက်သေများမှာ  “ဓမ္မရာဇးမင်း” ခပ်နှိပ်ခဲ့သော ဒင်္ဂါးဒီဇိုင်းသည် တတိယမင်းဆက်၏ ပထမဆုံးသော ဒင်္ဂါးဒီဇိုင်း တစ်ခုဖြစ်ေ ပသည်။ ထို ဒင်္ဂါးဒီဇိုင်း ပုံစံကို  ယင်းမင်း နောက်မှ မင်းဖြစ်လာကြသော ဓမ္မ၀ိဇယမင်း၊ ဓမ္မစန္ဒြမင်းတို့သည် “ဓမ္မရာဇးမင်း” ဒဂ်င်္ါးဒီဇိုင်းပုံစံယူ၍  ခပ်နှိပ်ကြခြင်းပင် ဖြစ်ကြောင်း ဒင်္ဂါးများကို နှိုင်းယှဉ်ကြည့်က သိနိုင်ပေသည်။
(ပုံ -၂) 

အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာပါ တတိယမင်းဆက်မှ မင်းများခပ်နှိပ်ခဲ့သော ဒင်္ဂါးတို့သည် ပထမမင်းဆက်၊ ဒုတိယမင်းဆက်ပါ မင်းများ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများနှင့် ဒီဇိုင်းအပြင်အဆင် ကွဲလွဲသည်။

ထို့ကြောင့် ကျောက်စာကြောင်းရေ (၃၁-၃၂)၊ ဂါထာအမှတ်(၃၃)ပါ မင်းအမည်မှာ ရှေးက သုတေသီများ ရေးသားဖော်ပြခဲ့ကြသလို မဟာဝီရ မဟုတ်ဘဲ “ဓမ္မရာဇး” သာဖြစ်ပါကြောင်း၊ မဟာဝီရဆိုသည်မှာ ဓမ္မရာဇးမင်း၏ ဂုဏ်ပုဒ်သာဖြစ်ပါကြောင်း၊ မင်းအမည်နှင့် ဂုဏ်ပုဒ် ပြောင်းပြန်ဖြစ်နေခြင်းကို အာနန္ဒစန္ဒြမင်းသင်္ဂါယနာမော်ကွန်းကျောက်စာကို လေ့လာနေသူများအတွက် ဗဟုသုတရစေခြင်းငှါ ရေးသားတင်ပြလိုက်ရပါသည်။ 

တစ်ချို့သော ကျောက်စာပါ သက္ကတစာလုံးများကိုရေးရန် ကွန်ပျူတာတွင် ဖောင့်မရှိသောကြောင့် အသံကိုယူကာရေးသားထားသည်။ စာလုံးအမှန်ကို (ကျောက်စာပုံနှင့်တွဲပြထားသည့် ပုံကိုကြည့်ပါ)
အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်မှ ဒင်္ဂါးပါပုံများ၊ ဒုတိယမင်းဆက်မှ ဒင်္ဂါးပါပုံများကိုပါ နှိုင်းယှဉ်ကြည့်၍ရအောင် ဖော်ပြလိုက်ပါသည်။ (ပုံ-၃)

စာရေးသူ၏ အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီသင်္ဂါယနာ စာအုပ်ရိုက်နှိပ်ပြီးသွားပြီဖြစ်၍ ပြန်ပြင်၍မရေသောကြောင့် ယင်းစာအုပ်၌ မဟာဝီရမင်းအမည်တွင် ဓမ္မရာဇးမင်း ဟု အစားထိုးဖတ်ရှုကြပါရန် စာဖတ်ပရိတ်များအား ကြိုတင်အသိပေးအပ်ပါသည်။   

မောင်ဖြူ(ကြွီတဲကျွန်း)
17.4.2020/ (11း08 PM)

အာနန္ဒစန္ဒြမင်းကျောက်စာ (ဂါထာ-၃၃)ပါ မင်းအမည်သည် “ဓမ္မရာဇး” သာဖြစ်ကြောင်း၊ မဟာဝီရဆိုသည်မှာ ဂုဏ်ပုဒ်တစ်ခုသာဖြစ်ကြောင်း၊ မင်းအမည် မဟုတ်ကြောင်းကို အဓိက သက်သေအဖြစ် တင်ပြလိုသည်မှာ “ဓမ္မရာဇး”မင်းခပ်နှိပ်ခဲ့သော ဒင်္ဂါးပင် ဖြစ်သည်။ (ဓမ္မရာဇးမင်းဒင်္ဂါးပုံ-၁)

မင်းအမည်သည် ဓမ္မရာဇး ဖြစ်ကြောင်းကို ထောက်ခံပေးနေသောသက်သေများမှာ  “ဓမ္မရာဇးမင်း” ခပ်နှိပ်ခဲ့သော ဒင်္ဂါးဒီဇိုင်းသည် တတိယမင်းဆက်၏ ပထမဆုံးသော ဒင်္ဂါးဒီဇိုင်းတစ်ခုဖြစ်ပေသည်။ ထို ဒင်္ဂါးဒီဇိုင်း ပုံစံကို  ယင်းမင်း နောက်မှ မင်းဖြစ်လာကြသော ဓမ္မ၀ိဇယမင်း၊ ဓမ္မစန္ဒြမင်းတို့သည် “ဓမ္မရာဇးမင်း” ဒဂ်င်္ါးဒီဇိုင်းပုံစံယူ၍  ခပ်နှိပ်ကြခြင်းပင် ဖြစ်ကြောင်း ဒင်္ဂါးများကို နှိုင်းယှဉ်ကြည့်က သိနိုင်ပေသည်။(ပုံ -၂)

အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာပါ တတိယမင်းဆက်မှ မင်းများခပ်နှိပ်ခဲ့သော ဒင်္ဂါးတို့သည် ပထမမင်းဆက်၊ ဒုတိယမင်းဆက်ပါ မင်းများ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများနှင့် ဒီဇိုင်းအပြင်အဆင် ကွဲလွဲသည်။

အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်မှ ဒင်္ဂါးပါပုံများ၊ ဒုတိယမင်းဆက်မှ ဒင်္ဂါးပါပုံများကိုပါ နှိုင်းယှဉ်ကြည့်၍ရအောင် ဖော်ပြလိုက်ပါသည်။ (ပုံ-၃)