Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင် သို့မဟုတ် မရမာ သို့မဟုတ် မြမ္မာ ( မြန်မာ )

ရခိုင် သို့မဟုတ် မရမာ သို့မဟုတ်မြမ္မာ
*==========================*

ဝေသာလီ ကျောက်လှေကါးခေတ်တွင် ရခိုင်သားကို မရမာ ဟုခေါ်ကြောင်း တွေ့ရှိ ရသည်။ မြန်မာ ဟူသော စကါးလုံးကို မြမ္မာ ဟူ၍ ရခိုင်ပညာရှင်များ ရေးသားခဲ့ကြသည်။ ပဖဗဘမ ကြာသပတေး သောမဂြိုလ် စိုးသော မြမ္မာဟု ဆျန်းနိမိတ်ဖြင့် အဓိပ္ပါယ် ယူခဲ့ကြသည်။ တိုင်းပြည်ကို ထူထောင်သောရက်မှာ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။
ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၅၂ ခု အေဒီ ၁၁၉၀ ခုတွင် မြမ္မာဟူသော ဝေါဟါရ အသုံးကို တွေ့ရသည်။ထို့ပြင် ကျောက်စာ၏ မူရင်း အပြည့်အစုံကို မသိရသော်လည်း ကျန်စစ်သားမင်း လက်ထက် ၁၁၀၂ ခုတွင် ရေးထိုးသော ရှေးမွန် ကျောက်စာ၌ မိရမာ ဟုရေး ထိုးထားလေသည်။
မရမာ အကြောင်းကို အေဒီသက္ကရာဇ် ၁၂၈၃ ခုနှစ်တွင် လောင်းကြတ်မြို့ကို အစိုးရသော ဘုရင်မင်းထီးသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ကုသိုလ် ကောင်းမှုပြုစဉ် ကျောက်စာရေးထိုး၍ မှတ်တမ်းတင်ခဲ့ပါသည်။ ထိုကျောက်စာ၌ မရမာမင်း လာလတ်၍ ဟု ပါရှိလေရာ ရခိုင်ကိုပင် မရမာ ဟုခေါ်ကြောင်း ထင်ရှားလေသည်။ ထို့ပြင် သက္ကတ ဘာသာဖြင့် ရေးထားသော သရောဒယ (သရဒွေး) ကျမ်းကို မရမာ ဘာသာ ဖြင့် ဖွင့်ပေလတ္တံ့ ဟု စာရေးသူ က ချီးထားလေရာ မရမာဆိုသည်မှာ ရခိုင်ကို ဆိုကြောင်း သိသာလေသည်။
ရုံပြည်မှ မင်းသား ရှာအလင်နှင့် လူပေါင်း တထောင်သည် မရမာ စာကို သင်ကြားရန် မြောက်ဦးနန်းတော်သို့ ရောက်ရှိကြောင်း မှတ်တမ်း တင်ရှိလေသည်။ ဂန္တ၀င် ရခိုင်စာပေ၌ ရခိုင်ကို မြမ္မာဟူ၍၄င်း မရမာ ဟူ၍၄င်း ရေးသားသုံးစွဲကြသည်ကို တွေ့ရသည်။ ရခိုင်သမိုင်း တိမ်မြုတ်နေ၍သာ ကျယ်ပြန့်စွာမသိရှိ နိုင်ခြင်း ဖြစ်သည်။
ငနှလုံးမင်းသည် ကုလားအမတ် နှစ်ရာ တို့ထံမှ တန်ဆာကို သိမ်းစေ၍ အတွင်း မိန်းမ အသုံးဖြစ်သော မောလိပ်အစို့မှာ ဖွဲ့တော်မူလေသည်။ ကုလားမင်းသား၏ ကျေးကျွှန် ပါရင်း လူငါးရာကိုလည်း ပါရင်းအတိုင်း ပေးသနားတော်မူလေသည်။ ဘေးတော်ဒသရာဇာမင်း ဖွဲ့စည်းတော်မူခဲ့သည့် အစုသား တလိုင်း ပျူ ကမ်းယံ တို့မှာ ဆင်အစို့ ပန်းထိမ်အစို့ သဘင်အစို့ မြောက်စည်အစို့ သား တို့ကို ရှိမြဲရှိစေ၊ ထိုမှကြွင်းသော သူတို့မှာ မြမ္မာဖြစ်စေ၊ အစုနုတ်၍ မြမ္မာ တို့ကဲ့သို့ အသည်ကါလ အမှုကိုထမ်းစေ၊ အမိန့်တော်ပညတ်၍ အသည်ကါလဖြစ်စေသည်။ အသည်သားတို့က အမှုထမ်း လူပေါင်း တသိန်းကို လင်္ကျာ သင်းငါးသောင်း လက်ဝဲ သင်းငါး သောင်း ၄င်းလူတို့ကို လင်္ကျာ လက်ဝဲ နံဘေးတို့မှာ ခြင်္သေ့ရုပ် ထိုးစေ၍ ကိုရံတော်တပ် ဖွဲ့စည်းတော်မူသည်။
