အလွန်ရှေးကျသော မုနိတစ်ဆူ

အလွန်​​ရှေးကျတဲ့ မုနိတဆူ 

:::::::::::::::::::::::::::::::::::::::




AD.၇၆၉.မှာ သိင်္ဂစန္ဒြားနဲ့ သုဝဏ္ဏ​ဒေဝီ​စောပြည့်​ညိုရဲ့သား စူဠစန္ဒြား နတ်​ရွာစံ​တော့ ​ဝေသာလီပြည်​ကြီး တခုလုံး တစစီပျက်​စီးသွားပါတယ်​။
အမြကူတို့ ၃​ယောက်​က နိုင်​ငံ့အာဏာကို သိမ်းယူဖို့ အဆင့်​ဆင့်​ ကြိုးစားလာကြတယ်​။

နန်းတွင်း ပညာရှိ​တွေက ​တော်​ဝင်​မိသားစုနဲ့ သူတို့၃​ယောက်​ကြားမှာ နိုင်​ငံ​တော်​ ပျက်​စီး မသွားရ​အောင်​ ထိမ်းဖို့ ကြိုးစားကြတယ်​။ အမြကူ သား ပဲဖြူကို စူလစန္ဒြားမိဖုရားနဲ့ လက်​ဆက်​ပြီး နန်းတင်​ကြတယ်​။ ငြိမ်းချမ်း​ရေး တခု ပြုလုပ်​လိုက်​တဲ့ သ​ဘော​ပေါ့။
ဒါ​ပေမယ့်​ ကံကြမ္မာက မျက်​နှာသာ မ​ပေး။ နိုင်​ငံကို ၁၇နှစ်​ပဲ ထိမ်းနိုင်​ခဲ့တယ်​။ ပဲဖြူ နတ်​ရွာ စံသွား​တော့ ​ဝေသာလီဟာ အိမ်​​ထောင်​ဦးစီး မရှိတဲ့ မုဆိုးမ အိမ်​လို ဖြစ်​သွားခဲ့တယ်​။ ဒါကို အခွင့်​​ကောင်းယူပြီး

* ​မေတ္တယျ ရုပ်​တု၊ 
ရွှေဆင်းတု ​ပြောင်​​ပြောင်​၊
အ​တောင်​ ရှစ်​ဆယ်​၊ 
ကြီးကျယ်​ နှင့်​နှင့်​၊ 
လွှားလွှား မြင့်​ကို၊ 
ဖိုကျင့်​ ထိုး၍၊ 
ရ​သေ့မြို့ အားလုံး၊
ယူကြသုံးသဖြင့်​၊ သုဉ်းဖူးသည်​ တဝ...
(ရာ​ဇောဝါဒကျမ်း)
(ဦးဖိုးကျား​ခေတ်​မီရာဇဝင်​ pdf၌လည်းကြည့်​)

* ​အောက်​သားနဲ့ သျှမ်း​တွေ ဝင်​​ရောက်​ကျူး​ကျော်​လာကြတယ်​။ (မြို့တည်​ခန်း၊​ပေမူ၊ ဝါချပ်​)

* သျှမ်း(နန်​​ကျောင်း)​တွေက ရမ်းဗြဲကို လာသိမ်းတယ်​၊ လူ​တွေကို စစ်​ကိုင်းသို့ ဖမ်းယူသွားတယ်​။ 
*သံတွဲကို မွန်​​တွေ လာသိမ်းတယ်​၊ (ရခိုင်​ရာဇဝင်​သစ်​၊ပ၊၃၀၄) 

ဓားပြ ဝင်​တိုက်​သလို​ပေါ့။ ရခိုင်​ကို ကျွန်​ပြုဖို့ ကြိုးစားကြ​ပေမယ့်​ ရခိုင်​ရိုးမ​ကြောင့်​ တာရှည်​ ချုပ်​ကိုင်​လို့ မရကြဘူး။

ရခိုင်​ကလည်း ​နောက်​မင်းဆက်​ တခုကို ထူ​ထောင်​ဖို့ ကြိုးစားတယ်​။ 

* အ​နော်​ရထာ ​ရောက်​လာတယ်​။ မဟာမုနိသိမ်​ကို ဖျက်​ပြီး ဘုရားကို ပင့်​ယူဖို့ ကြိုးစားကြတယ်​။ မရဘူး။ ဖိုထိုးပြီး ဖျက်​ဆီးတယ်​။ ​ပေါင်​သား​တော်​၊ ​ကြောသား​တော်​​တွေ ​ပျော်​ကျသွားတယ်​။( မဟာမုနိသမိုင်း၊​မောက်​​တော်​ဧခြင်း.၁၇)
ပြီး​တော့.. နဖူးသင်းကျစ်​​တော်​ဓာတ်​ကို ​ဖောက်​ကြတယ်​။ ရခိုင်​က သင်းကျစ်​​တော်​ဓာတ်​အတု တဆူ ​ပေးလိုက်​ရတယ်​။ ထိုသင်းကျစ်​​တော်​ဓာတ်​ကို ပုဂံ​ရွှေစည်းခုံမှာ ဌာပနာ တည်​ပြီး ကိုးကွယ်​ကြတယ်​။(ရခိုင်​ရာဇဝင်​သစ်​၊ပ၊၃၁၃/မှန်​နန်း/
ပုဂံမင်းဆက်​၊၂၅၇) 

