ကုန်းဘောင် နောက်ဆုံး မင်းဆက် သီပေါဘုရင်၏ မြေးတော် - တုတု
ကုန်းဘောင် နောက်ဆုံး မင်းဆက်
သီပေါဘုရင်၏ မြေးတော် - တုတု
…………………………………………
ရတနာပုံမ် ဒုတိယနန်းစံ သီပေါမင်း
ပါတော်မူ၍ အိန္ဒိယနိုင်ငံ ရတနာဂီရိစံအိမ်
တွင် အကျယ်ချုပ်ဘဝဖြင့် စံနေစဉ်အခါက …
သီပေါမင်း၏ သမီးတော် (၄)ဦး ရှိသည့်အနက်
ပထမ - သမီးတော် ထိပ်စုမြတ်ဖုရားကြီး က
(ထိုခေတ် ဗြိတိသျှ ကုလားဖြူ) တွေရဲ့ ဝန်ထမ်း
ဖြစ်သူ စံအိမ်တံခါးစောင့် ပုလိပ် - Shrimant
Gopal Bhaurao Servant ဆိုသူ နှင့်
အကြောင်းပါ၍ မွေးဖွားခဲ့သည့် တစ်ဦးတည်း
သော သမီးတော် - တုတု (ခ) ဘိုင်စု … ။
သူ့ကို ၁၉၀၇ - ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၊ ၂၀၀၁
ခုနှစ်၌ အိန္ဒိယနိုင်ငံ ဆင်းရဲသားရပ်ကွက် တခုမှာ
မထင်မရှား ကံကုန် အနိစ္စရောက်တယ် … ။
သက်ရှိထင်ရှား ရှိစဉ်အခါကလည်း ဗမာစကားကို
မေ့လျော့သွားပြီး … ဖိနပ်ချုပ်၊ အဝတ်ချုပ် အလုပ်
လေးများနဲ့ ဝမ်းရေးကို ဖြည့်တင်းခဲ့ရကြောင်း သိရ။
ဤ ကုန်းဘောင် နောက်ဆုံးဘုရင် သီပေါမင်းရဲ့
မြေးတော် တုတု၏ ပုံရိပ်လွှာအား သုတေသန -
ဓာတ်ပုံဆရာ Ajay Bashte မှ ၁၉၉၆ - ခုနှစ်
ဝန်းကျင်က မှတ်တမ်းတင် ရိုက်ကူးခဲ့ပါသည် … ။
-------------
#James(ရှေးဟောင်းမော်ကွန်း မှတ်တမ်းအဖွဲ့)



Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။