ဤသည်မှာ ရခိုင်သားကို မြမ္မာ ဟုခေါ်ကြောင်း ဝေသာလီခေတ် ဘုရင့် ပြန်တမ်း တခု ပင်ဖြစ်သည်။

====================
မရမာ သို့မဟုတ် မြမ္မာဟူသော အသုံးအနှုံးကို ရှေးရခိုင် စာပေတို့၌ တွေ့ရသည်။ မရမာ သို့မဟုတ် မြမ္မာ ဆိုသည်မှာ ရှေးရခိုင်ပညာရှင်များက မိမိကိုကိုယ် သုံးနှုံးသော ဝေါဟာရ တခုပင် ဖြစ်သည်။ ရှင်းလင်းစွာဆိုရလျှင် ရခိုင်ကို မြမ္မာ ဟုခေါ်လေသည်။ ဒေသကို အာရက္ခဒေသ ဟု၎င်း တိုင်းကို မဟိံသကတိုင်းဟု၎င်း ဓည၀တီမြို့ကို အစွဲပြု၍ ဓည၀တီ ရခိုင် ပြည်ဟု၎င်း ခေါ်ကြလေသည်။ အချင်းချင်း အလည်လည် ပြောဆို ဆက်ဆံသောအခါ ရခိုင်ဟု ခေါ်ဝေါ် သုံးသွဲကြပြီးလျှင် စာပေ ယဉ်ကျေးမှု မင်းခမ်းမင်းနား ဖြတ်ထုံးစသော ဂန္တ၀င် အသုံး တို့၌ မရမာနှင့် မြမ္မာ ဟူ၍ ရေးသား သုံးစွဲကြလေသည်။
ဝေသာလီကျောက်လှေကါးခေတ် မြိုမင်းကြီး အမြတူ အေဒီ ၇၆၉-၇၇၆ သည် ညီဖြစ်သူ အမြကူကို ခေါ်၍ ဆုံးမသည်မှာ ငါတို့ကါး ရှေးကေါင်းမှုကံကြောင့်သာလျှင် မရမာ မင်းအဖြစ်ကို ရ၏ ငါတို့ အမျိုး ၇ ဆက်ကါး တောင်ထက် တောထဲကြီးသား ဖြစ်၏။ ဤသည် ကိုထောက်လျှင် ရခိုင်ကို ဝေသာလီခေတ်ကပင် မရမာ ခေါ်ကြောင်း ထင်ရှား လေသည်။
ငနှလုံးမင်း အေဒီ ၁၂၄၆-၁၂၅၀ လက်ထက်တွင် ကုလားနှင့် သက်တို့ ပုန်ကန်သဖြင့် ပြည်စိုးကြီး ဓမ္မဇေယျကို စစ်သူကြီးခန့်၍ နှိမ်နှင်းစေသည်။ တပ်ဦးတွင် ကျီးကန်းနှင့်ဗျိုင်း ခွပ်ကြရာ ကျီးကန်းကို အတောင်ကျိုး၍ ဖမ်းရသဖြင့် မင်းထံဆက်သရာ ပညာရှိ အမတ် ၀ိမလ လျှောက်ထုံးကါး ကျီးနံကုလား ဗျိုင်းကါးမြမ္မာ နံအလိုမှာ နဂိုယာယီ ကိန်းနှစ်လီတွင် ယာယီကျီးကန်း ပင်ပန်းကုလား ထွားထွားကြေညက် ပျက်မည်အကြောင်း လုံးပေါင်းပြီးစီး ခရီးမကြာ အောင်မြင်ပါမည် ဟုလျှောက်လေသည်။ ဤလျှောက်ထုံးအရ ဗျိုင်းကါးရခိုင်ဟု မသုံး ဗျိုင်းကါး မြမ္မာ ဟုသုံးသည်ကို တွေ့ရသည်။ ထို့ကြောင့် မြမ္မာ(မြန်မာ)ဆိုသည်မှာ ရခိုင် သားတို့ ကို ခေါ်ခြင်းသာ ဖြစ်လေသည်။
ရခိုင်ဟူသည်မှာ အာရက္ခ ဟူသော ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်။ အာရက္ခ ဆိုသည်မှာ အမျိုးအနွယ်ကို အထူးသဖြင့် စောင့်ခြင်း ဟု အဓိပ္ပါယ်ရပါသည်။(အ အက္ခရာသည် ဗုဒ္ဓ၀ံသဖြစ်သည်) ဇာတ် လူမျိုးမဟုတ်ပါ။ လူမျိုးနာမည်ခံခြင်းသာ ဖြစ်ပါသည်။ အမျိုးအနွယ်ဝံသကို စောင့်သော သူတို့နေထိုင်ရာ အရပ်ဒေသကို အစွဲပြု၍ အာရက္ခပူရ ရခိုင်ပြည်ဟု၎င်း လူတို့ကို ရခိုင်သားဟု၎င်း ခေါ်ခြင်းဖြစ်သည်။ ပညာရှိ သူတော်ကေါင်း တို့ကို ရိုသေ လေးစား တန်ဖိုးထားသော ခေတ်၌ ရခိုင်သားတို့သည် တောင်ဘက်တွင် မော်တင်စွန်း၊ အနောက်ဘက်တွင် ကါလကတ္တား ရေရိုးတကျ မြောက်ဘက်တွင် မြုံပြည် မဏိပူရ အာသံ အရှေ့ဘက်တွင် သရက် မင်းလှ စကု နယ်အထိ ရခိုင် နယ်နိမိတ် အာဏါစက် ပြန့်ခဲ့ လေသည်။