* ရခိုင်​မှာ နန်းတွင်း အာဏာ လုမှုဖြစ်​လာတယ်​။ မင်းသား မင်းရဲဘယက ပုဂံကို ထွက်​​ပြေးသွားတယ်​။ အ​လောင်းစည်​သူကြီးက ​မင်းရဲဘယရဲ့သားတော်​ လက်ျာမင်းနန်​ကို နန်းတင်​​ပေးဖို့လာစဉ်​ မဟာမုနိဘုရားကို ဒုတိယအကြိမ်​ ဖိုထိုးပြီး ဖျက်​ဆီးပစ်​လို့ မဟာမုနိအစစ်​မှာ အစအန ရှာမရ​အောင်​ထိ ​ပျောက်​ကွယ်​သွားခဲ့ရပါတယ်​။(မဟာမုနိသမိုင်း/ ရခိုင်​ရာဇဝင်​သစ်​၊ပ၊၃၃၉)။ 

* ဘိုး​တော်​ဘုရားတို့ ပင့်​သွားတဲ့ မဟာမုနိမှာ...
လက်ျာမင်းနန်​​နောက်​ ၇ဆက်​​မြောက်​ ဒဿရာဇာမင်းက ​ချောင်းထဲမှ ပင့်​​ဆောင်​ပြီး ကိုးကွယ်​ခဲ့တဲ့ ဘုရားသာ ဖြစ်​တယ်​။ 
အစစ်​လည်း ဖြစ်​နိုင်​သလို..
နောက်​တဆူလည်း ဖြစ်​​ကောင်း ဖြစ်​နိုင်​ပါတယ်​။

*ရခိုင်​ကို ဘိုး​တော်​ ဘုရားတို့ လာသိမ်းချိန်​မှားလည်း ဘုရားဆင်းတု​တော်​​တွေ ​မြောက်​များစွာ ဖျက်​ဆီးခံခဲ့ရတယ်​။ ပင့်​ယူသွားတာ ခံခဲ့ရတယ်​။ 

အင်္ဂလိပ်​​တွေလည်း အ​မြောက်​လုပ်​ဖို့ ဖျက်​ဆီး ခဲ့ကြပါတယ်​။ 

* ပုံမှာ မြင်​ရတဲ့ ဆင်းတု​တော်​က ထို ဖျက်​ဆီးခံခဲ့ရတဲ့ ဆင်းတု​တော်​​ပေါင်း များစွာထဲမှ တစ်​ဆူ ဖြစ်​ပါတယ်​။ မသာမာသူ​တွေရဲ့ လက်​ချက်​​ကြောင့်​ ဦး​တော်​ တလုံးသာ ကျန်​ရစ်​ခဲ့ပါတယ်​။ 
ထိုဦး​တော်​(​ခေါင်း)အပိုင်းရဲ့ ခန္ဓာ​အောက်​ပိုင်းကို လက်​​ကောက်​​ဈေး ဆရာ​တော်​ကြီးက အသစ်​သွန်းလုပ်​ကာ ဓမ္မာရုံ တခုဖြင့်​ တည်​ထား ပူ​ဇော်​ထားတာ ဖြစ်​တယ်​။

ဉာဏ်​​တော်​ အမြင့်​ ၅​တောင်​ခန့်​ ရှိပါလိမ့်​မယ်​။

အလွန်​ထူးဆန်းပါတယ်​။ 
နား​ ၂ပေါက်​နဲ့ နှာ​ခေါင်း ၂​ပေါက်​ကို ထုတ်​ချင်း​ဖောက်​ကာ သွန်းလုပ်​ထားတဲ့ ဆင်းတု ဖြစ်​ပါတယ်​။
ပြီး​တော့... မျက်​နှာ​တော်​ တခုလုံး အိန္ဒိယ​သွေးသား​တွေ ဖုံးလွှမ်း​နေတယ်​။ မန္တ​လေး မဟာမုနိထက်​​တောင်​ ပို့လို့ အိန္ဒိယဆန်​တယ်​။ အလွန်​​ရှေးကျတဲ့ လက်​ရာ တခု ဆိုတာကို သမိုင်းရုပ်​ကြွင်းကို ​လေ့လာဖူးသူတိုင်​ သိနိုင်​ပါတယ်​၊ အလွန့်​အလွန်​လည်း အံ့သြစရာ ​ကောင်းလှပါတယ်​။

ဗန္ဓုလ(စန္ဒမုနိဘုရားကြီး)​ကျောင်​က စန္ဒမုနိဘုရားထက်​​တောင်​ ​ရှေးကျတဲ့ လက်​ရာ တခုဖြစ်​ပါတယ်​။

မဟာမုနိ အစစ်​မဟုတ်​​တောင်​မှ 
ရှင်​​ကျော်​၊ ရှင်​​ချေ၊ 
သို့မဟုတ်
သူရိယစက္ကမင်းကြီးရဲ့ မုနိ ၅ဆူမှ တဆူ ဖြစ်​​ကောင်း ဖြစ်​နိုင်​ပါ​ကြောင်း..... 

မှတ်​ချက်​။ 
Credit, kaung san wai 
ဓာတ်​ပုံ,သျှင်​ထွီးညို ပို့​ပေးသည်​။
အပြင်​မှာနှင့်​ ဓာတ်​ပုံ အမြင်​ နည်းနည်း ကွာခြားသည်​။
















Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)