ရခိုင်ပြည်သည် ၃ ပိုင်း ပိုင်းခံရပြီးနောက် တပိုင်းသည် ၀တီလေးရပ်အဖြစ် ဗမာတို့၏ အုပ်ချုပ်မှု အောက်တွင် ရှိနေသည်။ ဘုညာကြီးတိုင်းမှာ ဘင်္ဂလာဒက်ချဲ့နိုင်ငံ ဖြစ်လာပြီးလျှင် မောက်သူဇာ(မူချီတာဘတ်) မဏိပူရ အာသံနယ် တို့မှာ အိန္ဒိယ နိုင်ငံပိုင် ဒေသ ဖြစ်သွားလေ သည်။ ဓည၀တီ ရမ္မာဝတီ ဒွါရာဝတီ မေဃ၀တီ ဟုခေါ်သော စစ်တွေ ကျောက်ဖြူ သံတွဲ မာန်အောင် ဒေသနေ လူတို့မှာ မရမာနှင့် မြမ္မာ အခေါ်ကို နားမလည်ကြတော့ပေ။ ရခိုင်ဟုသာ ပြောဆို ဆက်ဆံကြသည်ကို တွေ့ရတော့သည်။ ရခိုင်ပြည်၏ နောက်ဆုံးနန်းစိုက်ရာ မြောက်ဦး နှင့် ကျောက်တော် ပလက်ဝ ဘူးသီးတောင် မောင်တော ဒေသမှ အသက်ကြီး ပုဂ္ဂိုလ်တို့ သည်သာ မရမာနှင့် ရခိုင်မှာ အတူတူ ဖြစ်ကြောင်း ပြောကြဆဲဖြစ်သည်။ ဦးနု၏ ပြည်ထောင် စုခေတ် ဘူးသီးတောင် မောင်တော ရသေ့တောင် ဒေသတို့တွင် နေထိုင်ကြသော ကုလား တို့က ရခိုင်သားကို မရမာဟု ခေါ်ကြလေသည်။
ဘင်္ဂလာဒက်ချဲ့ မြေပြန့်နေ ရခိုင်သားတို့က မိမိကိုကိုယ် ရခိုင်ဟု ပြောဆို၍ ဗိုလ်မင်းထောင်နှင့် သက်ထောင်နေ ရခိုင်သားတို့မှာ အင်္ဂလိပ်နှင့် ပါကစ္စတန် အုပ်ချုပ်ခဲ့စဉ်က မောဂ်မှ ဘင်္ဂလာဒက်ချဲ့ ဖြစ်လာသောအခါ မရမာ အမည်ကို ခံလာခဲ့ကြသည်။ ရမ်းဗြဲအနွယ် ဖြစ်သော ဘင်္ဂလာဒက်ချဲ့နိုင်ငံ ဘောရိချ (အ၀ကျွှန်း) နေ ရခိုင်သား လူကြီးပိုင်းမှာ ယနေ့ထိ မရမာ ဟုပြောဆိုကြသည်။ သက်ထောင်နှင့် ဖလံထောင်ဒေသနေ ရခိုင်သားတို့မှာတချို့က မရမာ ဟုပြောဆိုကြပြီး တချို့မှာ လူဟုသာ ပြောဆို သုံးစွဲကြလေသည်။ အိန္ဒိယနိုင်ငံ တီပူရာ (မြုံ) မီဇိုရမ် နေရင်း ဒေသနေ ရခိုင်သားတို့မှာ ရခိုင်ကို လူ ဟုသာ ပြောဆို သုံးစွဲကြလေသည်။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် ဗမာပိုင်နက်နယ်မြေတွင် နေထိုင်သော ရခိုင်သားတို့မှာ မရမာနှင့် မြမ္မာဟူသည် ရခိုင်ကို ခေါ်ကြောင်း မသိရှိကြတော့ပေ။ ဗိုလ်မင်းထောင် သက်ထောင် ဖလံထောင် တစိတ်တဒေသရှိ ရခိုင်သားတို့မှာ မရမာဟု သုံးစွဲ ပြောဆိုကြသည်။ ဖလံထောင်နှင့်သက်ထောင် အိန္ဒိယရှိ ရှေးအနွယ် ရခိုင်တို့မှာမူ မရမာကိုလည်းမသိ ရခိုင်ပြည် နှင့် ရခိုင်လူမျိုးကိုလည်းမသိ ရခိုင်စကါးပြောကါ မိမိကိုကိုယ် လူ ဟုသာ ပြောဆို ဆက်ဆံ သုံးစွဲကြလေသည်။

AntiBurmanization